YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 28

28
ဗိ​မာန်​တော်​အ​တွက်​ဒါ​ဝိဒ်​၏​ညွှန်​ကြား​ချက်
1တစ်​ဖန် ဒါ​ဝိဒ်​မင်း​သည် ဣ​သ​ရေ​လ​မင်း​များ​တည်း​ဟူ​သော အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော​မင်း၊ အ​လှည့်​လှည့် အ​မှု​တော်​ကို​စောင့်​သော တပ်​မှူး​ဗိုလ်​မင်း၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ရှင်​ဘု​ရင်၏​ဘ​ဏ္ဍာ​စိုး၊ သား​တော်၏​ဘ​ဏ္ဍာ​စိုး၊ ခွန်​အား​ရှိ​သော သူ​ရဲ​အ​ကြီး​အ​ကဲ အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှာ စု​ဝေး​စေ​တော်​မူ၏။ 2ထို​အ​ခါ ဒါ​ဝိဒ်​မင်း​ကြီး​သည် ရပ်၍၊ ငါ့​ညီ​အစ်​ကို၊ ငါ့​လူ​တို့ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် ငြိမ်​ဝပ်​ရာ​အိမ်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ ခြေ​တော်​တင်​ရာ​ခုံ​ကို တည်​လုပ်​မည်​ဟု ငါ​အ​ကြံ​ရှိ၍ တည်​လုပ်​ခြင်း​ငှာ ပြင်​ဆင်​နှင့်​ပြီ။#၂​ရာ၊ ၇:၁-၁၆။ ၅​ရာ၊ ၁၇:၁-၁၄။ 3သို့​ရာ​တွင် ဘု​ရား​သ​ခင်​က သင်​သည် စစ်​တိုက်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်၍၊ ငါ့​နာ​မ​အ​ဖို့ အိမ်​တော်​ကို မ​တည်​မ​ဆောက်​ရ​ဟု မိန့်​တော်​မူ၏။ 4ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​ဆွေ​အ​မျိုး​များ​ထဲ​က ငါ့​ကို​ရွေး​ကောက်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ အ​မြဲ​ချီး​မြှောက်​တော်​မူ၏။ ယု​ဒ​အ​မျိုး​ကို​ရွေး​ကောက်၍ အ​ခြား​သော အ​မျိုး​တို့​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ယု​ဒ​အ​မျိုး​တွင် ငါ့​အ​ဘ၏​အိမ်​ထောင်​ကို​လည်း​ကောင်း၊ ငါ့​အ​ဘ၏​သား​တို့​တွင် ငါ့​ကို​လည်း​ကောင်း​နှစ်​သက်၍ ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ 5ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား များ​စွာ​သော​သား​တို့​ကို​ပေး​တော်​မူ​သည်​ဖြစ်၍၊ ငါ့​သား​အ​ပေါင်း​တို့​တွင် သား​ရှော​လ​မုန်​ကို ရွေး​ကောက်၍ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​နိုင်​ငံ​တော် ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​ပြီ။ 6ငါ့​အား​လည်း သင့်​သား​ရှော​လ​မုန်​သည် ငါ့​အိမ်​နှင့် ငါ့​တံ​တိုင်း​တို့​ကို တည်​ရ​မည်။ ငါ​သည်​ထို​သူ​ကို သား​အ​ရာ၌​ခန့်​ထား​ခြင်း​ငှာ ရွေး​ကောက်​ပြီ။ ငါ​သည် သူ၏​အ​ဘ​ဖြစ်​မည်။ 7သူ​သည် ငါ​စီ​ရင်​ချက် ပ​ညတ်​တ​ရား​တို့​ကို ယ​နေ့​ကဲ့​သို့ အ​မြဲ​ကျင့်​လျှင် သူ၏​နိုင်​ငံ​ကို ငါ​တည်​စေ​မည်​ဟု မိန့်​တော်​မူ၏။ 8သို့​ဖြစ်၍ သင်​တို့​သည် ဤ​ကောင်း​သော​ပြည်​ကို​ပိုင်၍ သင်​တို့၏ သား​မြေး​အ​စဉ်​အ​ဆက် အ​မွေ​ခံ​ရာ​ဖို့ ချန်​ထား​လို​သော​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ ရှေ့၌​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင့် အ​ထံ​တော်၌​လည်း​ကောင်း၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို ရှာ၍ စောင့်​ရှောက်​ကြ​လော့။ 9ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။
10သ​တိ​ပြု​လော့။ သန့်​ရှင်း​ရာ​ဌာ​န​အ​ဖို့ အိမ်​တော်​ကို​တည်​ဆောက်​စေ​ခြင်း​ငှာ သင့်​ကို ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​ကြောင့်၊ အား​ယူ၍ တည်​ဆောက်​လော့​ဟု မှာ​ထား​တော်​မူ၏။ 11ထို​အ​ခါ အိမ်​တော်​ဦး၊ အ​ဆောင်​ကြီး၊ ဘ​ဏ္ဍာ​တိုက်၊ အ​ထက်​ခန်း၊ အ​တွင်း​ခန်း၊ က​ရု​ဏာ​ပ​လ္လင်​ထား​ရာ​အ​ခန်း၏​ပုံ​ကို​လည်း​ကောင်း၊ 12ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တံ​တိုင်း​များ၊ ပတ်​လည်၌ ကာ​သော​အ​ခန်း​များ၊ ဘု​ရား​သ​ခင်၏​အိမ်​တော်​ဘ​ဏ္ဍာ​တိုက်​များ၊ ပူ​ဇော်​သော​အ​ရာ​သို​ထား​ရာ တိုက်​များ​တို့၏​ပုံ​ကို​လည်း​ကောင်း၊ မိ​မိ​ကြံ​စည်​သ​မျှ​အ​တိုင်း၊ ဒါ​ဝိဒ်​သည် သား​တော်​ရှော​လ​မုန်​အား အပ်​တော်​မူ၏။ 13ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​သင်း​ဖွဲ့​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း၊ ဆောင်​ရွက်​စ​ရာ တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း စီ​ရင်​တော်​မူ၏။ 14အ​မှု​တော်​အ​မျိုး​မျိုး​ကို ဆောင်​ရွက်​စ​ရာ ရွှေ​တန်​ဆာ​ရှိ​သ​မျှ​တို့​အ​ဖို့ ရွှေ​ကို​လည်း​ကောင်း၊ ငွေ​တန်​ဆာ​ရှိ​သ​မျှ​တို့​အ​ဖို့ ငွေ​ကို​လည်း​ကောင်း ချိန်၍ အပ်​တော်​မူ၏။ 15ရွှေ​မီး​ခုံ​နှင့် ရွှေ​မီး​ခွက်​အ​သီး​အ​သီး​အ​ဖို့၊ ငွေ​မီး​ခုံ​နှင့် ငွေ​မီး​ခွက်​အ​သီး​အ​သီး သုံး​စ​ရာ​ရှိ​သည်​အ​တိုင်း ရွှေ​ငွေ​ကို​ချိန်၍ အပ်​တော်​မူ၏။ 16ရှေ့​တော်​မုန့်​တင်​စ​ရာ ရွှေ​စား​ပွဲ​နှင့် ငွေ​စား​ပွဲ အ​သီး​အ​သီး​အ​ဖို့ ရွှေ​ငွေ​ကို​ချိန်၍ အပ်​တော်​မူ၏။ 17အ​မဲ​သား​ချိတ်၊ အင်​တုံ၊ ဖ​လား​များ​အ​ဖို့ ရွှေ​စင်​ကို​လည်း​ကောင်း၊ ရွှေ​လင်​ပန်း​နှင့် ငွေ​လင်​ပန်း အ​သီး​အ​သီး​အ​ဖို့ ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ချိန်၍ အပ်​တော်​မူ၏။ 18နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ယဇ်​ပ​လ္လင်​အ​ဖို့ ရွှေ​စင်​ကို​လည်း​ကောင်း၊ အ​တောင်​တို့​ကို​ဖြန့်၍ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို လွှမ်း​မိုး​သော ခေ​ရု​ဗိမ်​ရ​ထား​တော်​ပုံ​အ​ဖို့ ရွှေ​ကို​လည်း​ကောင်း ချိန်၍​အပ်​တော်​မူ၏။ 19ထို​ပုံ​များ​ရှိ​သ​မျှ​တို့​ကို ရေး​ထား​သည်​အ​တိုင်း၊ နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​ကို ထာ​ဝ​ရ​ဘု​ရား​သည် ပေး​တော်​မူ၏။
20သား​တော်​ရှော​လ​မုန်​အား​လည်း၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​သော​စိတ်​နှင့် လုပ်​ဆောင်​လော့။ မ​စိုး​ရိမ်​နှင့်။ စိတ်​မ​ပျက်​နှင့်။ ငါ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့ လုပ်​ဆောင်၍ လက်​စ​မ​သတ်​မီ​တိုင်​အောင် သင့်​ကို စွန့်​တော်​မ​မူ။ ပစ်​ထား​တော်​မ​မူ။ 21သင်း​ဖွဲ့​သော​ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည်​လည်း ဘု​ရား​သ​ခင်၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့​ရှိ​ကြ၏။ လိ​မ္မာ​သော ဆ​ရာ​သ​မား အ​မျိုး​မျိုး​တို့​သည်​လည်း အ​ရာ​ရာ​တို့​ကို လုပ်​ဆောင်​စေ​ဖို့​ရှိ​ကြ၏။ မင်း​များ​နှင့် ပြည်​သူ​ပြည်​သား​များ အ​ပေါင်း​တို့​သည်​လည်း သင့်​လက်၌​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 28: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ