ဇာ~ခ~ရိ~ကျမ်း။ 8
8
1ငါ သို့ ရောက် ပြန် သော၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား။ 2ငါ သည် ဇိ အုန် မြို့ ကို ထောက်၍၊ အား ကြီး သော စိတ်၊ ထက် သန် သော စေ တ နာ ကြောင့် အ မျက် တော် ထား သည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ 3ဇိ အုန် တောင် သို့ ပြန် ကြွ ပြီး သော ငါ သည်၊ ယေ ရု ရှ လင် မြို့ တွင် စံ နေ မည့် အ လျောက်၊ ထို မြို့ တော် ကို၊ သ စ္စာ တည် သော မြို့ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား၏ တောင် တော် ကို၊ သန့် ရှင်း သော တောင် ဟု၊ သ မုတ် ကြ မည့် အ ကြောင်း၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။ 4အို မင်း လှ သည့် အ တွက်၊ တောင် ဝေး စွဲ ရ သော အ သက် ရှည် သူ ယောက်ျား မိန်း မ တို့ သည်၊ ယေ ရု ရှ လင် မြို့ ရှိ လမ်း များ တွင် စင်္ကြံ လျှောက် သည့် ပြင်၊ 5က စား လျက် နေ သော သူ ငယ်၊ သူ ငယ် မ တို့ လည်း၊ လမ်း တိုင်း ပြည့် နှက် ကြ ဦး မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ 6ဤ အ ချင်း အ ရာ သည်၊ ထို ကာ လ၌ ရှိ သော လူ မျိုး တော် အ ကြွင်း အ ကျန် ရှေ့ တွင်၊ ထူး ဆန်း ဖွယ် ဖြစ် ခဲ့ လျှင်၊ ငါ့ ရှေ့ တွင် လည်း ထူး ဆန်း ဖွယ် ဖြစ် မည် လော ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မေး တော် မူ ၏။ 7လူ မျိုး တော် ကို၊ နေ ထွက် ရာ၊ နေ ဝင် ရာ ပြည် များ မှ၊ ငါ ကယ် ဆယ် ဆောင် ယူ မည့် အ လျောက်၊ 8ယေ ရု ရှ လင် မြို့ တွင် နေ ထိုင် ရ သော သူ တို့ သည်၊ ငါ့ လူ မျိုး တော်၊ ငါ လည်း သူ တို့ ဘု ရား သ ခင် ဖြစ် လျက်၊ ဖြောင့် မတ် စွာ သစ္စာ စောင့် ကြ လိမ့် မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ 9ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် တိုက် မြစ် ချ သော နေ့ ရက် တွင် တည် ဆောက် ရ မည် ဟူ၍ ပ ရော ဖက် တို့ ဆင့် ဆို ခဲ့ သည့် အ ချက် များ ကို၊ ယ ခု ကြား နာ ရ သူ သင် တို့၊ လက် သ တ္တိ ရှိ ကြ စေ။ 10ထို ကာ လ မ ရောက် မီ လူ အ ခ၊ တိ ရ စ္ဆာန် အ ခ မ ရှိ။ ထွက် သူ ဝင် သူ တို့ သည်၊ ရန် ဘက် ကြောင့် ရန် ကင်း၍ မ နေ။ အ ချင်း ချင်း တို့ ကို ငါ ရန် တိုက် သည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ 11ယ ခု မှာ မူ၊ ထို ကာ လ ကဲ့ သို့၊ ဤ လူ မျိုး အ ကြွင်း အ ကျန် တို့၌၊ ငါ ပြု မည် မ ဟုတ်။ 12စည်း စိမ် ချမ်း သာ ဆိုင် ရာ မျိုး စေ့ ရှိ သည့် အ လျောက်၊ စ ပျစ် ပင် သည် အ သီး သီး ခွင့်၊ မြေ သည် အ သီး အ နှံ ပေး ခွင့်၊ ကောင်း ကင် သည် နှင်း ကျ ခွင့် ကို ရ သ ဖြင့်၊ ဤ လူ မျိုး အ ကြွင်း အ ကျန် တို့ လည်း။ ထို ရှိ သ မျှ ကို ပိုင် ခွင့် ရ ကြ လ တ္တံ့။ 13အို ယု ဒ နှင့် ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ ကို ငါ ကယ် ဆယ် မည် ဖြစ်၍၊ လူ မျိုး ခြား တို့ တွင် အ မင်္ဂ လာ ခံ ဘူး သော သင် တို့ သည်၊ မင်္ဂ လာ အ ရင်း ခံ ဖြစ် ကြ လိမ့် မည်။ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ လက် သ တ္တိ ရှိ ကြ စေ ဟု ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။ 14သင် တို့ ဘိုး ဘေး များ သည်၊ ငါ့ ကို အ မျက် တိုက် ပြု ကြ သည့် ကာ လ၊ မ ကောင်း ကျိုး ပေး မည် ဟု၊ စိတ် တော် မ ပြောင်း ဘဲ ငါ ပြ ဋ္ဌာန်း ခဲ့ သည် နည်း တူ၊ 15ယ ခု ကာ လ၌၊ ယေ ရု ရှ လင် မြို့ နှင့် ယု ဒ အ မျိုး သား တို့ အား၊ ကောင်း ကျိုး ပေး ရန် ငါ ပြ ဋ္ဌာန်း ပြီ။ မ ကြောက် ရွံ့ ကြ လင့် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ 16လူ အ ချင်း ချင်း သ စ္စာ သုံး ခြင်း၊ မြို့ တံ ခါး တွင် ရန် ငြိမ်း အောင် တ ရား သ ဖြင့် ဆုံး ဖြတ် ခြင်း များ ကို ပြု ကြ လော့။ 17အ ချင်း ချင်း မ ကောင်း ကြံ စည် ခြင်း၊ မု သာ သုံး ၍ သက် သေ ခံ ခြင်း များ ကို ငါ ရွံ ရှာ သည့် အ တွက်၊ မ ပြု ကြ လင့် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ၍ တည်း။
18ငါ သို့ ရောက် ပြန် သော၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား။ 19စ တု တ္ထ၊ ပ ဥ္စ မ၊ သ တ္တ မ၊ ဒ သ မ လ များ တွင်၊ အ စာ ရှောင် ရာ သိ တင်း များ ကို ယု ဒ အ မျိုး သား တို့ သည် သ စ္စာ စောင့် ခြင်း၊ ရန် ငြိမ်း ခြင်း ခင် မင် လျက်၊ အား ရ ဝမ်း မြောက် ရွှင် လန်း စွာ ကျင်း ပ ကြ ရ မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။ 20နောင် ကာ လ၊ အ ခြား သော လူ မျိုး လူ စု တို့ သည်၊ မြို့ အ မြောက် အ မြား က အ ဖူး လာ ကြ သည့် အ လျောက်၊ 21ထာ ဝ ရ ဘု ရား၏ မျက် နှာ တော် ကို ဖူး မြော် ရန် လည်း ကောင်း၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ ရန်လည်း ကောင်း၊ သွား ကြ ကုန် အံ့။ ငါ့ ကိုယ် တိုင် သွား မည် ဟု၊ တစ် မြို့ သား တို့ က တစ် မြို့ သား တို့ အား၊ တိုက် တွန်း ကြ လိမ့် မည်။ 22မြောက် မြား သော လူ မျိုး၊ တန် ခိုး ကြီး သော နိုင် ငံ သား တို့ သည်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ ၍၊ မျက် နှာ တော် ကို ဖူး မြော် ရန်၊ ယေ ရု ရ ရှ လင် မြို့ သို့ လာ ရောက် ကြ လ တ္တံ့ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။ 23ထို နေ့ ရက် ကာ လ၌၊ ဘာ သာ စ ကား အ မျိုး မျိုး ဖြစ် သော လူ မျိုး ခြား တို့ အ နက်၊ လူ တစ် ကျိပ် သည်၊ ယု ဒ အ မျိုး လူ တစ် ဦး၏ ပု ဆိုး ကို ကိုင် လျက်၊ သင် တို့ နှင့် အ တူ ဘု ရား သ ခင် ရှိ တော် မူ သော သ တင်း ကို ကြား ရ သည့် အ တွက်၊ ကျွန်ုပ် တို့ လိုက် ပါ မည် ဟု ဝန် ခံ ကြ မည့် အ ကြောင်း၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ၍ တည်း။
လက်ရှိရွေးချယ်ထားမှု
ဇာ~ခ~ရိ~ကျမ်း။ 8: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.