YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 21

21
ယု​ဒ​ဘု​ရင်​မ​နာ​ရှေ
(၆​ရာ၊ ၃၃:၁-၂၀)
1မ​နာ​ရှေ​သည် အ​သက်​တစ်​ဆယ်​နှစ်​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ငါး​ဆယ်​ငါး​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဟ​ဇ္ဇိ​ဘ​အ​မည်​ရှိ၏။ 2ထို​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ထုံး​စံ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။#ယေ၊ ၁၅:၄။ 3ခ​မည်း​တော်​ဟေ​ဇ​ကိ ဖျက်​ဆီး​သော​ကုန်း​တို့​ကို ပြု​ပြင်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အာ​ဟပ်​ပြု​သ​ကဲ့​သို့ ဗာ​လ​အ​ဖို့ ယဇ်​ပ​လ္လင်​တို့​ကို​တည်၏။ အာ​ရှ​ရ​ပင်​ကို​လည်း ပြု​စု၏။ မိုး​ကောင်း​ကင်​တန်​ဆာ​များ​ကို​လည်း ဝတ်​ပြု​ကိုး​ကွယ်၏။ 4ယေ​ရု​ရှ​လင်​မြို့၌ ငါ့​နာ​မ​ကို​ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​မြို့၊ ဗိ​မာန်​တော်၌ ယဇ်​ပ​လ္လင်​တည်း​ဟူ​သော၊#၂​ရာ၊ ၇:၁၃။ 5ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ရပ်​တွင် မိုး​ကောင်း​ကင်​တန်​ဆာ​များ​အ​ဖို့ ယဇ်​ပ​လ္လင်​တို့​ကို တည်၏။ 6မိ​မိ​သား​ကို မီး​ဖြင့်​ပူ​ဇော်၏။ ကာ​လ​ဗေ​ဒင်​ကို ကြည့်​တတ်၏။ ပြု​စား​သော​အ​တတ်​ကို​သုံး​ဆောင်၍ စုန်း​နှင့် နတ်​ဝင်​တို့​ကို​လည်း အ​ခွင့်​ပေး၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌ များ​စွာ​သော​ဒု​စ​ရိုက်​ကို​ပြု၏။ 7ဤ​ဗိ​မာန်၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ ငါ့​နာ​မ​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့် သား​တော်​ရှော​လ​မုန်​အား မိန့်​တော်​မူ​ရာ၌၊ ရည်​ဆောင်​သော ဗိ​မာန်​တော်​ထဲ​မှာ မိ​မိ​ပြု​စု​သော အာ​ရှ​ရ​ပင်​နှင့်​တူ​အောင် လုပ်​သော​ရုပ်​တု​ကို တင်​ထား၏။#၃​ရာ၊ ၉:၃-၅။ ၆​ရာ၊ ၇:၁၂-၁၈။ 8ငါ​မှာ​ထား​သ​မျှ​အ​တိုင်း ငါ့​ကျွန်​မော​ရှေ​မှာ​ထား​သ​မျှ​သော​တ​ရား​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျင့်​ခြင်း​ငှာ စောင့်​ရှောက်​လျှင်၊ သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်​မှ သူ​တို့​ကို နောက်​တစ်​ဖန်​ငါ​မ​ရွှေ့​မ​ပြောင်း​စေ​ဟု မိန့်​တော်​မူ​သော်​လည်း၊ 9သူ​တို့​သည် နား​မ​ထောင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​သော လူ​မျိုး​တို့​ပြု​သည်​ထက် သာ၍ ဒု​စ​ရိုက်​ကို​ပြု​စေ​ခြင်း​ငှာ မ​နာ​ရှေ​သည် သွေး​ဆောင်​လေ၏။
10ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ပ​ရော​ဖက်​တို့​ဖြင့် မိန့်​တော်​မူ​သည်​ကား၊ 11ယု​ဒ​ရှင်​ဘု​ရင်​မ​နာ​ရှေ​သည် သူ့​ရှေ့​မှာ​ဖြစ်​ဖူး​သော အာ​မော​ရိ​လူ​တို့​ပြု​သ​မျှ​ထက် သာ၍​ရွံ​ရှာ​ဖွယ်​သော ဤ​ဒု​စ​ရိုက်​တို့​ကို ပြု​သော​ကြောင့်​လည်း​ကောင်း၊ မိ​မိ​ရုပ်​တု​ဆင်း​တု​အား​ဖြင့် ယု​ဒ​အ​မျိုး​ကို ပြစ်​မှား​စေ​သော​ကြောင့်​လည်း​ကောင်း၊ 12ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သ​တင်း​ကြား​သော​သူ​တိုင်း နား​နှစ်​ဖက်​ခါး​စေ​ခြင်း​ငှာ ငါ​သည် ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ​ပြည်၌ ဘေး​ရောက်​စေ​မည်။ 13ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ ရှ​မာ​ရိ​မျဉ်း​ကြိုး​နှင့် အာ​ဟပ်​အ​မျိုး၏​ချိန်​ကြိုး​ကို ငါ​တန်း​ချ​မည်။ ပန်း​ကန်​ကို​သုတ်၍ သုတ်​ပြီး​မှ​မှောက်​ထား​သ​ကဲ့​သို့ ယေ​ရု​ရှ​လင်​မြို့​ကို ငါ​ပြု​မည်။ 14ကျန်​ကြွင်း​သော ငါ့​အ​မွေ​လူ​တို့​ကို ငါ​စွန့်၍ ရန်​သူ​လက်​သို့​အပ်​သ​ဖြင့်၊ သူ​တို့​သည် ရန်​သူ​အ​ပေါင်း​တို့၏ လု​ယက်​နှိပ်​စက်​ရာ ဖြစ်​ကြ​လိမ့်​မည်။ 15အ​ကြောင်း​မူ​ကား ဘိုး​ဘေး​တို့​သည် အဲ​ဂု​တ္တု​ပြည်​က ထွက်​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် အ​စဉ်​အ​ဆက်​တို့​သည် ငါ့​ရှေ့​မှာ ဒု​စ​ရိုက်​ကို​ပြု၍ ငါ့​အ​မျက်​ကို​နှိုး​ဆော်​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။
16မ​နာ​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ယု​ဒ​အ​မျိုး​ကို​ပြစ်​မှား​စေ​သော အ​ပြစ်​မှ​တစ်​ပါး အ​ပြစ်​မ​ရှိ​သော သူ​အ​များ​တို့​ကို​သတ်၍ ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် သူ​တို့​အ​သွေး​နှင့် ပြည့်​စေ​ခြင်း​ငှာ​ပြု၏။ 17မ​နာ​ရှေ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​နှင့် ပြစ်​မှား​သော အ​ပြစ်​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 18မ​နာ​ရှေ​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ ဩ​ဇ​ဥ​ယျာဉ်​တည်း​ဟူ​သော မိ​မိ​အိမ်​နှင့်​ဆိုင်​သော ဥ​ယျာဉ်၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​အာ​မုန်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။
ယု​ဒ​ဘု​ရင်​အာ​မုန်
(၆​ရာ၊ ၃၃:၂၁-၂၅)
19အာ​မုန်​သည် အ​သက်​နှစ်​ဆယ်​နှစ်​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ နှစ်​နှစ်​စိုး​စံ​လေ၏။ မယ်​တော်​ကား ယု​ပ္ဘါ​မြို့​သူ ဟာ​ရုပ်​သ​မီး မေ​ရှု​လ​မက်​အ​မည်​ရှိ၏။ 20ထို​မင်း​သည် ခ​မည်း​တော်​မ​နာ​ရှေ​ပြု​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ 21ခ​မည်း​တော်​လိုက်​သ​မျှ​သော​လမ်း​သို့ လိုက်၏။ ခ​မည်း​တော်​ဝတ်​ပြု​သော ရုပ်​တု​ဆင်း​တု​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်၏။ 22ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍ ထာ​ဝ​ရ​ဘု​ရား၏ လမ်း​တော်​ကို လွှဲ​ရှောင်၏။ 23မိ​မိ​ကျွန်​တို့​သည် သင်း​ဖွဲ့၍ ရှင်​ဘု​ရင်​ကို နန်း​တော်၌ လုပ်​ကြံ​ကြ၏။ 24အာ​မုန်​မင်း​ကြီး​တစ်​ဖက်၌ သင်း​ဖွဲ့​သော​သူ​အ​ပေါင်း​တို့​ကို ပြည်​သူ​ပြည်​သား​တို့​သည် ကွပ်​မျက်၍ သား​တော်​ယော​ရှိ​ကို ခ​မည်း​တော်​အ​ရာ၌ နန်း​တင်​ကြ၏။ 25အာ​မုန်​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ 26ဩ​ဇ​ဥ​ယျာဉ်​တွင် မိ​မိ​သင်္ချိုင်း​တွင်း၌ သင်္ဂြိုဟ်​ခြင်း​ကို​ခံ၍၊ သား​တော်​ယော​ရှိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

လက်ရှိရွေးချယ်ထားမှု

၄ ဓမ္မရာဇဝင် 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ