YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာ~ခ~ရိ~ကျမ်း။ 9

9
1-2ဣ သ ရေ လ အ နွယ် အ ပေါင်း တို့ မှ စ၍ လူ အ မျိုး မျိုး တို့ ကို၊ ထာ ဝ ရ ဘု ရား မျက် မှောက် ပြု တော် မူ သည့် အ လျောက်၊ ဟာ ဒ ရက် နယ်၊ သင့် ရောက် ရာ ဒ မာ သက် နယ်၊ နီး စပ် သော ဟာ မတ် နယ်၊ ပ ညာ ရှိ သော ဇိ ဒုန် မြို့ နှင့် တု ရု မြို့ များ ပေါ် တွင်၊ ထာ ဝ ရ ဘုရား ၏ ဗျာ ဒိတ် ဝန် တင် ချက် ကား၊ 3တု ရု မြို့ သည်၊ ခံ တပ် သ ဖွယ် ကိုယ် ကို တည် ဆောက် လျက်၊ မြေ မုန့် နှင့် အ မျှ ငွေ ကိုလည်း ကောင်း၊ လမ်း ရွှံ့ နှင့် အ မျှ ရွှေ ကိုလည်း ကောင်း၊ ဆည်း ပူး သော် လည်း၊ ငါ ထာ ဝ ရ ဘု ရား သည်၊ 4ထို စည်း စိမ် ကို သိမ်း ယူ လျက်၊ ပင် လယ် ထဲ သို့ ပစ် ချ၍၊ မြို့ ကို လည်း ကျွမ်း လောင် စေ မည်။ 5အာ ရှ ကေ လုန် မြို့ သည် သိ မြင်၍ ကြောက် ရွံ့ ခြင်း၊ ဂါ ဇ မြို့ နှင့် ဧ ကြုန် မြို့ များ သည်၊ ခို လှုံ ရာ ပျက် သော ကြောင့် နာ ကျင် ခြင်း ခံ ရ လျက်၊ ဂါ ဇ မြို့ မင်း ရိုး ပြတ်၍၊ အာ ရှ ကေ လုန် မြို့ လူ ဆိတ် လိမ့် မည်။ 6ဖိ လိ တ္တိ လူ မျိုး၏ ဂုဏ် အ သ ရေ ကို၊ ငါ ပယ် ဖြတ် မည့် အ လျောက်၊ အာ ဇုတ် မြို့ တွင် ဗ န္ဒတ် တို့ နေ ရာ ကျ သ ဖြင့်၊ 7သုံး ဆောင် လေ့ ရှိ သည့် အ သွေး ရော သော သ က္ကာ၊ စက် ဆုပ် ဖွယ် ရာ သ က္ကာ များ ကို၊ ငါ နှိုက် ယူ ပြီး လျှင်၊ ထို လူ မျိုး သည်၊ #9.7  ပါ ဠိ - ငါ တို့ ဘု ရား သ ခင်။ငါ ဘု ရား သ ခင့် အ ဖို့ အ ကြွင်း အ ကျန်၊ ယု ဒ လူ မျိုး တို့ တွင် တစ် နွယ် ဖြစ် မည့် ပြင်၊ ဧ ကြုန် မြို့ သား တို့ သည်၊ #9.7  ပါ ဠိ - ယေ ဗု သိ လူ မျိုး။ယေ ရု ရှ လင် မြို့ သား တို့ ကဲ့ သို့ ဖြစ် လ တ္တံ့။ 8ငါ သည် ဒိ ဋ္ဌ မြင် ခဲ့ ရ သည် ဖြစ် ၍၊ ညှဉ်း ဆဲ သူ ထွက် ဝင် ဖြတ် သွား ခွင့် မ ရ စေ ခြင်း ငှာ၊ ဗိ မာန် တော် ကို ကွယ် ကာ ရန်၊ ကင်း တပ် သ ဖွယ် စွဲ ရပ် မည် ဟူ၍ တည်း။
9အို သ တို့ သ မီး ဇိ အုန်၊ အား ရ ရွှင် လန်း လော့။ အို သ တို့ သ မီး ယေ ရု ရှ လင်၊ ကြွေး ကြော် လော့။ အောင် မြင် ကယ် တင် ရာ သက် ရောက် လျက်၊ စိတ် နှိမ့် ချ သော သင်၏ ဘု ရင် မင်း သည်၊ မြည်း မ၏ သား ငယ်၊ မြည်း ပေါ် တွင် စီး ကြွ သည် တ ကား။ 10ဧ ဖ ရိမ် နယ် မှ ရ ထား တပ် ကိုလည်း ကောင်း၊ ယေ ရု ရှ လင် မြို့ မှ မြင်း တပ် ကို လည်း ကောင်း၊ လေး လက် နက် ပါ၊ ငါ ပယ် ရှား မည့် အ လျောက်၊ ထို မင်း သည် လူ မျိုး ခြား တို့ အား၊ ရန် ငြိမ်း ခြင်း အ မိန့် ထုတ် လျက်၊ ပင် လယ် တစ် ပြင် မှ တစ် ပြင် တိုင် အောင် လည်း ကောင်း၊ မြစ် ကြီး မှ မြေ စွန်း တိုင် အောင်လည်း ကောင်း၊ အ စိုး ရ လိမ့် မည်။ 11သင် နှင့် ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် တော် အ သွေး ကို ထောက်၍၊ သင့် အ မျိုး အ ကျဉ်း သား တို့ ကို၊ သောက် ရေ မဲ့ သော လှောင် တွင်း မှ ငါ လွှတ် မည်။ 12စောင့် မျှော် လျက် နေ သော၊ အို အ ကျဉ်း သား တို့၊ ခံ တပ် တော် သို့ ပြန် လာ ကြ လော့။ ကျေး ဇူး နှစ် ဆ ကို ငါ သ နား မည် ဟု၊ ယ နေ့ ပင် ငါ ကြော် ငြာ ၏။ 13အို ဇိ အုန်၊ ယု ဒ အ မျိုး ကို လေး သ ဖွယ် တင်၍၊ ဧ ဖ ရိမ့် အ မျိုး နှင့် ရွယ် သော ငါ သည်၊ သင့် ကို သူ ရဲ ကောင်း၏ ဓား လက် နက် အ ဖြစ် ထား လျက်၊ မြို့ သား တို့ ကို လည်း ဂ ရိတ် အ မျိုး သား တို့ တစ် ဘက် ဆော် ဩ မည်။ 14ငါ ထာ ဝ ရ ဘု ရား သည်၊ သူ တို့ အ ထက် ထင် ရှား လျက်၊ မြှား တော် ကို လျှပ် စစ် ကဲ့ သို့ လွှတ် ခြင်း၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား သည် တံပိုး မှုတ် လျက်၊ တောင် မျက် နှာ လေ ပြင်း မုန် တိုင်း နှင့် တ ကွ ထွက် ကြွ ခြင်း၊ 15ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား သည် ကွယ် ကာ ခြင်း များ ကို ပြု မည့် အ လျောက်၊ ထို သူ တို့ သည် ပစ် ခတ် သော လောက် စာ များ ကို နင်း၍ စ ပျစ် ရည် ဝ သည့် နည်း တူ ကြိမ်း ဝါး သောက် စား လျက်၊ အင် တုံ များ နှင့် ပူ ဇော် ရာ ပလ္လင် ထောင့် များ ကဲ့ သို့ စွတ် စို ကြ လိမ့် မည်။ 16သူ တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည်၊ ထို နေ့ ရက် ကာ လ၊ လူ မျိုး တော် ကို သိုး အုပ် သ ဖွယ် ကယ် ဆယ် မည် ဖြစ်၍၊ ထို သူ တို့ သည် ပြည် တော် တွင် တောက် ပ သော၊ န ဝ ရတ် မ ကိုဋ် ကဲ့ သို့ ဖြစ် လျက်၊ 17ရှု ကြည့် ဖွယ် ကောင်း ခြင်း၊ အ ဆင်း လှ ခြင်း ရှိ လိမ့် တ ကား။ လူ ပျို တို့ သည် ဆန် စပါး ကြောင့် လည်း ကောင်း၊ အ ပျို တို့ သည် စ ပျစ် ရည် ကြောင့် လည်း ကောင်း၊ ပြန့် ပြော ကြ လ တ္တံ့။

လက်ရှိရွေးချယ်ထားမှု

ဇာ~ခ~ရိ~ကျမ်း။ 9: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ