YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 29

29
ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​လှူ​ပ​စ္စည်း​များ
1တစ်​ဖန် ဒါ​ဝိဒ်​မင်း​ကြီး​က၊ ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​သော ငါ့​သား​ရှော​လ​မုန်​သည် အ​သက်​ငယ်၍ နု​သေး၏။ အ​မှု​မူ​ကား ကြီး​လှ၏။ တည်​ဆောက်​ရ​သော ဗိ​မာန်​သည် လူ​အ​ဖို့​မ​ဟုတ်၊ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​အ​ဖို့ ဖြစ်၏။#၅​ရာ၊ ၂၂:၅။ 2ငါ၏​ဘု​ရား​သ​ခင် အိမ်​တော်​အ​ဖို့ ရွှေ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ ရွှေ​ကို​လည်း​ကောင်း၊ ငွေ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ ငွေ​ကို​လည်း​ကောင်း၊ ကြေး​ဝါ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ ကြေး​ဝါ​ကို​လည်း​ကောင်း၊ သံ​တန်​ဆာ​လုပ်​စ​ရာ​ဖို့ သံ​ကို​လည်း​ကောင်း၊ သစ်​သား​တန်​ဆာ​လုပ်​စ​ရာ​ဖို့ သစ်​သား​ကို​လည်း​ကောင်း၊ ရှ​ဟံ​ကျောက်​နှင့် အ​ရောင်​မျိုး​ထွက်၍ စီ​စ​ရာ​ဖို့ ကောင်း​သော​ကျောက်၊ အ​ဖိုး​ထိုက်​သော​ကျောက်​မျိုး၊ များ​စွာ​သော ကျောက်​ဖြူ​တို့​ကို​လည်း​ကောင်း၊ တတ်​နိုင်​သ​မျှ​အ​တိုင်း ငါ​ပြင်​ဆင်​ပြီ။ 3ငါ၏​ဘု​ရား​သ​ခင် အိမ်​တော်၌ ငါ့​စိတ်​နှ​လုံး စွဲ​လမ်း​သော​ကြောင့်၊ 4ထို​သန့်​ရှင်း​သော​အိမ်​အ​ဖို့ ပြင်​ဆင်​သော ဥ​စ္စာ​မှ​တစ်​ပါး ကိုယ်​ဥ​စ္စာ​ထဲ​က ဩ​ဖိ​ရ​ရွှေ​အ​ခွက် သုံး​သောင်း​နှင့် ကျောက်​ထ​ရံ​တို့​ကို မွမ်း​မံ​စ​ရာ​ဖို့ ငွေ​စင်​ခု​နစ်​သောင်း​ကို ငါ၏​ဘု​ရား​သ​ခင်​အိမ်​တော်​အ​ဖို့ ငါ​ပေး၏။ 5ရွှေ​သည် ရွှေ​တန်​ဆာ​အ​ဖို့၊ ငွေ​သည် ငွေ​တန်​ဆာ​အ​ဖို့​နှင့် ဆ​ရာ​သ​မား​လုပ်​သ​မျှ​အ​ဖို့ ဖြစ်၏။ သို့​ဖြစ်၍ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​ဥ​စ္စာ​ကို အ​ဘယ်​သူ​ပူ​ဇော်​ချင်​သ​နည်း​ဟု ပ​ရိ​သတ်​အ​ပေါင်း​တို့​အား မေး​တော်​မူ​လျှင်၊ 6အ​ဆွေ​အ​မျိုး​တို့၏ အ​ကြီး​အ​ကဲ​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သီး​အ​သီး​တို့​ကို အုပ်​စိုး​သော​မင်း​များ၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်​များ၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို စီ​ရင်​သော​သူ​များ​တို့​သည် ကြည်​ညို​သော​စိတ်​ရှိ၍၊ 7ဘု​ရား​သ​ခင်၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့ ရွှေ​အ​ခွက်​ငါး​သောင်း​နှင့် ရွှေ​ဒင်္ဂါး​တစ်​သောင်း၊ ငွေ​အ​ခွက် တစ်​သိန်း၊ ကြေး​ဝါ​အ​ခွက် တစ်​သိန်း​ရှစ်​သောင်း၊ သံ​အ​ခွက် တစ်​သန်း​ကို လှူ​ကြ၏။ 8ကျောက်​မြတ်​ရှိ​သော သူ​တို့​သည်​လည်း ဂေ​ရ​ရှုံ​အ​မျိုး​သား ယေ​ဟေ​လ​လက်​ဖြင့် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ဘ​ဏ္ဍာ​ထဲ​သို့ သွင်း​ကြ၏။ 9လူ​များ​တို့​သည် စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော စိတ်​သ​ဘော​ရှိ၍ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ကြောင့် ဝမ်း​မြောက်​ကြ၏။ ဒါ​ဝိဒ်​မင်း​ကြီး​သည်​လည်း အ​လွန်​တ​ရာ​ဝမ်း​မြောက်​တော်​မူ၏။
ဘု​ရား​သ​ခင်​အား​ဒါ​ဝိဒ်​ချီး​မွမ်း​ခြင်း
10ထို​အ​ခါ ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​တို့​အ​ဘ ဣ​သ​ရေ​လ၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ 11အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်၊ အောင်​မြင်​ခြင်း​အ​ခွင့်၊ အာ​ဏာ​တော်​နှင့် ပြည့်​စုံ​တော်​မူ၏။ ကောင်း​ကင်​မြေ​ကြီး၌ ရှိ​ရှိ​သ​မျှ​ကို ပိုင်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​စိုး​ရ​တော်​မူ၏။ ခပ်​သိမ်း​သော​သူ​တို့၏ အ​ထွတ်၊ မြင့်​မြတ်​တော်​မူ၏။#မ၊ ၆:၁၃။ 12ဂုဏ်​အ​သ​ရေ​နှင့် စည်း​စိမ်​ဥ​စ္စာ​သည် ကျေး​ဇူး​တော်​ကြောင့်​သာ​ဖြစ်၏။ ကိုယ်​တော်​သည် ခပ်​သိမ်း​သော သူ​တို့​ကို အုပ်​စိုး​တော်​မူ၏။ ခွန်​အား အ​စွမ်း​သ​တ္တိ​ကို ပေး​ပိုင်​တော်​မူ၏။ ခပ်​သိမ်း​သော​သူ​တို့​အား ကြီး​မြတ်​သော​အ​ခွင့်​နှင့် ခိုင်​ခံ့​သော​အ​ခွင့်​ကို ပေး​ပိုင်​တော်​မူ၏။ 13သို့​ဖြစ်၍ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကျေး​ဇူး​တော် ကြီး​လှ​ပါ​သည်​ဟု အ​ကျွန်ုပ်​တို့​သည်​ဝန်​ခံ၍ ဘုန်း​ကြီး​သော နာ​မ​တော်​ကို ချီး​မွမ်း​ကြ​ပါ၏။#၃​ရာ၊ ၂:၁၂။ 14သို့​ရာ​တွင် ကြည်​ညို​သော​စိတ်​နှင့် ဤ​မျှ​လောက် ပူ​ဇော်​နိုင်​အောင် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်၏​လူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ​ထဲ​က​သာ ကိုယ်​တော်​အား ပူ​ဇော်​ပါ၏။ 15အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​များ​ကဲ့​သို့ ရှေ့​တော်၌ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​ပါ၏။ မြေ​ကြီး​ပေါ်​မှာ နေ​ရ​သော​ကာ​လ​သည် အ​ရိပ်​ကဲ့​သို့ ဖြစ်​ပါ၏။ မှီ​ခို​ရာ​မ​ရှိ​ပါ။ 16အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​နာ​မ​အ​ဖို့ ကိုယ်​တော်၏​အိမ်​ကို တည်​ဆောက်​ခြင်း​အ​လို​ငှာ၊ အ​ကျွန်ုပ်​တို့ ပြင်​ဆင်​သော ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​သည် တန်​ခိုး​တော်​ကြောင့် ဖြစ်​ပါ၏။ အ​လုံး​စုံ​တို့​ကို ကိုယ်​တော်​ပိုင်​တော်​မူ၏။ 17အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် စိတ်​နှ​လုံး​ကို​စစ်၍ ဖြောင့်​မတ်​ခြင်း​သ​ဘော​ကို နှစ်​သက်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ဖြောင့်​မတ်​ခြင်း​သ​ဘော၊ ကြည်​ညို​သော​စိတ်​ရှိ​သည်​နှင့် ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို ပူ​ဇော်​ပါ၏။ စည်း​ဝေး​လျက်​ရှိ​သော ကိုယ်​တော်၏​လူ​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​ကြ​သည်​ကို​မြင်၍ ဝမ်း​မြောက်​ပါ၏။ 18အ​ကျွန်ုပ်​တို့​ဘိုး​ဘေး အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ လူ​တို့​သည် ဤ​အ​မှု​အ​ရာ​များ​ကို၊ အ​စဉ်​အောက်​မေ့​စွဲ​လမ်း​သော စိတ်​သ​ဘော​ရှိ​မည်​အ​ကြောင်း၊ သူ​တို့​စိတ်​နှ​လုံး​သည် ကိုယ်​တော်​ဘက်၌ တည်​ကြည်​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ။ 19အ​ကျွန်ုပ်၏​သား ရှော​လ​မုန်​သည်​လည်း ကိုယ်​တော်၏ သက်​သေ​ခံ​ချက်၊ ထုံး​ဖွဲ့​ချက်​ပ​ညတ်​တ​ရား​တို့​ကို စောင့်​ရှောက်၍၊ အ​ကျွန်ုပ်​ပြင်​ဆင်​သော​အ​မှု​ကို အ​ကုန်​အ​စင်​ပြီး​စီး​စေ​လျက်၊ ဗိ​မာန်​တော်​ကို တည်​ဆောက်​နိုင်​မည်​အ​ကြောင်း၊ စုံ​လင်​သော စိတ်​နှ​လုံး​ကို ပေး​သ​နား​တော်​မူ​ပါ​ဟု ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လျက် မြွက်​ဆို၏။ 20ပ​ရိ​သတ်​အ​ပေါင်း​တို့​အား​လည်း၊ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လျက်​ဦး​ချ၍ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​ကို​လည်း​ကောင်း​ရှိ​ခိုး​ကြ၏။
21နက်​ဖြန်​နေ့၌​လည်း ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို​ပြု၍ နွား​တစ်​ထောင်၊ သိုး​တစ်​ထောင်၊ သိုး​သ​ငယ်​တစ်​ထောင်​တို့​ကို မီး​ရှို့​သ​ဖြင့်၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​နှင့်​တ​ကွ ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​လုံး​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား များ​စွာ​သော​ယဇ်​ကို ပူ​ဇော်​ကြ၏။ 22ထို​နေ့​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​သောက်၍ ပျော်​မွေ့​ခြင်း​ကို​ပြု​လျက် ဒါ​ဝိဒ်၏​သား​တော် ရှော​လ​မုန်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ဒု​တိ​ယ​အ​ကြိမ်​ချီး​မြှောက်၍ ထာ​ဝ​ရ​ဘု​ရား​အောက်​မှာ မင်း​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဇာ​ဒုတ်​ကို ယဇ်​ပု​ရော​ဟိတ် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ဘိ​သိက်​ပေး​ကြ၏။ 23ထို​အ​ခါ ရှော​လ​မုန်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်​ကိုယ်​စား ရှင်​ဘု​ရင်​အ​ရာ​ကို​ခံ၍ ထာ​ဝ​ရ​ဘု​ရား၏ ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​လျက် ဘုန်း​ကြီး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စ​ကား​တော်​ကို နား​ထောင်​ကြ၏။ 24မှူး​တော်​မတ်​တော်၊ အ​ရာ​ကြီး​သော​သူ အ​ပေါင်း​တို့​နှင့် ဒါ​ဝိဒ်​မင်း​ကြီး၏ သား​တော်​အ​ပေါင်း​တို့​သည် ရှော​လ​မုန်​မင်း​ကြီး၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ၏။ 25ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​ရှေ့​မှာ ရှော​လ​မုန်​ကို အ​လွန်​ချီး​မြှောက်၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​ခံ​စ​ဖူး​သော ဘုန်း​အာ​နု​ဘော်​တော်​ကို ပေး​သ​နား​တော်​မူ၏။
ဒါ​ဝိဒ်​၏​နန်း​သက်​အ​ကျဉ်း​ချုပ်
26ယေ​ရှဲ၏​သား ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို အ​စိုး​ရ​သော​မင်း ဖြစ်​တော်​မူ၏။ 27ဟေ​ဗြုန်​မြို့၌ ခု​နစ်​နှစ်၊ ယေ​ရု​ရှ​လင်​မြို့၌ သုံး​ဆယ်​သုံး​နှစ်​မင်း​ပြု၍ ဣ​သ​ရေ​လ​နိုင်​ငံ​ကို စိုး​စံ​သော​နှစ်​ပေါင်း​ကား အ​နှစ်​လေး​ဆယ်​တည်း။#၂​ရာ၊ ၅:၄-၅။ ၅​ရာ၊ ၃:၄။ 28ဒါ​ဝိဒ်​သည် အ​သက်​ကြီး​ရင့်၍ နေ့​ရက်​ကာ​လ​ပြည့်​စုံ​ခြင်း၊ ဘုန်း​စည်း​စိမ်​ကြွယ်​ဝ​ခြင်း​ရှိ​လျက် အ​နိ​စ္စ​ရောက်၍ သား​တော်​ရှော​လ​မုန်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်​လေ၏။ 29ဒါ​ဝိဒ်​မင်း​ကြီး​ပြု​မူ​သော အ​မှု​အ​ရာ အ​စ​အ​ဆုံး​ရှိ​သ​မျှ၊ အ​စိုး​ရ​ခြင်း၊ တန်​ခိုး​ကြီး​ခြင်း​နှင့်​တ​ကွ၊ 30ကိုယ်​တော်​မှ​စ၍ ဣ​သ​ရေ​လ​ပြည်၊ အ​ခြား​တစ်​ပါး​သော တိုင်း​ပြည်​များ​တို့၌ ဖြစ်​လေ​သ​မျှ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည် ပ​ရော​ဖက်​ရှ​မွေ​လ၏​ကျမ်း​စာ၊ ပ​ရော​ဖက်​နာ​သန်၏​ကျမ်း​စာ၊ ပ​ရော​ဖက်​ဂဒ်၏ ကျမ်း​စာ​တို့၌ ရေး​ထား​လျက်​ရှိ၏။
ရာ​ဇ​ဝင်​ချုပ်​ပ​ထ​မ​စောင်​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 29: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။