YouVersion လိုဂို
ရှာရန် အိုင်ကွန်

၃ ဓမ္မရာဇဝင် 1

1
ဒါ​ဝိဒ်​မင်း​ကြီးအို​မင်း​မ​စွမ်း​ရှိ​ချိန်
1ဒါ​ဝိဒ်​မင်း​ကြီး​သည် အ​သက်​ကြီး​ရင့်၍ အို​သော​အ​ခါ အ​ဝတ်​ခြုံ၍ မ​နွေး​နိုင်။ 2သို့​ဖြစ်၍ ကျွန်​တို့​က၊ အ​သက်​ပျို​သော​က​ညာ​ကို အ​ရှင်​မင်း​ကြီး​အ​ဖို့ ရှာ​ပါ​ရ​စေ။ သူ​သည် မင်း​ကြီး​ကို​ခ​စား၍ ပြု​စု​ပါ​စေ။ အ​ရှင်​မင်း​ကြီး​ကို နွေး​စေ​ခြင်း​ငှာ ရင်​ခွင်​တော်၌​အိပ်​ပါ​စေ​ဟု လျှောက်​ကြ၏။ 3ထို​သို့​နှင့်​အ​ညီ အ​ဆင်း​လှ​သော​အ​ပျို​မ​ကို ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​လုံး​တွင်​ရှာ၍၊ ရှု​နင်​မြို့​သူ​အ​ဘိ​ရှက်​ကို​တွေ့​သ​ဖြင့် အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ 4ထို​မိန်း​မ​သည် အ​လွန်​အ​ဆင်း​လှ၏။ ရှင်​ဘု​ရင်​ကို​လည်း လုပ်​ကျွေး​ပြု​စု​လေ၏။ သို့​ရာ​တွင် ရှင်​ဘု​ရင်​သိမ်း​တော်​မ​မူ။
ထီး​နန်း​သိမ်း​ပိုက်​ရန်​အ​ဒေါ​နိ​ယ​ကြိုး​စား​ခြင်း
5ထို​နောက် ဟ​ဂ္ဂိတ်​သား အ​ဒေါ​နိ​ယ​သည် ရှင်​ဘု​ရင်​လုပ်​မည်​ဟု အ​ကြံ​ရှိ​လျက်၊ ကိုယ်​ကို​ချီး​မြှောက်၍ ရ​ထား​များ​နှင့် မြင်း​များ​ကို​လည်း​ကောင်း၊ မိ​မိ​ရှေ့၌​ပြေး​ရ​သော လူ​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ပြင်​ဆင်​လေ၏။ 6ခ​မည်း​တော်​က၊ သင်​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု သူ့​စိတ်​နာ​အောင် တစ်​ခါ​မျှ​မ​ပြော​စ​ဖူး။ ထို​သူ​သည် အ​ဆင်း​လည်း အ​လွန်​လှ၏။#၂​ရာ၊ ၃:၄။ 7အ​ဗ​ရှ​လုံ​ညီ​လည်း ဖြစ်၏။ သူ​သည် ဇေ​ရု​ယာ​သား​ယွာ​ဘ၊ ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​နှင့်​တိုင်​ပင်၍ သူ​တို့​သည် အ​ဒေါ​နိ​ယ​ဘက်​မှာ နေ​ကြ၏။ 8ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ​သား ဗေ​နာ​ယ၊ ပ​ရော​ဖက်​နာ​သန်၊ ရှိ​မိ၊ ရေ​ဣ​အ​စ​ရှိ​သော ဒါ​ဝိဒ်၏​မှူး​ကြီး​မတ်​ကြီး​များ​မူ​ကား၊ အ​ဒေါ​နိ​ယ​ဘက်​သို့​မ​ဝင်​ကြ။ 9အ​ဒေါ​နိ​ယ​သည် အင်္ရော​ဂေ​လ​မြို့​နယ်​အ​တွင်း၊ ဇော​ဟေ​လက်​ကျောက်​နား​မှာ သိုး၊ နွား​မှ​စ၍ ဆူ​ဖြိုး​သော​အ​ကောင်​တို့​ကို သတ်​ပြီး​လျှင်၊ ရှင်​ဘု​ရင်​သား​မိ​မိ​ညီ​များ​နှင့် ရှင်​ဘု​ရင်၏​ကျွန် ယု​ဒ​လူ​များ​အ​ပေါင်း​တို့​ကို ခေါ်​ဖိတ်​လေ၏။ 10ပ​ရော​ဖက်​နာ​သန်၊ ဗေ​နာ​ယ၊ မှူး​ကြီး​မတ်​ကြီး​မှ​စ​သော ညီ​ရှော​လ​မုန်​ကို​ကား မ​ခေါ်​မ​ဖိတ်။
ရှော​လ​မုန်​ကို​မင်း​မြှောက်​ခြင်း
11ထို​အ​ခါ နာ​သန်​သည် ရှော​လ​မုန်​အ​မိ​ဗာ​သ​ရှေ​ဘ​ထံ​သို့​သွား၍၊ ဟ​ဂ္ဂိတ်၏​သား​အ​ဒေါ​နိ​ယ​သည် ရှင်​ဘု​ရင်​လုပ်​ကြောင်း​ကို ကြား​ပြီ​လော။ တို့​အ​ရှင်​ဒါ​ဝိဒ်​သည် မ​သိ​ပါ​တ​ကား။#၂​ရာ၊ ၁၂:၂၄။ 12ယ​ခု​မှာ သင်၏​အ​သက်​နှင့် ရှော​လ​မုန်၏​အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ ကျွန်ုပ်​သည် အ​ကြံ​ပေး​ပါ​ရ​စေ။ 13ဒါ​ဝိဒ်​မင်း​ကြီး​ထံ​တော်​သို့​ဝင်၍၊ အို​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​က သင်၏​သား​ရှော​လ​မုန်​သည် ငါ့​အ​ရာ၌​စိုး​စံ၍ နန်း​ထိုင်​ရ​မည်​ဟု ကိုယ်​တော်​ကျွန်​မ​အား ကျိန်​ဆို​တော်​မူ​ပြီ မ​ဟုတ်​လော။ သို့​ဖြစ်​လျှင် အ​ဒေါ​နိ​ယ​သည် အ​ဘယ်​ကြောင့် စိုး​စံ​ရ​ပါ​သ​နည်း​ဟု လျှောက်​လော့။ 14ထို​သို့​အ​ထံ​တော်၌ လျှောက်​စဉ်​တွင်၊ ကျွန်ုပ်​ဝင်၍ သင်၏​စ​ကား​ကို​ထောက်​မ​မည်​ဟု အ​ကြံ​ပေး​သည်​အ​တိုင်း၊ 15ဗာ​သ​ရှေ​ဘ​သည် ရှင်​ဘု​ရင်​ရှိ​ရာ အ​ခန်း​ထဲ​သို့​ဝင်​လေ၏။ ရှင်​ဘု​ရင်​သည် အ​လွန်​အို၍ ရှု​နင်​မြို့​သူ အ​ဘိ​ရှက်​သည် လုပ်​ကျွေး​လျက်​နေ၏။ 16ဗာ​သ​ရှေ​ဘ​သည် ဦး​ချ၍ ရှင်​ဘု​ရင်​အား​ရှိ​ခိုး​လျှင်၊ ရှင်​ဘု​ရင်​က အ​ဘယ်​အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ၏။ 17ဗာ​သ​ရှေ​ဘ​က​လည်း၊ ကျွန်​မ​သ​ခင်၊ ကိုယ်​တော်​က သင်၏​သား​ရှော​လ​မုန်​သည် ငါ့​အ​ရာ၌​စိုး​စံ၍ နန်း​ထိုင်​ရ​မည်​ဟု ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကိုယ်​တော်​ကျွန်​မ​အား​ကျိန်​ဆို​တော်​မူ​ပြီ။ 18ယ​ခု​မှာ အ​ဒေါ​နိ​ယ​သည် စိုး​စံ​ပါ၏။ ကိုယ်​တော်​အ​ရှင်​မင်း​ကြီး​လည်း သိ​တော်​မ​မူ။ 19အ​ဒေါ​နိ​ယ​သည် သိုး​နွား​မှ​စ၍ ဆူ​ဖြိုး​သော​အ​ကောင်​များ​တို့​ကို သတ်​ပြီး​လျှင်၊ မင်း​ကြီး၏​သား​တော်​အ​ပေါင်း​တို့​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ၊ ဗိုလ်​ချုပ်​မင်း​ယွာ​ဘ​တို့​ကို ခေါ်​ဖိတ်​ပါ၏။ ကိုယ်​တော်​ကျွန် ရှော​လ​မုန်​ကို​ကား မ​ခေါ်​မ​ဖိတ်​ပါ။ 20အို​အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​အ​ရှင်​မင်း​ကြီး၏​အ​ရာ၌​စိုး​စံ၍ အ​ဘယ်​သူ​သည်​နန်း​ထိုင်​ရ​မည်​ကို မိန့်​တော်​မူ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မျှော်​ကြည့်​လျက် နေ​ကြ​ပါ၏။ 21သို့​မ​ဟုတ် ကျွန်​မ​အ​ရှင်​မင်း​ကြီး​သည် ဘိုး​တော် ဘေး​တော်​တို့​နှင့်​အ​တူ ကျိန်း​စက်​တော်​မူ​သော​အ​ခါ၊ ကျွန်​တော်​မ​နှင့် သား​ရှော​လ​မုန်​သည် ရာ​ဇ​ဝတ်​ခံ​ရ​သော​သူ​ဖြစ်​ပါ​လိမ့်​မည်​ဟု လျှောက်​လေ၏။ 22ထို​သို့ အ​ထံ​တော်၌​လျှောက်​စဉ်​တွင်၊ ပ​ရော​ဖက်​နာ​သန်​သည်​ဝင်​လျှင် ပ​ရော​ဖက်​နာ​သန်​လာ​ပါ​သည်​ဟု လျှောက်​ကြ၏။ 23နာ​သန်​သည်​လည်း ရှေ့​တော်​သို့ ရောက်​သော​အ​ခါ ဦး​ချ​ပျပ်​ဝပ်​လျက်၊ 24အို​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​က ငါ့​အ​ရာ၌ အ​ဒေါ​နိ​ယ​စိုး​စံ၍ နန်း​ထိုင်​ရ​မည်​ဟု မိန့်​တော်​မူ​သ​လော။ 25သူ​သည် ယ​နေ့​ဆင်း​သွား၍၊ ဆူ​ဖြိုး​သော သိုး​နွား​များ​တို့​ကို​သတ်​ပြီး​လျှင် မင်း​ကြီး၏​သား​တော်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ဗိုလ်​များ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ဗျာ​သာ​ကို​လည်း​ကောင်း ခေါ်​ဖိတ်​ပါ​ပြီ။ သူ​တို့​သည် အ​ဒေါ​နိ​ယ​ရှေ့​မှာ စား​သောက်​လျက်၊ အ​ဒေါ​နိ​ယ​မင်း​ကြီး​သည် အ​သက်​ရှင်​စေ​သ​တည်း​ဟု ကြွေး​ကြော်​လျက် ယ​ခု​ရှိ​ကြ​ပါ၏။ 26ကိုယ်​တော်​ကျွန်​အ​ကျွန်ုပ်၊ ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်၊ ယော​ယ​ဒ​သား​ဗေ​နာ​ယ၊ ကိုယ်​တော်​ကျွန် ရှော​လ​မုန်​တို့​ကို​ကား မ​ခေါ်​မ​ဖိတ်​ပါ။ 27အ​ရှင်​မင်း​ကြီး၏​အ​ရာ၌ အ​ဘယ်​သူ​နန်း​ထိုင်​ရ​မည်​ကို ကိုယ်​တော်​ကျွန်​အား ပြ​တော်​မ​မူ​ဘဲ ဤ​အ​မှု​ကို အ​ရှင်​မင်း​ကြီး​စီ​ရင်​တော်​မူ​ပြီ​လော​ဟု လျှောက်၏။
28ထို​အ​ခါ ဒါ​ဝိဒ်​မင်း​ကြီး​က၊ ဗာ​သ​ရှေ​ဘ​ကို ခေါ်​ခဲ့​ပါ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဗာ​သ​ရှေ​ဘ​သည်​လာ၍ ရှေ့​တော်၌ ရပ်​နေ၏။ 29ရှင်​ဘု​ရင်​က​လည်း၊ ငါ့​အ​သက်​ဝိ​ညာဉ်​ကို ခပ်​သိမ်း​သော​ဒု​က္ခ​ထဲ​က ကယ်​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ 30သင်၏​သား​ရှော​လ​မုန်​သည် ငါ့​အ​ရာ၌​စိုး​စံ၍ ငါ့​ကိုယ်​စား​နန်း​ထိုင်​ရ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ငါ​တိုင်​တည်၍ သင့်​အား ကျိန်​ဆို​သည်​နှင့်​အ​ညီ ယ​နေ့​ငါ​ပြု​မည်​ဟု တစ်​ဖန် ကျိန်​ဆို​တော်​မူ၏။ 31ဗာ​သ​ရှေ​ဘ​သည် ဦး​ချ​ပျပ်​ဝပ်​လျက်၊ ရှင်​ဘု​ရင်​အား​ရှိ​ခိုး​လျက်၊ အ​ရှင်​ဒါ​ဝိဒ်​မင်း​ကြီး​သည် အ​သက်​တော်​အ​စဉ်​အ​မြဲ​ရှင်​စေ​သ​တည်း​ဟု မြွက်​ဆို၏။ 32ဒါ​ဝိဒ်​မင်း​ကြီး​က​လည်း၊ ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်၊ ပ​ရော​ဖက် နာ​သန်၊ ယော​ယ​ဒ​သား ဗေ​နာ​ယ​တို့​ကို​ခေါ်​ခဲ့​ပါ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည်​ရှေ့​တော်​သို့ ဝင်​လာ​ကြ၏။ 33ရှင်​ဘု​ရင်​က​လည်း၊ သင်​တို့​အ​ရှင်၏​ကျွန်​များ​ကို ခေါ်၍ ငါ့​သား​ရှော​လ​မုန်​ကို ငါ၏​မြင်း​လား​တော်​ပေါ်​မှာ စီး​စေ​လျက်၊ ဂိ​ဟုန်​မြို့​သို့ ဆောင်​သွား​ကြ​လော့။ 34ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်​နှင့် ပ​ရော​ဖက်​နာ​သန်​သည် ထို​မြို့​မှာ ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ပြီး​လျှင်၊ တံ​ပိုး​မှုတ်၍ ရှော​လ​မုန်​မင်း​ကြီး​သည် အ​သက်​တော်​ရှင်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ​လော့။ 35ထို​နောက် သင်​တို့​လိုက်​လျက် ငါ့​သား​သည် လာ၍​နန်း​ထိုင်​ရ​မည်။ ငါ့​ကိုယ်​စား​ရှင် ဘု​ရင်​ဖြစ်​ရ​မည်။ ထို​သူ​ကို ဣ​သ​ရေ​လ​မင်း၊ ယု​ဒ​မင်း​အ​ရာ၌ ငါ​ခန့်​ထား​သည်​ဟု မိန့်​တော်​မူ၏။ 36ယော​ယ​ဒ​သား ဗေ​နာ​ယ​က အာ​မင်။ အ​ရှင်​မင်း​ကြီး​ကိုး​ကွယ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ထို​သို့​မိန့်​တော်​မူ​ပါ​စေ​သော။ 37ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး​ဘက်​မှာ ရှိ​တော်​မူ​သည်​နည်း​တူ ရှော​လ​မုန်​ဘက်​မှာ ရှိ​တော်​မူ​ပါ​စေ​သော။ အ​ရှင်​မင်း​ကြီး​ဒါ​ဝိဒ်၏ ရာ​ဇ​ပ​လ္လင်​ထက် သား​တော်၏​ရာ​ဇ​ပ​လ္လင်​သည် သာ၍​ဘုန်း​ကြီး​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​ပါ​စေ​သော​ဟု ရှင်​ဘု​ရင်​ကို ပြန်​လျှောက်​လေ၏။ 38ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ပ​ရော​ဖက်​နာ​သန်၊ ယော​ယ​ဒ​သား​ဗေ​နာ​ယ၊ ခေ​ရ​သိ​လူ၊ ပေ​လ​သိ​လူ​တို့​သည်​ထွက်၍ ရှော​လ​မုန်​ကို ဒါ​ဝိဒ်​မင်း​ကြီး၏ မြင်း​လား​ပေါ်​မှာ​စီး​စေ​လျက် ဂိ​ဟုန်​မြို့​သို့ ဆောင်​သွား​ကြ၏။ 39ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​သည် တဲ​တော်​ထဲ​က ဆီ​ဘူး​ကို​ယူ၍ ရှော​လ​မုန်​ကို ဘိ​သိက်​ပေး​ပြီး​မှ၊ သူ​တို့​သည် တံ​ပိုး​မှုတ်၍၊ ရှော​လ​မုန်​မင်း​ကြီး​သည် အ​သက်​တော်​ရှင်​စေ​သ​တည်း​ဟု လူ​အ​ပေါင်း​တို့​သည် ဟစ်​ကြော်​ကြ၏။ 40လူ​အ​ပေါင်း​တို့​သည် တီး​မှုတ်​လျက် နောက်​တော်​သို့​လိုက်၍၊ မြေ​ကြီး​ကွဲ​မ​တတ်​ရှိ​သည်​တိုင်​အောင် အ​လွန်​ဝမ်း​မြောက်​သော​အ​သံ​ကို ပြု​ကြ၏။
41အ​ဒေါ​နိ​ယ​နှင့် သူ၏​အ​ပေါင်း​အ​ဖော်​တို့​သည် စား​သောက်​ပွဲ​ပြီး​သော​အ​ခါ ထို​အ​သံ​ကို ကြား​ကြ၏။ တံ​ပိုး​မှုတ်​သံ​ကို ယွာ​ဘ​ကြား​လျှင်၊ တစ်​မြို့​လုံး​အုတ်​အုတ် ကျက်​ကျက်​ပြု​သံ​ကား၊ အ​ဘယ်​သို့​နည်း​ဟု​မေး​စဉ်​ပင်၊ 42ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ၏​သား ယော​န​သန်​သည်​လာ​လျှင်၊ အ​ဒေါ​နိ​ယ​က ဝင်​ပါ။ သင်​သည် လူ​ကောင်း​ဖြစ်၍၊ ကောင်း​သော​သ​တင်း​ကို ကြား​ပြော​လိမ့်​မည်​ဟု ဆို​လျှင်၊ 43ယော​န​သန်​က၊ အ​ကယ်​စင်​စစ် ငါ​တို့​အ​ရှင်​ဒါ​ဝိဒ်​မင်း​ကြီး​သည် ရှော​လ​မုန်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ပြီ။ 44ရှင်​ဘု​ရင်​သည်​လည်း ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ပ​ရော​ဖက်​နာ​သန်၊ ယော​ယ​ဒ​သား​ဗေ​နာ​ယ၊ ခေ​ရ​သိ​လူ၊ ပေ​လ​သိ​လူ​တို့​ကို ရှော​လ​မုန်​နှင့်​အ​တူ စေ​လွှတ်​တော်​မူ၍ မြင်း​လား​တော်​ပေါ်​မှာ စီး​စေ​ကြ​ပါ​ပြီ။ 45ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့် ပ​ရော​ဖက်​နာ​သန်​တို့​သည် ရှော​လ​မုန်​ကို ဂိ​ဟုန်​မြို့၌ ရာ​ဇ​ဘိ​သိက်​ပေး​ပါ​ပြီ။ ထို​မြို့​မှ ဝမ်း​မြောက်​စွာ​လာ​ပြန်၍၊ တစ်​မြို့​လုံး အုတ်​အုတ်​ကျက်​ကျက်​သော​အ​သံ​ကို ကိုယ်​တော်​ကြား​ရ​ပါ၏။ 46ရှော​လ​မုန်​သည်​လည်း ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​ပါ၏။ 47ရှင်​ဘု​ရင်၏​ကျွန်​တို့​သည်​လည်း တို့​အ​ရှင်​ဒါ​ဝိဒ်​မင်း​ကြီး​ကို ကောင်း​ချီး​ပေး​ခြင်း​ငှာ သွား၍ ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်၏​နာ​မ​ကို ခ​မည်း​တော်၏​နာ​မ​ထက် သာ၍​ချီး​မြှောက်​တော်​မူ​ပါ​စေ​သော။ သူ၏​ရာ​ဇ​ပ​လ္လင်​ကို ခ​မည်း​တော်၏ ရာ​ဇ​ပ​လ္လင်​ထက် သာ၍ ဘုန်း​ကြီး​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​ပါ​စေ​သော​ဟု လျှောက်​လျှင်၊ ရှင်​ဘု​ရင်​သည် သာ​လွန်​တော်​ပေါ်​မှာ​ဦး​ချ​လျက်၊ 48ငါ​သည် ကိုယ်​မျက်​စိ​နှင့်​မြင်​စေ​ခြင်း​ငှာ၊ ငါ့​နန်း​ပေါ်​မှာ ထိုင်​ရ​သော​သူ​ကို ယ​နေ့​ပေး​သ​နား​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ရှင်​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု မိန့်​တော်​မူ​ကြောင်း​ကို အ​ဒေါ​နိ​ယ​အား ပြန်​လျှောက်​လေ၏။ 49ထို​အ​ခါ အ​ဒေါ​နိ​ယ​နှင့် ပေါင်း​ဖော်​သော​သူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​သ​ဖြင့် ထ၍ တစ်​ယောက်​တ​ခြား​စီ သွား​ကြ၏။ 50အ​ဒေါ​နိ​ယ​သည်​လည်း ရှော​လ​မုန်​ကို​ကြောက်​သ​ဖြင့် ထ​သွား၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့​ကို ကိုင်​လျက်​နေ၏။ 51အ​ဒေါ​နိ​ယ​သည် ရှော​လ​မုန်​မင်း​ကြီး​ကို ကြောက်၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့​ကို ကိုင်​လျက်၊ ရှော​လ​မုန်​မင်း​ကြီး​သည် ကျွန်​တော်​ကို မ​ကွပ်​မျက်​မည်​အ​ကြောင်း ယ​နေ့​ကျိန်​ဆို​တော်​မူ​ပါ​စေ​ဟု ဆို​ကြောင်း​ကို ရှော​လ​မုန်​အား​လျှောက်​လေ​သော်၊ 52ရှော​လ​မုန်​က၊ သူ​သည်​လူ​ကောင်း​ဖြစ်​လျှင်၊ ဆံ​ခြည်​တစ်​ပင်​မျှ မြေ​သို့​မ​ကျ​ရ။ အ​ပြစ်​ရှိ​လျှင် အ​သေ​ခံ​ရ​မည်​ဟု​အ​မိန့်​တော်​ရှိ၍၊ 53လူ​ကို​စေ​လွှတ်​သ​ဖြင့်၊ အ​ဒေါ​နိ​ယ​ကို ယဇ်​ပ​လ္လင်​မှ ခေါ်​ခဲ့​သည်​အ​တိုင်း၊ သူ​သည်​လာ၍ ရှော​လ​မုန်​မင်း​ကြီး​ရှေ့​မှာ ဦး​ချ​လေ၏။ ရှော​လ​မုန်​က​လည်း၊ သင့်​အိမ်​သို့ သွား​လော့​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

၃ ဓမ္မရာဇဝင် 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ