YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 27

27
နိုင်​ငံ၏​စစ်​မှု​ထမ်း​များ
1ရှင်​ဘု​ရင်​အ​မှု​တော်​ကို စောင့်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​သူ​ကြီး၊ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ အ​ရာ​ရှိ​တို့​နှင့်​တ​ကွ၊ တစ်​နှစ်​တွင် တစ်​ဆယ်​နှစ်​လ အ​စဉ်​အ​တိုင်း တပ်​ဖွဲ့၍၊ တစ်​လ​စီ​တစ်​လ​စီ အ​လှည့်​လှည့်​စောင့်​ရ​သော တပ်​သား​အ​မှု​ထမ်း နှစ်​သောင်း​လေး​ထောင်​စီ ရှိ​ကြ၏။ 2ပ​ထ​မ​လ​တွင် ပ​ထ​မ​တပ်​ကို​အုပ်​သော ဗိုလ်​မင်း​ကား၊ ဇာ​ဗ​ဒေ​လ​သား ယာ​ရှော​ဗံ​နှင့် တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။ 3ထို​မင်း​သည် ဖာ​ရက်​အ​မျိုး​သား​ဖြစ်၍၊ ပ​ထ​မ​လ​တွင် အ​မှု​စောင့်​သော တပ်​မှူး​အ​ပေါင်း​တို့​ကို အုပ်​ရ၏။#က၊ ၁၅:၅၊ ၂၂:၁၇၊ ၂၆:၄။ 4ဒု​တိ​ယ​လ​တွင် အ​မှု​စောင့်​သော​တပ်​ကို အုပ်​သော​ဗိုလ်​မင်း​ကား၊ အ​ဟော​ဟိ​အ​မျိုး​သား​ဒေါ​ဒ​နှင့် စစ်​ကဲ​မိ​က​လုပ်၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။ 5တ​တိ​ယ​လ​နှင့်​ဆိုင်​သော တ​တိ​ယ​တပ်​ဗိုလ်​မင်း​ကား၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ကြီး​ယော​ယ​ဒ​သား ဗေ​နာ​ယ​နှင့် တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။ 6ထို​မင်း​သည် ဗိုလ်​စု​တွင် ကျော်​စော​သော​သူ၊ ဗိုလ်​ချုပ်​အ​ရာ​ရှိ​သော​သူ ဖြစ်၏။ သူ၏​သား အ​မိ​ဇ​ဗဒ်​သည်​လည်း တပ်​မှူး​အ​ရာ​ကို​ရ၏။ 7စ​တု​တ္ထ​လ​တွင် စ​တု​တ္ထ​ဗိုလ်​မင်း​ကား၊ ယွာ​ဘ​ညီ​အာ​သ​ဟေ​လ၊ စစ်​ကဲ​ကား အာ​သ​ဟေ​လ​သား​ဇေ​ဗ​ဒိ၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။ 8ပ​ဥ္စ​မ​လ​တွင် ပ​ဥ္စ​မ​ဗိုလ်​မင်း​ကား ဣ​ဇ​ဟာ​အ​မျိုး ရှံ​ဟုတ်၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။ 9ဆ​ဋ္ဌ​မ​လ​တွင် ဆ​ဋ္ဌ​မ​ဗိုလ်​မင်း​ကား တေ​ကော​မြို့​သား၊ ဣ​ကေ​ရှ၏​သား ဣ​ရ၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။ 10သ​တ္တ​မ​လ​တွင် သ​တ္တ​မ​ဗိုလ်​မင်း​ကား ဧ​ဖ​ရိမ်​အ​မျိုး၊ ပေ​လော​နိ​အ​နွယ်​ဖြစ်​သော ဟေ​လက်၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။ 11အ​ဋ္ဌ​မ​လ​တွင် အ​ဋ္ဌ​မ​ဗိုလ်​မင်း​ကား ဇာ​ရ​အ​မျိုး၊ ဟု​သိ​ရှ​အ​နွယ်​ဖြစ်​သော သိ​ဗေ​ကဲ၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။ 12န​ဝ​မ​လ​တွင် န​ဝ​မ​ဗိုလ်​မင်း​ကား ဗင်္ယာ​မိန်​အ​မျိုး၊ အ​နေ​သော​သိ​အ​နွယ်​ဖြစ်​သော အ​ဗျေ​ဇာ၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။ 13ဒ​သ​မ​လ​တွင် ဒ​သ​မ​ဗိုလ်​မင်း​ကား ဇာ​ရ​အ​မျိုး၊ နေ​တော​ဖာ​သိ​အ​နွယ်​ဖြစ်​သော မ​ဟာ​ရဲ၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။ 14ဧ​က​ဒ​သ​မ​လ​တွင် ဧ​က​ဒ​သ​မ​ဗိုလ်​မင်း​ကား ဧ​ဖ​ရိမ်​အ​မျိုး၊ ပိ​ရ​သော​နိ​အ​နွယ်​ဖြစ်​သော ဗေ​နာ​ယ၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။ 15ဒွါ​ဒ​သ​မ​တွင် ဒွါ​ဒ​သ​မ​ဗိုလ်​မင်း​ကား ဩ​သ​နေ​လ​အ​မျိုး၊ နေ​တော​ဖာ​သိ​အ​နွယ်​ဖြစ်​သော ဟေ​လ​ဒဲ၊ တပ်​သား​ပေါင်း နှစ်​သောင်း​လေး​ထောင်​တည်း။
အ​မျိုး​အ​နွယ်​အုပ်​ချုပ်​သူ​များ
16ဣ​သ​ရေ​လ​အ​မျိုး အ​သီး​အ​သီး​တို့​ကို အုပ်​သော​မင်း​ဟူ​မူ​ကား၊ ရု​ဗင်​အ​မျိုး​တွင် ဇိ​ခ​ရိ၏​သား​ဧ​လျေ​ဇာ၊ ရှိ​မောင်​အ​မျိုး​တွင် မာ​ခ၏​သား ရှေ​ဖ​တိ။ 17လေ​ဝိ​အ​မျိုး​တွင် ကေ​မွေ​လ၏​သား ဟာ​ရှ​ဘိ၊ အာ​ရုန်​အ​မျိုး​တွင် ဇာ​ဒုတ်၊ 18ယု​ဒ​အ​မျိုး​တွင် ဒါ​ဝိဒ်​အစ်​ကို​ဧ​လိ​ဟု၊ ဣ​သ​ခါ အ​မျိုး​တွင် မိ​က္ခေ​လ၏​သား ဩ​မ​ရိ၊ 19ဇာ​ဗု​လုန်​အ​မျိုး​တွင် ဩ​ဗ​ဒိ၏​သား ဣ​ရှ​မာ​ယ၊ နဿ​လိ​အ​မျိုး​တွင် အာ​ဇ​ရေ​လ၏​သား ယေ​ရိ​မုတ်၊ 20ဧ​ဖ​ရိမ်​အ​မျိုး​တွင် အာ​ဇ​ဇိ၏​သား ဟော​ရှေ၊ မ​နာ​ရှေ​အ​မျိုး​တ​ဝက်​တွင် ပေ​ဒါ​ယ၏​သား ယော​လ၊ 21ဂိ​လဒ်​ပြည်၌ မ​နာ​ရှေ​အ​မျိုး​တ​ဝက်​တွင် ဇာ​ခ​ရိ၏​သား ဣ​ဒ္ဒေါ၊ ဗင်္ယာ​မိန်​အ​မျိုး​တွင် အာ​ဗ​နာ၏​သား ယာ​သေ​လ၊ 22ဒန်​အ​မျိုး​တွင် ယေ​ရော​ဟံ၏​သား အာ​ဇ​ရေ​လ၊ ဤ​ရွေ့​ကား ဣ​သ​ရေ​လ​အ​မျိုး​တို့​ကို အုပ်​သော​မင်း​ပေ​တည်း။
23ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​တို့​ကို မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ တိုး​ပွား​များ​ပြား​စေ​တော်​မူ​မည်​ဟု က​တိ​တော်​ရှိ​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် အ​သက်​နှစ်​ဆယ်​မ​စေ့​သော သူ​တို့​ကို စာ​ရင်း​မ​ယူ​ဘဲ​နေ၏။ 24ဇေ​ရု​ယာ​သား ယွာ​ဘ​သည် စာ​ရင်း​ယူ​စ​ပြု၍၊ ထို​အ​ပြစ်​ကြောင့် အ​မျက်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါ်​သို့ သက်​ရောက်​သော​အ​ခါ လက်​စ​မ​သတ်။ ရေ​တွက်၍​ရ​သော လူ​ပေါင်း​ကို ဒါ​ဝိဒ်​မင်း​ကြီး၏​မှတ်​စာ၌ မ​သွင်း​မ​မှတ်။#၂​ရာ၊ ၂၄:၁-၁၅။ ၅​ရာ၊ ၂၁:၁-၁၄။
ဘ​ဏ္ဍာ​တော်​စိုး​များ
25အ​ဒေ​လ​သား အာ​ဇိ​မာ​ဝက်​သည် ဘ​ဏ္ဍာ​တော်​စိုး​ဖြစ်၏။ ဩ​ဇိ​သား​ယော​န​သန်​သည် လယ်​ပြင်၊ မြို့​ရွာ၊ ရဲ​တိုက်၌​ရှိ​သော ဘ​ဏ္ဍာ​တိုက်​တို့​ကို​အုပ်​ရ၏။ 26ခေ​လုပ်​သား​ဧ​ဇ​ရိ​သည် လယ်​ယာ​လုပ်​သော​သူ​တို့​ကို အုပ်​ရ၏။ 27ရာ​မ​မြို့​သား​ရှိ​မိ​သည် စ​ပျစ်​ဥ​ယျာဉ်​တော်​ကို​လည်း​ကောင်း၊ ရှိ​ဖ​မိ​မြို့​သား ဇ​ဗ​ဒိ​သည် စ​ပျစ်​သီး​နှင့် စ​ပျစ်​ရည်​တိုက်​တို့​ကို​လည်း​ကောင်း အုပ်​ရ၏။ 28ဂေ​ဒ​ရိ​လူ ဗာ​လ​ဟာ​နန်​သည် ချိုင့်​တို့၌​ရှိ​သော သံ​လွင်​ပင်​နှင့် သ​ဖန်း​ပင်​တို့​ကို​လည်း​ကောင်း၊ ယော​ရှ​သည် ဆီ​တိုက်​တို့​ကို​လည်း​ကောင်း အုပ်​ရ၏။ 29ရှာ​ရုန်​အ​ရပ်​သား ရှိ​တ​ရဲ​သည် ရှာ​ရုန်​အ​ရပ်၌ ကျက်​စား​သော​နွား​စု​ကို​လည်း​ကောင်း၊ အာ​ဒ​လဲ​သား ရှာ​ဖတ်​သည် ချိုင့်​တို့၌​ကျက်​စား​သော နွား​စု​ကို​လည်း​ကောင်း အုပ်​ရ၏။ 30ဣ​ရှ​မေ​လ​အ​မျိုး​သား ဩ​ဗိ​လ​သည် ကု​လား​အုတ်​တို့​ကို​လည်း​ကောင်း၊ မေ​ရော​န​သိ​လူ ယေ​ဒေ​ယ​သည် မြည်း​တို့​ကို​လည်း​ကောင်း၊ 31ဟာ​ဂ​ရ​အ​မျိုး​သား​ယာ​ဇဇ်​သည် သိုး​တို့​ကို​လည်း​ကောင်း အုပ်​ရ၏။ ဤ​သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး၏ ဥ​စ္စာ​ဘ​ဏ္ဍာ​တော်​ကို အုပ်​ရ​သော​သူ​ပေ​တည်း။
တိုင်​ပင်​မှူး​မတ်​များ
32ဒါ​ဝိဒ်၏​ဘ​ထွေး​တော် ယော​န​သန်​သည် တိုင်​ပင်​မှူး​မတ် ပ​ညာ​ရှိ​ကျမ်း​တတ်​ဖြစ်၏။ ဟ​ခ​မော​နိ​သား ယေ​ဟေ​လ​သည် ရှင်​ဘု​ရင်၏​သား​တော်​တို့ အ​ပေါင်း​အ​ဖော်​ဖြစ်၏။ 33အ​ဟိ​သော​ဖေ​လ​သည် ရှင်​ဘု​ရင်၏​တိုင်​ပင်​မှူး​မတ်၊ အာ​ခိ​မြို့​သား​ဟု​ရှဲ​သည် ရှင်​ဘု​ရင်၏​အ​ဆွေ​ခင်​ပွန်း​ဖြစ်၏။ 34အ​ဟိ​သော​ဖေ​လ​နောက်​မှာ အ​ဗျာ​သာ​နှင့် ဗေ​နာ​ယ​သား​ယော​ယ​ဒ​သည် နေ​ရာ​ကျ၏။ ယွာ​ဘ​သည် တပ်​တော်​ဗိုလ်​ချုပ်​မင်း​ဖြစ်၏။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 27: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ