YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 22

22
ယု​ဒ​ဘု​ရင်​ယော​ရှိ
(၆​ရာ၊ ၃၄:၁-၂)
1ယော​ရှိ​သည် အ​သက်​ရှစ်​နှစ်​ရှိ​သော် နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ဗော​ဇ​ကတ်​မြို့​သား အ​ဒါ​ယ၏​သ​မီး ယေ​ဒိ​ဒ​အ​မည်​ရှိ၏။#ယေ၊ ၃:၆။ 2ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တ​ရား​သော​အ​မှု​ကို​ပြု၍ လက်​ယာ​ဘက်​လက်​ဝဲ​ဘက်​သို့​မ​လွှဲ၊ အ​ဘ​ဒါ​ဝိဒ်​လိုက်​သ​မျှ​သော​လမ်း​သို့ လိုက်​လေ၏။
ပ​ည​တ္တိ​ကျမ်း​စာ​စောင်​ကို​တွေ့​ရှိ​ခြင်း
(၆​ရာ၊ ၃၄:၈-၂၈)
3ယော​ရှိ​မင်း​ကြီး နန်း​စံ​ဆယ်​ရှစ်​နှစ်​တွင်၊ မေ​ရှု​လံ​သား​ဖြစ်​သော အာ​ဇ​လိ၏​သား စာ​ရေး​တော်​ရှာ​ဖန်​ကို​ခေါ်၍ သင်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ​ထံ​သို့ သွား​လော့။ 4ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့၍ လူ​များ​လက်​မှ တံ​ခါး​စောင့်​ခံ​ယူ​သော ငွေ​ကို ယဇ်​ပု​ရော​ဟိတ်​မင်း​ရေ​တွက်​သ​ဖြင့်၊ 5ဗိ​မာန်​တော်​အုပ်၊ အ​မှု​တော်​စောင့်​တို့၌​အပ်၍၊ ဗိ​မာန်​တော်​ပြို​ပျက်​ရာ​ကို ပြု​ပြင်​ခြင်း​ငှာ လုပ်​ဆောင်​သော​သူ၊ 6လက်​သ​မား​နှင့် ပန်း​ရန်​သ​မား​လုပ်​သည်​အ​တွက်၊ ဗိ​မာန်​တော်​ပြု​ပြင်​စ​ရာ​ကျောက်​နှင့် သစ်​သား​ကို​ဝယ်​သည်​အ​တွက် ဝေ​ပေး​ရ​မည်​အ​ကြောင်း​မှာ​ထား၍ ဗိ​မာန်​တော်​သို့ စေ​လွှတ်​တော်​မူ၏။ 7သို့​ရာ​တွင် ထို​ငွေ​ကို လက်​ခံ​သော​သူ​တို့​သည် သ​စ္စာ​စောင့်​သော​သူ​ဖြစ်​သော​ကြောင့် စာ​ရင်း​မ​ပေး​ရ​ကြ။#၄​ရာ၊ ၁၂:၁၅။
8ယဇ်​ပု​ရော​ဟိတ်​မင်း ဟိ​လ​ခိ​က​လည်း၊ ပ​ည​တ္တိ​ကျမ်း​စာ​စောင်​ကို ဗိ​မာန်​တော်၌ ငါ​တွေ့​ပြီ​ဟု စာ​ရေး​တော်​ရှာ​ဖန်​အား ဆို​လျက်၊ ကျမ်း​စာ​ကို​အပ်၍ စာ​ရေး​တော်​ဖတ်၏။ 9တစ်​ဖန် စာ​ရေး​တော်​ရှာ​ဖန်​သည် ရှင်​ဘု​ရင်​ထံ​သို့​သွား၍၊ ကိုယ်​တော်​ကျွန်​တို့​သည် ဗိ​မာန်​တော်၌ တွေ့​သော​ငွေ​ကို မှုတ်​ပြီး​မှ၊ ဗိ​မာန်​တော်​အုပ်၊ အ​မှု​တော်​စောင့်​တို့၌ အပ်​ပါ​ပြီ​ဟူ၍​လည်း​ကောင်း၊ 10ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ​သည် ကျွန်​တော်၌ စာ​စောင်​ကို အပ်​ပါ​ပြီ​ဟူ၍​လည်း​ကောင်း ကြား​လျှောက်​လျက်၊ ရှင်​ဘု​ရင်​ရှေ့​တော်၌ ဖတ်​ရွတ်​လေ၏။ 11ရှင်​ဘု​ရင်​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို​ကြား​လျှင်၊ မိ​မိ​အ​ဝတ်​ကို ဆုတ်၍၊ 12ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ၊ ရှာ​ဖန်​သား​အ​ဟိ​ကံ၊ မိ​က္ခာ​သား​အာ​ခ​ဗော်၊ စာ​ရေး​တော်​ရှာ​ဖန်၊ မိ​မိ​ကျွန်​အ​သ​ဟိ​ကို​ခေါ်၍၊ 13ယ​ခု​တွေ့​သော ကျမ်း​စ​ကား​ကြောင့် ငါ့​အ​တွက်၊ လူ​များ​အ​တွက်၊ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား၌ မေး​လျှောက်​ကြ​ပါ။ ငါ​တို့​အ​ဖို့ ဤ​ကျမ်း​စာ၌ ရေး​ထား​သ​မျှ​သော​စ​ကား​တို့​ကို ဘိုး​ဘေး​တို့​သည် နား​မ​ထောင်​မ​ကျင့်​ဘဲ နေ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ 14ထို​ကာ​လ​တွင်၊ ဟ​ရ​ဟတ်​သား​ဖြစ်​သော တိ​က​ဝ၏​သား၊ အ​ချုပ်​ဝန်​ရှ​လ္လုံ၏​မ​ယား၊ ပ​ရော​ဖက်​မ​ဟု​လ​ဒ​သည် ယေ​ရု​ရှ​လင်​ပြင်​မြို့၌​နေ​သည် ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ် ဟိ​လ​ခိ၊ အ​ဟိ​ကံ၊ အာ​ခ​ဗော်၊ ရှာ​ဖန်၊ အ​သ​ဟိ​တို့​သည် ထို​မိန်း​မ​ထံ​သို့​သွား၍ ပြော​ဆို​ကြ၏။ 15မိန်း​မ​က​လည်း၊ ငါ့​ထံ​သို့​စေ​လွှတ်​သော​သူ​ထံ​သို့ သင်​တို့​ပြန်၍​ဆင့်​ဆို​ရ​သော ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ဟူ​မူ​ကား၊ 16ယု​ဒ​ရှင်​ဘု​ရင်​ဖတ်​သော ကျမ်း​စ​ကား​လာ​သ​မျှ​အ​တိုင်း ငါ​သည် ဤ​အ​ရပ်၌​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့၌​လည်း​ကောင်း၊ ဘေး​ရောက်​စေ​မည်။ 17အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို​စွန့်​ကြ​ပြီ။ မိ​မိ​လုပ်​သော​အ​ရာ​တို့​ဖြင့် ငါ့​အ​မျက်​ကို​နှိုး​ဆော်​ခြင်း​ငှာ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​ပြီ။ ထို​ကြောင့် ဤ​အ​ရပ်၌ ငါ့​အ​မျက်​မီး​သည် မ​ငြိမ်း​ဘဲ​လောင်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ 18ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​စေ​ခြင်း​ငှာ သင်​တို့​ကို​စေ​လွှတ်​သော ယု​ဒ​ရှင်​ဘု​ရင်​ကြား​သော ကျမ်း​စ​ကား​ကို​ရည်​ဆောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​ကို ထို​ရှင်​ဘု​ရင်​အား တစ်​ဖန် ပြန်​လျှောက်​ရ​မည်​ကား၊ 19ဤ​အ​ရပ်​သား​တို့​သည် ဖျက်​ဆီး​ရာ​နှင့် ကျိန်​ဆဲ​ရာ​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု ဤ​အ​ရပ်​ကို​လည်း​ကောင်း၊ ဤ​အ​ရပ်​သား​တို့​ကို​လည်း​ကောင်း၊ ငါ​ခြိမ်း​ခြောက်​သော​စ​ကား​ကို သင်​သည် ကြား​သော​အ​ခါ၊ နူး​ညံ့​သော​စိတ်​ရှိ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​ကို​နှိမ့်​ချ​ခြင်း၊ ကိုယ်​အ​ဝတ်​ကို​ဆုတ်​ခြင်း၊ ငါ့​ရှေ့​မှာ ငို​ကြွေး​ခြင်း​ကို​ပြု​သော​ကြောင့် သင့်​စ​ကား​ကို ငါ​နား​ထောင်၏။ 20ငါ​သည်​သင့်​ကို ဘိုး​ဘေး​စု​ဝေး​ရာ​သို့​ပို့​ဆောင်၍၊ သင်​သည် ငြိမ်​ဝပ်​စွာ​သင်္ချိုင်း​သို့​ရောက်​ရ​လိမ့်​မည်။ ဤ​အ​ရပ်၌ ငါ​ရောက်​စေ​အံ့​သော​ဘေး​ကို သင့်​ကိုယ်​တိုင်​မ​တွေ့​မ​မြင်​ရ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​သည်​အ​တိုင်း သူ​တို့​သည် ရှင်​ဘု​ရင်​အား ပြန်​လျှောက်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

၄ ဓမ္မရာဇဝင် 22: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ