YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 24

24
ဒါ​ဝိဒ်​မင်း​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​ခြင်း
(၅ ရာ၊ ၂၁:၁-၂၇)
1နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်​တော်​မူ​လျှင်၊ စာ​တန်​သည် ရန်​ဘက်​ပြု၍ ဣ​သ​ရေ​လ​လူ​နှင့် ယု​ဒ​လူ​တို့​ကို ရေ​တွက်​စေ​ခြင်း​ငှာ ဒါ​ဝိဒ်​ကို​တိုက်​တွန်း​လေ၏။ 2ရှင်​ဘု​ရင်​က​လည်း၊ လူ​ပေါင်း​မည်​မျှ​ရှိ​သည်​ကို ငါ​သိ​မည်​အ​ကြောင်း၊ ဒန်​မြို့​မှ​သည် ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ဣ​သ​ရေ​လ​ခ​ရိုင်​ရှိ​သ​မျှ​တို့​ကို လျှောက်​သွား၍၊ လူ​တို့​ကို​ရေ​တွက်​လော့​ဟု အ​ထံ​တော်၌​ရှိ​သော ဗိုလ်​ချုပ်​မင်း​ယွာ​ဘ​အား မိန့်​တော်​မူ၏။ 3ယွာ​ဘ​က​လည်း၊ ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် လူ​တို့​ကို​ထပ်၍ အ​ဆ​တစ်​ရာ တိုး​ပွား​စေ​သ​ဖြင့်၊ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​မြင်​မည်​အ​ကြောင်း ပြု​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​သည် ဤ​အ​မှု​ကို အ​ဘယ်​ကြောင့် နှစ်​သက်​တော်​မူ​သ​နည်း​ဟု ရှင်​ဘု​ရင်​အား​လျှောက်​လေ၏။ 4သို့​သော်​လည်း အ​မိန့်​တော်​သည် ယွာ​ဘ​စ​ကား​နှင့် ဗိုလ်​များ​စ​ကား​ကို​နိုင်​သ​ဖြင့်၊ ယွာ​ဘ​နှင့် ဗိုလ်​များ​တို့​သည် လူ​တို့​ကို​ရေ​တွက်​အံ့​သော​ငှာ အ​ထံ​တော်​မှ ထွက်​သွား​ကြ၏။ 5ယော်​ဒန်​မြစ်​ကို​ကူး၍ ဂဒ်​ချိုင့်၌​ရှိ​သော အာ​ရော်​မြို့​အ​ရှေ့​ဘက်၊ ယာ​ဇာ​မြို့​အ​နား​မှာ တပ်​ချ​ကြ၏။ 6ဂိ​လဒ်​ပြည်၊ နောက်​သိမ်း​သော​ပြည်၊ ဒန်​ယန်​ပြည်​တို့​ကို လွန်​ပြီး​မှ ဇိ​ဒုန်​ပြည်​သို့​ဝိုင်း​သွား၍၊ 7တု​ရု​ရဲ​တိုက်​သို့​လည်း​ကောင်း၊ ဟိ​ဝိ​မြို့​များ၊ ခါ​နာ​နိ​မြို့​များ အ​လုံး​စုံ​တို့​သို့​လည်း​ကောင်း ရောက်၍၊ ယု​ဒ​ပြည်​တောင်​ပိုင်း၊ ဗေ​ရ​ရှေ​ဘ​မြို့၌ လက်​စ​သတ်​ကြ၏။ 8ထို​သို့ တစ်​ပြည်​လုံး​လျှောက်​သွား၍ ကိုး​လ​နှင့်​အ​ရက်​နှစ်​ဆယ်​လွန်​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​ကြ၏။ 9ယွာ​ဘ​သည်​လည်း လူ​ပေါင်း​စာ​ရင်း​ကို ရှင်​ဘု​ရင်​အား​ဆက်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဓား​ကိုင်​သူ​ရဲ ရှစ်​သိန်း၊ ယု​ဒ​အ​မျိုး၌ ငါး​သိန်း ရှိ​ကြ၏။
10ဒါ​ဝိဒ်​သည် လူ​တို့​ကို​ရေ​တွက်​ပြီး​မှ နောင်​တ​ရ၍၊ အ​ကျွန်ုပ်​ပြု​မိ​သော​အ​မှု၌ အ​လွန်​ပြစ်​မှား​ပါ​ပြီ။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်၏​အ​ပြစ်​ကို ဖြေ​ရှင်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် အ​လွန်​မိုက်​သော​အ​မှု​ကို ပြု​မိ​ပါ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လေ၏။ 11ဒါ​ဝိဒ်​သည် နံ​နက်​အ​ချိန်၌​ထ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ဒါ​ဝိဒ်၏​ပ​ရော​ဖက်​ဂဒ်​သို့​ရောက်​လာ၍၊ 12ဒါ​ဝိဒ်​ထံ​သို့ သွား​လော့။ အ​ရာ​သုံး​ပါး​ကို​သင့်​အား ငါ​ပြ၏။ သင်၌ ငါ​ပြု​စ​ရာ​ဖို့ တစ်​ပါး​ပါး​ကို​ရွေး​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ 13ဂဒ်​သည် ဒါ​ဝိဒ်​ထံ​သို့​သွား၍၊ ပြည်​တော်၌ သုံး​နှစ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ ခေါင်း​ပါး​စေ​ရ​မည်​လော။ သို့​မ​ဟုတ် ရန်​သူ​တို့​သည် သုံး​လ​ပတ်​လုံး​လိုက်၍ ကိုယ်​တော်​ပြေး​တော်​မူ​ရ​မည်​လော။ သို့​မ​ဟုတ် ပြည်​တော်၌ သုံး​ရက်​ပတ်​လုံး ကာ​လ​နာ​ရောက်​စေ​ရ​မည်​လော။ အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သော​သူ​အား အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြန်​လျှောက်​ရ​မည်​ကို စဉ်း​စား​ဆင်​ခြင်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။ 14ဒါ​ဝိဒ်​က​လည်း၊ ငါ​သည် ကျဉ်း​မြောင်း​ရာ​သို့ ရောက်​လေ​ပြီ​တ​ကား။ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သို့ ရောက်​ပါ​စေ။ က​ရု​ဏ​တော် ကြီး​လှ၏။ လူ​လက်​သို့ မ​ရောက်​ပါ​စေ​နှင့်​ဟု ဂဒ်​အား​ပြန်​ပြော၏။
15ထို​နေ့​နံ​နက်​မှ​စ၍ ချိန်း​ချက်​သော​အ​ချိန်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ကာ​လ​နာ​ကို လွှတ်​လိုက်​တော်​မူ၍၊ ဒန်​မြို့​မှ​သည် ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် လူ​ခု​နစ်​သောင်း​သေ​ကြ၏။ 16ကောင်း​ကင်​တ​မန်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ဖျက်​ဆီး​မည်​ဟု လက်​ကို​ဆန့်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​ဘေး​ကြောင့် နောင်​တ​ရ​တော်​မူ၍၊ တန်​ပြီ။ သင့်​လက်​ကို ရုပ်​သိမ်း​လော့​ဟု လူ​တို့​ကို​ဖျက်​ဆီး​သော ကောင်း​ကင်​တ​မန်​အား မိန့်​တော်​မူ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ယေ​ဗု​သိ​လူ အ​ရော​န၏​ကောက်​နယ်​တ​လင်း​အ​နား​မှာ ရှိ၏။ 17လူ​တို့​ကို ဒဏ်​ခတ်​သော ကောင်း​ကင်​တ​မန်​ကို ဒါ​ဝိဒ်​သည်​မြင်​သော​အ​ခါ၊ အ​ကျွန်ုပ်​ပြစ်​မှား​ပါ​ပြီ။ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ။ ဤ​သိုး​တို့​မူ​ကား အ​ဘယ်​သို့​ပြု​မိ​ပါ​သ​နည်း။ လက်​တော်​သည် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​အ​ဆွေ​အ​မျိုး၌ ရောက်​စေ​တော်​မူ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​လေ၏။
18ထို​နေ့​ချင်း​တွင် ဂဒ်​သည် ဒါ​ဝိဒ်​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကြွ​ပါ။ ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်​ဟု၊ 19ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​သည်​အ​တိုင်း ဒါ​ဝိဒ်​သည် သွား​လေ၏။ 20ထို​သို့​ရှင်​ဘု​ရင်​သည် အ​ခြံ​အ​ရံ​တော်​နှင့်​တ​ကွ ကြွ​လာ​သည်​ကို အ​ရော​န​သည် ကြည့်၍​မြင်​လျှင်၊ ပြင်​သို့​ထွက်၍ ရှင်​ဘု​ရင်​ရှေ့​တော်၌ ဦး​ချ​ပျပ်​ဝပ်​လျက်၊ 21ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​သည် ကိုယ်​တော်​ကျွန်​ရှိ​ရာ​သို့ အ​ဘယ်​ကြောင့် ကြွ​လာ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​လျှင်၊ ဒါ​ဝိဒ်​က၊ လူ​တို့​တွင် ကာ​လ​နာ​ဘေး​ကို​ငြိမ်း​စေ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လို၍၊ သင်၏​ကောက်​နယ်​တ​လင်း​ကို ဝယ်​အံ့​သော​ငှာ​လာ​သည်​ဟု အ​မိန့်​ရှိ​သော်၊ 22အ​ရော​န​က၊ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​သည် စိတ်​တော်​ရှိ​သည်​အ​တိုင်း ယူ၍​ပူ​ဇော်​တော်​မူ​ပါ။ မီး​ရှို့​ရာ​ယဇ်​ဖို့ နွား​များ​ရှိ​ပါ၏။ ထင်း​ဖို့ ကောက်​နယ်​တန်​ဆာ၊ နွား​နှင့်​ဆိုင်​သော​တန်​ဆာ​များ ရှိ​ပါ၏​ဟု ဒါ​ဝိဒ်​အား​လျှောက်​လျက်၊ 23အ​လုံး​စုံ​တို့​ကို ရှင်​ဘု​ရင်​အား ဆက်၍၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကို လက်​ခံ​တော်​မူ​ပါ​စေ​သော​ဟု လျှောက်​လေ၏။ 24ရှင်​ဘု​ရင်​က​လည်း၊ ထို​သို့​ငါ​မ​ယူ​ရ။ စင်​စစ် အ​ဖိုး​ပေး၍ ငါ​ဝယ်​မည်။ ကိုယ်​ငွေ​မ​ကုန်​ဘဲ​ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ကို ငါ​မ​ပူ​ဇော်​လို​ဟု အ​ရော​န​အား​ဆို​သ​ဖြင့်၊ ငွေ​အ​ကျပ်​ငါး​ဆယ်​ကို​ပေး၍၊ ထို​ကောက်​နယ်​တ​လင်း​နှင့် နွား​တို့​ကို​ဝယ်​ပြီး​မှ၊ 25ထို​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​ပြည်​အ​ဖို့ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်၍ ကာ​လ​နာ​ဘေး​ကို ငြိမ်း​စေ​တော်​မူ၏။
ဓ​မ္မ​ရာ​ဇ​ဝင်​ဒု​တိ​ယ​စောင်​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

၂ ဓမ္မရာဇဝင် 24: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ