YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ရာဇဝင်ချုပ် 15

15
ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ပြောင်း​ရွှေ့​ခြင်း
1ထို​နောက် ဒါ​ဝိဒ်​မြို့၌ အိမ်​တော်​တို့​ကို ဆောက်​တော်​မူ၏။ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ဌာ​န​ကို ပြင်၍ တဲ​တော်​ကို​လည်း တည်​တော်​မူ​ပြီး​မှ၊#တ​ရား၊ ၁၀:၈။ 2ဒါ​ဝိဒ်​က၊ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို​ထမ်း၍ ရှေ့​တော်၌ အ​မှု​တော်​ကို​အ​စဉ်​စောင့်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် လေ​ဝိ​သား​တို့​ကို ရွေး​ချယ်​တော်​မူ​သော​ကြောင့်၊ အ​ခြား​တစ်​ပါး​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို မ​ထမ်း​ရ​ကြ​ဟု​ဆို​လျက်၊ 3ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​အ​ဖို့ ပြင်​ဆင်​သော အ​ရပ်​ဌာ​န​သို့ ဆောင်​ခဲ့​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး​စေ​သော​အ​ခါ၊ 4အာ​ရုန်​သား​တို့​နှင့် လေ​ဝိ​သား​တို့​ကို​လည်း စု​ဝေး​စေ​တော်​မူ၍ ရောက်​လာ​သော​သူ​ဟူ​မူ​ကား၊ 5ကော​ဟတ်​အ​မျိုး​တွင် အ​ကြီး​ဖြစ်​သော ဥ​ရေ​လ​နှင့် သူ၏​ညီ​အစ်​ကို တစ်​ရာ​နှစ်​ဆယ်၊ 6မေ​ရာ​ရိ​အ​မျိုး​တွင် အ​ကြီး​ဖြစ်​သော အ​သာ​ယ​နှင့် သူ၏​ညီ​အစ်​ကို နှစ်​ရာ​နှစ်​ဆယ်၊ 7ဂေ​ရ​ရှုံ​အ​မျိုး​တွင် အ​ကြီး​ဖြစ်​သော ယော​လ​နှင့် သူ၏​ညီ​အစ်​ကို တစ်​ရာ​သုံး​ဆယ်၊ 8ဧ​လိ​ဇ​ဖန်​အ​မျိုး​တွင် အ​ကြီး​ဖြစ်​သော ရှေ​မာ​ယ​နှင့် သူ၏​ညီ​အစ်​ကို​နှစ်​ရာ 9ဟေ​ဗြုန်​အ​မျိုး​တွင် အ​ကြီး​ဖြစ်​သော ဧ​လျေ​လ​နှင့် သူ၏​ညီ​အစ်​ကို ရှစ်​ဆယ်၊ 10ဩ​ဇေ​လ​အ​မျိုး​တွင် အ​ကြီး​ဖြစ်​သော အ​မိ​န​ဒပ်​နှင့် သူ၏​ညီ​အစ်​ကို တစ်​ရာ​တစ်​ဆယ်​နှစ်​ယောက်​တည်း။ 11ဒါ​ဝိဒ်​သည်​လည်း ယဇ်​ပု​ရော​ဟိတ် ဇာ​ဒုတ်​နှင့်​အ​ဗျာ​သာ၊ လေ​ဝိ​သား ဩ​ရေ​လ၊ အ​သာ​ယ၊ ယော​လ၊ ရှေ​မာ​ယ၊ ဧ​လျေ​လ၊ အ​မိ​န​ဒပ်​တို့​ကို​ခေါ်၍၊ 12သင်​တို့​သည် လေ​ဝိ​သား အ​ဆွေ​အ​မျိုး​သူ​ကြီး ဖြစ်​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​အ​ဖို့ ငါ​ပြင်​ဆင်​သော အ​ရပ်​ဌာ​န​သို့ ဆောင်​ခဲ့​ခြင်း​ငှာ ကိုယ်​ကို​လည်း​ကောင်း၊ ညီ​အစ်​ကို​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​စေ​ကြ​လော့။ 13အ​ရင်​က​မ​သန့်​ရှင်း၊ တ​ရား​လမ်း​သို့ မ​လိုက်​ဘဲ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​သည်​ဟု သ​တိ​ပေး၏။ 14ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် လေ​ဝိ​သား​တို့​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ခြင်း​ငှာ ကိုယ်​ကို သန့်​ရှင်း​စေ​ကြ၏။ 15ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​နှင့်​အ​ညီ မော​ရှေ​မှာ​ထား​ခဲ့​သည်​အ​တိုင်း၊ လေ​ဝိ​သား​တို့​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို သေ​တ္တာ​တော်​ထမ်း​ပိုး​ဖြင့် ထမ်း​ကြ၏။#ထွ၊ ၂၅:၁၄။ 16လေ​ဝိ​သား အ​ကြီး​အ​ကဲ​တို့​သည် စောင်း၊ တ​ယော၊ ခွက်​ကွင်း​အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​နှင့် သီ​ချင်း​ဆို​တတ်​သော ညီ​အစ်​ကို​တို့​ကို ဝမ်း​မြောက်​စွာ အ​သံ​ပြိုင်​ဆို​စေ​ခြင်း​ငှာ ခန့်​ထား​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ 17ထို​လေ​ဝိ​သား​တို့​သည် ယော​လ​သား ဟေ​မန်၊ သူ၏​ညီ​စု​ထဲ​က ဗေ​ရ​ခိ​သား အာ​သပ်၊ မိ​မိ​တို့​ညီ​စု၊ မေ​ရာ​ရိ​အ​မျိုး​ထဲ​က ကု​ရှာ​ယ​သား ဧ​သန်​တို့​ကို​လည်း​ကောင်း၊ 18မိ​မိ​တို့​ညီ ဒု​တိ​ယ​အ​ရာ​ရှိ​ဖြစ်​သော ဇာ​ခ​ရိ၊ ဗင်္ယာ​ဇေ​လ၊ ရှေ​မိ​ရာ​မုတ်၊ ယေ​ဟေ​လ၊ ဥ​န္နိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ မာ​သေ​ယ၊ မ​တ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ၊ တံ​ခါး​စောင့်​ဩ​ဗ​ဒေ​ဒုံ၊ ယေ​လ၊ အာ​ဇ​ဇိ​တို့​ကို​လည်း​ကောင်း ခန့်​ထား​ကြ၏။ 19သီ​ချင်း​ဆ​ရာ ဟေ​မန်၊ အာ​သပ်၊ ဧ​သန်​တို့​သည် ကြေး​ဝါ​ခွက်​ကွင်း​ကို တီး​ရ​ကြ၏။ 20ဇာ​ခ​ရိ၊ ဗင်္ယာ​ဇေ​လ၊ ရှေ​မိ​ရာ​မုတ်၊ ယေ​ဟေ​လ၊ ဥ​န္နိ၊ ဧ​လျာ​ဘ၊ မာ​သေ​ယ၊ ဗေ​နာ​ယ​တို့​သည် အာ​လ​မုတ်​တ​ယော​ကို ထိုး​ရ​ကြ၏။ 21မ​တ္တိ​သိ၊ ဧ​လိ​ဖ​လေ၊ မိတ်​နေ​ယ၊ ဩ​ဗ​ဒေ​ဒုံ၊ ယေ​လ၊ အာ​ဇ​ဇိ​တို့​သည် အ​သံ​စုံ​လင်​စွာ ရှေ​မိ​နိတ်​စောင်း​ကို တီး​ရ​ကြ၏။ 22လေ​ဝိ​သား အ​ကြီး​အ​ကဲ​ဖြစ်​သော ခေ​န​နိ​သည် သီ​ချင်း​အ​တတ်၌ လေ့​ကျက်​သော​ကြောင့် သီ​ချင်း​ဆ​ရာ​ကြီး ဖြစ်၏။ 23ဗေ​ရ​ခိ​နှင့် ဧ​လ​ကာ​န​သည် သေ​တ္တာ​တော်​တံ​ခါး​စောင့်​ဖြစ်၏။ 24ယဇ်​ပု​ရော​ဟိတ် ရှေ​ဗ​နိ၊ ယော​ရှ​ဖတ်၊ နာ​သ နေ​လ၊ အာ​မ​သဲ၊ ဇာ​ခ​ရိ၊ ဗေ​နာ​ယ၊ ဧ​လျေ​ဇာ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ရှေ့​မှာ တံ​ပိုး​မှုတ်​ရ​ကြ၏။ ဩ​ဗ​ဒေ​ဒုံ​နှင့် ယေ​ဟိ​သည်​လည်း သေ​တ္တာ​တော်​တံ​ခါး​စောင့်​ဖြစ်၏။
ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ပ​င့်​ဆောင်​ခြင်း
(၂​ရာ၊ ၆:၁၂-၂၂)
25ထို​သို့ ဒါ​ဝိဒ်​မင်း​နှင့် ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ၊ လူ​တစ်​ထောင်​အုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို၊ ဩ​ဗ​ဒေ​ဒုံ​အိမ်​မှ ဝမ်း​မြောက်​သော​စိတ်​နှင့် ဆောင်​ခဲ့​ခြင်း​ငှာ​သွား​ကြ၏။ 26ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သော လေ​ဝိ​သား​တို့​ကို ဘု​ရား​သ​ခင်​မ​စ​တော်​မူ​သည်​ဖြစ်၍၊ သူ​တို့​သည် နွား​ခု​နစ်​ကောင်​နှင့် သိုး​ခု​နစ်​ကောင်​တို့​ကို ယဇ်​ပူ​ဇော်​ကြ၏။ 27ဒါ​ဝိဒ်​နှ​င့် သေ​တ္တာ​တော်​ကို​ထမ်း​သော လေ​ဝိ​သား​များ၊ သီ​ချင်း​ဆ​ရာ​ခေ​န​နိ​နှ​င့် သီ​ချင်း​ဆို​သူ​များ​တို့​သည် ပိတ်​ချော​ကို​ဝတ်​ကြ၏၊ ဒါ​ဝိဒ်​သည် ပိတ်​သင်​တိုင်း​ကို​လည်း​ထပ်၍​ဝတ်၏။ 28ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြွေး​ကြော်​လျက်၊ နှဲ​ခ​ရာ၊ တံ​ပိုး၊ ခွက်​ကွင်း၊ တ​ယော၊ စောင်း​တို့​ကို တီး​မှုတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဆောင်​ခဲ့​ကြ၏။ 29ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​သည် ဒါ​ဝိဒ်​မြို့​ထဲ​သို့​ဝင်​သော​အ​ခါ၊ ရှော​လု၏​သ​မီး​မိ​ခါ​လ​သည် ပြတင်း​ပေါက်​က​ကြည့်၍၊ ဒါ​ဝိဒ်​မင်း​ကြီး​သည် က​လျက် တီး​မှုတ်​လျက်​လာ​သည်​ကို မြင်​သ​ဖြင့် စိတ်​နှ​လုံး​ထဲ၌ မ​ထီ​မဲ့​မြင်​ပြု၏။

လက်ရှိရွေးချယ်ထားမှု

၁ ရာဇဝင်ချုပ် 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။