YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 17

17
ဒါ​ဝိဒ်​နှင့်​ပြု​သော​ပ​ဋိ​ညာဉ်
(၂​ရာ၊ ၇:၁-၁၇)
1ဒါ​ဝိဒ်​မင်း​သည် နန်း​တော်၌ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​အ​ခါ၊ ပ​ရော​ဖက်​နာ​သန်​ကို​ခေါ်၍ ကြည့်​ရှု​လော့။ ငါ​သည် အာ​ရဇ်​သစ်​သား​အိမ်​နှင့် နေ၏။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​မူ​ကား ကု​လား​ကာ​ဖြင့်​သာ ကွယ်​ကာ​လျက် နေ​ရ​သည်​ဟု​ဆို​သော်၊ 2နာ​သန်​က အ​ကြံ​တော်​ရှိ​သ​မျှ​အ​တိုင်း ပြု​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု ပြန်​လျှောက်၏။ 3ထို​ည​တွင် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​သည် ပ​ရော​ဖက်​နာ​သန်​သို့ ရောက်၍၊ 4ငါ့​ကျွန် ဒါ​ဝိဒ်​ထံ​သို့ သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငါ​နေ​စ​ရာ​ဖို့ အိမ်​ကို​မ​ဆောက်​ရ။ 5ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် အိမ်​နှင့်​ငါ​မ​နေ။ တဲ​တစ်​ခု​မှ တစ်​ခု​သို့​ပြောင်း၍ တဲ​များ​တို့​နှင့်​နေ​ပြီ။ 6ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​နှင့် ငါ​လှည့်​လည်​ရာ​အ​ရပ်​တို့၌ ငါ၏​လူ​မျိုး​ကို ကျွေး​မွေး​စေ​ခြင်း​ငှာ၊ ငါ​စေ​ခိုင်း​သော ဣ​သ​ရေ​လ​တ​ရား​သူ​ကြီး တစ်​စုံ​တစ်​ယောက်​အား၊ သင်​သည် ငါ့​အ​ဖို့ အာ​ရဇ်​သစ်​သား​အိမ်​ကို အ​ဘယ်​ကြောင့် မ​ဆောက်​သ​နည်း​ဟု ငါ​ဆို​ဖူး​သ​လော။ 7ယ​ခု​မှာ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သိုး​ထိန်း​ရာ​သိုး​ခြံ​ထဲ​က သင့်​ကို ငါ​နုတ်​ယူ၍၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အုပ်​စိုး​သော​မင်း​အ​ရာ၌ ငါ​ခန့်​ထား​ပြီ။ 8သင်​သွား​လေ​ရာ​ရာ၌ ငါ​လိုက်၍၊ သင်၏​ရန်​သူ အ​ပေါင်း​တို့​ကို သင့်​ရှေ့​မှာ ပယ်​ရှား​သ​ဖြင့်၊ မြေ​ကြီး​သား လူ​ကြီး​ဂုဏ်​အ​သ​ရေ​ကဲ့​သို့ သင်၌​ဂုဏ်​အ​သ​ရေ​ကို ငါ​ပေး​ပြီ။ 9ထို​မှ​တစ်​ပါး၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​နေ​ရာ အ​ရပ်​ကို ငါ​ပြင်​ဆင်​ပြီ။ သူ​တို့​သည် နောက်​တစ်​ဖန် မ​ပြောင်း​မ​လဲ၊ မိ​မိ​တို့​နေ​ရာ၌ နေ​စေ​ခြင်း​ငှာ ငါ​မြဲ​မြံ​စေ​မည်။ မ​တ​ရား​သော သူ​တို့​သည် ရှေး​ကာ​လ၌​လည်း​ကောင်း၊ 10ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​တ​ရား​သူ​ကြီး​တို့​ကို ခန့်​ထား​သော​ကာ​လ၌​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သ​ကဲ့​သို့ နောက်​တစ်​ဖန် မ​ညှဉ်း​ဆဲ​ရ။ သင့်​ကို​လည်း ရန်​သူ​အ​ပေါင်း​တို့ လက်​မှ ကယ်​လွှတ်၍ ချမ်း​သာ​ပေး​ပြီ။ သင်၏​အ​မျိုး အ​နွယ်​ကို​လည်း ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပြီ။ 11သင်​သည် အ​သက်​ကာ​လ​စေ့၍ ဘိုး​ဘေး​နေ​ရာ​သို့​သွား​ရ​သော​အ​ခါ၊ သင်​မှ​ဆင်း​သက်​သော သား​စု​တွင်၊ သား​တစ်​ယောက်​ကို ငါ​ချီး​မြှောက်၍ သူ၏​နိုင်​ငံ​ကို တည်​ထောင်​မည်။ 12ထို​သား​သည် ငါ့​အ​ဖို့ အိမ်​ကို​ဆောက်​လိမ့်​မည်။ သူ​ထိုင်​သော ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​အ​မြဲ​ငါ​တည်​စေ​မည်။ 13ငါ​သည်​သူ၏​အ​ဘ​ဖြစ်​မည်။ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည်။ သင့်​ရှေ့​မှာ​ရှိ​သော သူ၌ ငါ၏​က​ရု​ဏာ​ကို​နုတ်​သ​ကဲ့​သို့ သင်၏​သား၌ ငါ​မ​နုတ်။#၂​ကော၊ ၆:၁၈။ ဟေ​ဗြဲ၊ ၁:၅။ 14ထို​သား​ကို ငါ့​အိမ်၊ ငါ့​နိုင်​ငံ၌ အ​စဉ်​အ​မြဲ​နေ​ရာ​ချ​မည်။ သူ၏​ရာ​ဇ​ပ​လ္လင်​သည်​လည်း အ​စဉ်​အ​မြဲ တည်​ရ​လိမ့်​မည်​ဟု ငါ့​ကျွန်​ဒါ​ဝိဒ်​အား ပြော​လော့​ဟု မိန့်​တော်​မူ၏။ 15ထို​ဗျာ​ဒိတ်​တော်​စ​ကား အ​လုံး​စုံ​တို့​ကို နာ​သန်​သည် ဒါ​ဝိဒ်​အား ပြန်​ပြော​လေ၏။
ဒါ​ဝိဒ်​၏​ဆု​တောင်း​ပ​တ္ထ​နာ
(၂​ရာ၊ ၇:၁၈-၂၉)
16ထို​အ​ခါ ဒါ​ဝိဒ်​မင်း​ကြီး​သည် အ​ထဲ​သို့​ဝင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထိုင်​လျက်၊ အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ဤ​မျှ​လောက် ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ အ​ကျွန်ုပ်​အ​မျိုး​သည် အ​ဘယ်​သို့​သော​အ​မျိုး ဖြစ်​ပါ​သ​နည်း။ 17သို့​ရာ​တွင် အို​ဘု​ရား​သ​ခင်၊ ထို​ကျေး​ဇူး​တော်​ကို သာ​မ​ည​ကျေး​ဇူး​ဟု ထင်​မှတ်​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်၏​အ​မျိုး​အ​နွယ်​ကို ကြာ​မြင့်​စွာ​သော ကာ​လ​နှင့်​ယှဉ်​လျက် မိန့်​တော်​မူ​ပါ​သည်​တ​ကား။ အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ဘုန်း​ကြီး​သော​သူ​ကဲ့​သို့ မှတ်​တော်​မူ​ပါ​သည်​တ​ကား။ 18ကိုယ်​တော်​ကျွန်​ဒါ​ဝိဒ်​သည် ကိုယ်​ဘုန်း​ကြီး​စေ​ခြင်း​ငှာ၊ အ​ဘယ်​သို့ တိုး​တက်၍ လျှောက်​ရ​ပါ​မည်​နည်း။ ကိုယ်​တော်​သည် ကိုယ်​တော်​ကျွန်​ကို သိ​တော်​မူ၏။ 19အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်​အ​ကျိုး​ကို​ထောက်၍ အ​လို​တော်​ရှိ​သည်​အ​တိုင်း ဤ​ကြီး​စွာ​သော အ​မှု​အ​လုံး​စုံ​တို့​ကို ထင်​ရှား​စေ​ခြင်း​ငှာ အ​လုံ​စုံ​တို့​ကို ပြု​တော်​မူ​ပြီ။ 20သို့​ဖြစ်၍ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကြား​သ​မျှ​အ​တိုင်း ကိုယ်​တော်​နှင့် တူ​သော​ဘု​ရား၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား မည်​မျှ​မ​ရှိ​ပါ။ 21အဲ​ဂု​တ္တု​ပြည်​မှ ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ​မျိုး​ရှေ့​မှ လူ​အ​မျိုး​မျိုး​တို့​ကို နှင်​ထုတ်​သ​ဖြင့်၊ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ်​သော နာ​မ​တော်​ကို ကိုယ်​တော်​အ​ဖို့ ထင်​ရှား​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​ကြွ၍ ကိုယ်​တော်​အ​ဖို့ ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​နှင့်​တူ​သော လူ​မျိုး​တစ်​စုံ​တစ်​မျိုး​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​ပါ​သ​လော။ 22အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​စဉ်​အ​မြဲ ကိုယ်​တော်၏​လူ​ဖြစ်​စေ​ခြင်း​ငှာ​ပြု၍၊ ကိုယ်​တော်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။ 23ယ​ခု​မှာ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကျွန်၌​လည်း​ကောင်း၊ ကိုယ်​တော်​ကျွန်၏ အ​မျိုး​အ​နွယ်၌​လည်း​ကောင်း၊ မိန့်​တော်​မူ​သော စ​ကား​တော် အ​စဉ်​အ​မြဲ​တည်​ပါ​စေ​သော။ မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ။ 24ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟူ၍ နာ​မ​တော်​သည် အ​စဉ်​အ​မြဲ ချီး​မြှောက်​ခြင်း​ရှိ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​သည် အ​စဉ်​အ​မြဲ​တည်​ပါ​စေ​သော။ ကိုယ်​တော်​ကျွန်​ဒါ​ဝိဒ်၏ အ​မျိုး​အ​နွယ်​သည် ရှေ့​တော်၌ တည်​ပါ​စေ​သော။ 25အ​ကြောင်း​မူ​ကား၊ အို​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​က သင်၏​အ​မျိုး​အ​နွယ်​ကို ငါ​တည်​စေ​မည်​ဟု ကိုယ်​တော်​ကျွန်​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌ ပ​တ္ထ​နာ​ပြု​ချင်​သော​စိတ်​ရှိ​ပါ၏။ 26ယ​ခု​လည်း အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင် မှန်​တော်​မူ၏။ ဤ​ကျေး​ဇူး​ကို ကိုယ်​တော်​ကျွန်၌ က​တိ​ထား​တော်​မူ​ပြီ။ 27သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်၏​အ​မျိုး​အ​နွယ်​သည် ရှေ့​တော်၌ အ​စဉ်​အ​မြဲ​တည်​ပါ​မည်​အ​ကြောင်း ကောင်း​ချီး​ပေး​ခြင်း​ငှာ နူး​ညွတ်​သော​စိတ် ရှိ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​သည် ကောင်း​ချီး​ပေး​တော်​မူ​လျှင်၊ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​စဉ်​အ​မြဲ ခံ​ရ​ပါ​လိမ့်​မည်​ဟု ဆု​တောင်း​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 17: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ