YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 16

16
သေ​တ္တာ​တော်​ကို​တဲ၌​ထား​ခြင်း
1ထို​သို့ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ဆောင်​ခဲ့၍ ဒါ​ဝိဒ်​ဆောက်​နှင့်​သော တဲ​အ​လယ်၌​ထား​ပြီး​မှ၊ မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပူ​ဇော်​ကြ၏။ 2မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို ဒါ​ဝိဒ်​မင်း​သည် ပြီး​စီး​စေ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​မြွက်၍ ပ​ရိ​သတ်​တို့​ကို ကောင်း​ချီး​ပေး​လေ၏။ 3ဣ​သ​ရေ​လ လူ​ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​အား မုန့်​တစ်​ပြား၊ အ​မဲ​သား​တစ်​တစ်၊ စ​ပျစ်​သီး​ပျဉ်​တစ်​ပြား​စီ ဝေ​ငှ​တော်​မူ၏။
4တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ အ​မှု​တော်​ကို​ဆောင်​ရွက်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို အ​လှည့်​အ​တိုင်း ချီး​မွမ်း​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော လေ​ဝိ​သား​များ​ဟူ​မူ​ကား၊ 5ခွက်​ကွင်း​တီး​သော အ​ကြီး​အ​ကဲ အာ​သပ်၊ သူ့​နောက် စောင်း​တ​ယော​တီး​သော ဇာ​ခ​ရိ၊ ယေ​လ၊ ရှေ​မိ၊ ရာ​မုတ်၊ ယေ​ဟေ​လ၊ မ​တ္တိ​သိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ ဩ​ဗ​ဒေ​ဒုံ၊ ယေ​လ တစ်​စု​နှင့်၊ 6ဘု​ရား​သ​ခင်၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ရှေ့​မှာ အ​စဉ်​တံ​ပိုး​မှုတ်​သော ယဇ်​ပု​ရော​ဟိတ် ဗေ​နာ​ယ​နှင့် ယ​ဟာ​ဇေ​လ​တည်း။
7ထို​နေ့၌ ဒါ​ဝိဒ်​သည် အာ​သပ်​နှင့် သူ့​ညီ​တို့​အား​အပ်​သော ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရာ ဆာ​လံ​သီ​ချင်း​သစ်​ဟူ​မူ​ကား၊
ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ ဆာ​လံ
(ဆာ​လံ၊ ၁၀၅:၁-၁၅၊ ၉၆:၁-၁၃၊ ၁၀၆:၄၇-၄၈)
8ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​ကြ​လော့။ အ​မှု​တော်​တို့​ကို လူ​များ​တို့​အား ပြ​သ​ကြ​လော့။ 9ထာ​ဝ​ရ​ဘု​ရား​ကို သီ​ချင်း​ဆို​ကြ​လော့။ ဆာ​လံ​သီ​ချင်း​ကို ဆို​ကြ​လော့။ အံ့​ဖွယ်​သော အ​မှု​တော်​အ​ပေါင်း​တို့​ကို ဟော​ပြော​ကြ​လော့။ 10သန့်​ရှင်း​သော နာ​မ​တော်၌ ဝါ​ကြွား​ဝမ်း​မြောက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​သူ​တို့​သည် စိတ်​နှ​လုံး ရွှင်​လန်း​ကြ​စေ။ 11ထာ​ဝ​ရ​ဘု​ရား​နှင့် တန်​ခိုး​တော်​ကို​ရှာ​ကြ​လော့။ မျက်​နှာ​တော်​ကို အ​စဉ်​မ​ပြတ်​ရှာ​ကြ​လော့။ 12စီ​ရင်​တော်​မူ​သော အံ့​ဩ​ဖွယ်​တို့​ကို​လည်း​ကောင်း၊ ထူး​ဆန်း​သော​အ​မှု​တော်​တို့​နှင့် နှုတ်​တော်​ထွက် ပ​ညတ်​တို့​ကို​လည်း​ကောင်း အောက်​မေ့​ကြ​လော့။ 13ထာ​ဝ​ရ​ဘု​ရား၏​ကျွန် ဣ​သ​ရေ​လ​အ​မျိုး၊ ရွေး​ကောက်​တော်​မူ​သော ယာ​ကုပ်​အ​နွယ်​တို့၊ 14ကိုယ်​တော်​မြတ် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။ မြေ​ကြီး​တစ်​ပြင်​လုံး၌ စီ​ရင်​ပိုင်​တော်​မူ၏။ 15-19ငါ​သည် သင်​တို့​အ​မွေ​ခံ​ရာ​ဖို့၊ ခါ​နာန်​ပြည်​ကို သင်၌​ပေး​မည်​ဟု ငါ​တို့​အ​မျိုး​သည် အ​ရေ​အ​တွက်​အား​ဖြင့်​မ​များ၊ အ​လွန်​နည်း၍၊ ထို​ပြည်၌ ဧည့်​သည်​ဖြစ်​လျက်​နေ​သော​အ​ခါ၊ အာ​ဗြ​ဟံ၌​က​တိ​ထား၍ ဣ​ဇာက်၌​ကျိန်​ဆို​တော်​မူ​လျက်၊ ယာ​ကုပ်၌ မြဲ​မြံ​သော​တ​ရား၊ ဣ​သ​ရေ​လ၌ နိ​စ္စ​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​စေ​ခြင်း​ငှာ၊ လူ​မျိုး​အ​ဆက်​တစ်​ထောင်​တိုင်​အောင် မိန့်​မြွက်​တော်​မူ​သော နှုတ်​က​ပတ်​တည်း​ဟူ​သော ဝန်​ခံ​ခြင်း​တ​ရား​တော်​ကို အ​စဉ်​အ​မြဲ အောက်​မေ့​တော်​မူ၏။#က၊ ၁၂:၇၊ ၂၆:၃။ 20သူ​တို့​သည် တစ်​မြို့​မှ​တစ်​မြို့​သို့​လည်း​ကောင်း၊ တစ်​နိုင်​ငံ​မှ တစ်​နိုင်​ငံ​သို့​လည်း​ကောင်း၊ လှည့်​လည်၍​သွား​ကြ​သော​အ​ခါ၊ 21သူ​တို့​ကို​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​အား​မျှ အ​ခွင့်​ပေး​တော်​မ​မူ။ သူ​တို့​အ​တွက်​လည်း ရှင်​ဘု​ရင်​တို့​ကို​ဆုံး​မ​လျက်၊#က၊ ၂၀:၃-၇။ 22ငါ့​ထံ၌ ဘိ​သိက်​ခံ​သော​သူ​တို့​ကို မ​ထိ​မ​ခိုက်​နှင့်။ ငါ့​ပ​ရော​ဖက်​တို့​ကို အ​ပြစ်​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။
23မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။ ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို တစ်​နေ့​ထက်​တစ်​နေ့ ညွှန်​ကြား​ကြ​လော့။ 24ဘုန်း​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့၌​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​မှု​တော်​တို့​ကို ခပ်​သိမ်း​သော လူ​မျိုး​တို့၌​လည်း​ကောင်း ဖော်​ပြ​ကြ​လော့။ 25ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်၍၊ အ​လွန်​ချီး​မွမ်း​ဖွယ်​ဖြစ်​တော်​မူ၏။ ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ၏။ 26တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​ရှိ​သ​မျှ​တို့​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား၊ မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ၏။ 27ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် ရှေ့​တော်၌​ရှိ၏။ အ​စွမ်း​သ​တ္တိ​နှင့် ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​လည်း နေ​တော်​မူ​ရာ၌ ရှိ၏။ 28လူ​အ​မျိုး​မျိုး​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​တန်​ခိုး အ​စွမ်း​သ​တ္တိ​ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ရှိ​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ 29ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ဘုန်း​ကြီး​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။ ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​လျက် ရှေ့​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ သန့်​ရှင်း​သော​တန်​ဆာ​ကို​ဆင်၍ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​လော့။ 30မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ရှေ့​တော်၌ ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လော့။ လော​က​ဓာတ်​သည် မ​လှုပ်​မ​ရှား​နိုင်​အောင် မြဲ​မြံ​စွာ​တည်​လိမ့်​မည်။ 31ကောင်း​ကင်​သည် ဝမ်း​မြောက်​ခြင်း​ရှိ​စေ။ မြေ​ကြီး​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ​စေ။ ထာ​ဝ​ရ​ဘု​ရား စိုး​စံ​တော်​မူ​သည်​ဟု တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဟော​ပြော​ကြ​စေ။ 32ပင်​လယ်​နှင့် ပင်​လယ်​တန်​ဆာ​သည် အ​သံ​ဗ​လံ​ပြု​စေ။ လယ်​ပြင်​နှင့် လယ်​ပြင်၌ ရှိ​သ​မျှ​သည်​လည်း ဝမ်း​မြောက်​စေ။ 33ထို​အ​ခါ တော၌ ရှိ​သ​မျှ​သော အ​ပင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် မြေ​ကြီး​သား​တို့​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကြွ​လာ​တော်​မူ၏။ 34ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။#၆ ရာ၊ ၅:၁၃၊ ၇:၃၊ ဧဇ၊ ၃:၁၁၊ ဆာ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁၊ ၁၃၆:၁၊ ယေ၊ ၃၃:၁၁။ 35အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် သန့်​ရှင်း​သော​နာ​မ​တော် ဂုဏ်​ကျေး​ဇူး​ကို​ဝန်​ခံ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း၌ ဝါ​ကြွား​ဝမ်း​မြောက်​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​ပါ။ တစ်​ပါး​အ​မျိုး​သား​ထဲ​က​နုတ်၍ စု​ဝေး​စေ​တော်​မူ​ပါ​ဟု မြွက်​ဆို​ကြ​လော့။ 36ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု သီ​ချင်း​ဆို​ကြ​သော​အ​ခါ၊ လူ​များ​အ​ပေါင်း​တို့​သည် အာ​မင်​ဟု​ဝန်​ခံ​လျက် ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။
သေ​တ္တာ​တော်​အ​မှု​ထမ်း​များ
37ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ရှေ့​မှာ၊ နေ့​တိုင်း ဆောင်​ရွက်​စ​ရာ​အ​မှု​ကို အ​စဉ်​အ​မြဲ ဆောင်​ရွက်​စေ​ခြင်း​ငှာ၊ အာ​သပ်​နှင့် သူ၏​ညီ​တို့​ကို​လည်း​ကောင်း၊ 38ဩ​ဗ​ဒေ​ဒုံ​နှင့် ညီ​ခြောက်​ကျိပ်​ရှစ်​ယောက်၊ တံ​ခါး​စောင့်​ဟော​သံ​နှင့် ယေ​ဒု​သုန်​သား ဩ​ဗ​ဒေ​ဒုံ​တို့​ကို​လည်း​ကောင်း၊ သေ​တ္တာ​တော်​ရှေ့​မှာ ထား​တော်​မူ၏။ 39-40မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ပေါ်​မှာ နေ့​ရက်​အ​စဉ် အ​တိုင်း၊ နံ​နက်​တစ်​ခါ ညဉ့်​ဦး​တစ်​ခါ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​တို့​ကို ပူ​ဇော်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သ​မျှ​အ​တိုင်း ပြု​စေ​ခြင်း​ငှာ၊ ဂိ​ဗောင်​မြို့၌ မြင့်​သော​အ​ရပ်​ပေါ်​မှာ​ရှိ​သော ထာ​ဝ​ရ​ဘု​ရား တဲ​တော်​ရှေ့​တွင်၊ ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့် သူ၏​ညီ ယဇ်​ပု​ရော​ဟိတ်​များ​ကို​လည်း ထား​တော်​မူ၏။ 41ထာ​ဝ​ရ​ဘု​ရား၏​က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့် ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ 42သီ​ချင်း​သည်​တို့၏ အ​ဆောင်၊ တံ​ပိုး၊ ခွက်​ကွင်း အ​စ​ရှိ​သော ဘု​ရား​သ​ခင်၏ တူ​ရိ​ယာ​မျိုး​ကို​ကိုင်​သော ဟေ​မန်​နှင့်​ယေ​ဒု​သုန်​အ​စ​ရှိ​သော ရွေး​ကောက်၍ စာ​ရင်း​သွင်း​သော​သူ အ​ခြား​တို့​ကို​လည်း ထား​တော်​မူ၏။ ယေ​ဒု​သုန်​သား​တို့​သည်​လည်း တံ​ခါး​စောင့်​ဖြစ်​ကြ၏။ 43ထို​နောက်​မှ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။ ဒါ​ဝိဒ်​သည်​လည်း နန်း​တော်​သား​တို့​ကို ကောင်း​ချီး​ပေး​ခြင်း​ငှာ သွား​တော်​မူ၏။#၂​ရာ၊ ၆:၁၉-၂၀။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 16: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။