YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာ~ခ~ရိ~ကျမ်း။ 7

7
1တစ် ဖန်၊ ဒါ ရိ မင်း နန်း စံ လေး နှစ်၊ ခိ သ လု ခေါ်၊ န ဝ မ လ လေး ရက် တွင်၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည်၊ ငါ ဇာ ခ ရိ သို့ ရောက် ပြန် ၏။ 2-3ထို ကာ လ၊ ထာ ဝ ရ ဘု ရား၏ မျက် နှာ တော် ကို ဖူး မြော် စေ ခြင်း ငှာလည်း ကောင်း၊ ဤ မျှ လောက် နှစ် ကာ လ အ တွင်း၊ ကျွန် တော် တို့ သည် ပ ဥ္စမ လ၌ သိ တင်း သုံး ခြင်း၊ ငို ကြွေး ခြင်း ကို ပြု လေ့ ရှိ သည့် နည်း သူ ပြု ကြ ရ ဦး မည် လော ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော့် ဆိုင် ရာ ပ ရော ဟိတ် နှင့် ပ ရော ဖက် တို့ ထံ မေး လျှောက် စေ ခြင်း ငှာလည်း ကောင်း၊ ရှ ရေ ဇာ၊ ရေ ဂင်္မေ လက် နှင့် အ ပေါင်း အ ပါ တို့ ကို။ ဗေ သ လ မြို့ သား တို့ စေ လွှတ် ကြ သည့် အ တိုင်း၊ 4ငါ သို့ ရောက် လာ သော၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား။ 5ပ ရော ဟိတ် တို့ နှင့် ပြည် သူ ပြည် သား အ ပေါင်း တို့ အား သင် က၊ လွန် ခဲ့ သော နှစ် ပေါင်း ခု နစ် ဆယ် အ တွင်း အ စာ ရှောင် ခြင်း၊ မြည် တမ်း ခြင်း ကို ပ ဥ္စ မ လ နှင့် သ တ္တ မ လ များ၌၊ သင် တို့ ပြု ကြ သည် မှာ။ ငါ့ ကို ရည် ဆောင် ကြ သလော။ 6စား ပွဲ သောက် ပွဲ များ ကို ပြု ကြ သည် မှာ၊ ကိုယ် ကို ရည် ဆောင် ကြ သည် မ ဟုတ် လော။ 7ပတ် ဝန်း ကျင် ရှိ ဇ န ပုဒ် များ နှင့် တ ကွ၊ ယေ ရု ရှ လင် မြို့ တော် သည်၊ ငြိမ် ငြိမ် သက် သက် စည် ကား လျက်၊ နေ ဂပ် ခ ရိုင်၊ ရှ ဖေ လ ခ ရိုင် လည်း စည် ကား လျက် ရှိ စဉ်၊ အ ထက် ပ ရော ဖက် တို့ အား ဖြင့်၊ ငါ ထာ ဝ ရ ဘု ရား ဟစ် ကြော် ခဲ့ သော အ ချက် များ ကို သင် တို့ နာ ခံ အပ် ကြ သည် တ ကား ဟူ ၍ တည်း။
8ငါ ဇာ ခ ရိ သို့ ရောက် ပြန် သော၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊ 9လူ အ ချင်း ချင်း တို့၌၊ သ မ္မာ တ ရား အ တိုင်း ဆုံး ဖြတ် လျက်၊ သင်္ဂ ဟ တ ရား နှင့် က ရု ဏာ တ ရား ကို ဆောင် လျက်၊ 10မု ဆိုး မ၊ ဖ သက် ဆိုး၊ ဝင် နေ သူ၊ ဆင်း ရဲ သား တို့ အား နှိပ် စက် ခြင်း၊ အ ချင်း ချင်း မ ကောင်း ကြံ စည် ခြင်း များ ကို မ ပြု ကြ လင့် ဟု၊ ဗိုလ်ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ခဲ့ သော် လည်း၊ 11ထို သူ တို့ သည် နား မ စွင့် ဘဲ ကုတ် တွန့် လျက်၊ မ ထောင် ရ စေ ခြင်း ငှာ နား ပိတ် လျက်၊ 12ပ ညတ် တ ရား တော် မှ စ၍၊ ဝိ ညာဉ် တော် ထောက် ခံ သူ အ ထက် ပ ရော ဖက် တို့ အား ဖြင့်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား ပေး ပို့ ခဲ့ သော အ ချက် များ ကို နာ ခံ မည် စိုး၍၊ စိန် ကျောက် နှင့် အ မျှ စိတ် နှ လုံး ခက် မာ စေ ကြ သည့် အ တွက်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား ထံ မှ၊ ပြင်း ထန် သော အ မျက် ဒဏ် သင့် ရောက် သည် တ ကား။ 13ငါ ဟစ် ကြော် သော အ ခါ၊ ချင်း တို့ နား မ ထောင် ဘဲ နေ ကြ သည် နည်း တူ၊ ချင်း တို့ ဟစ် သော အ ခါ၊ ငါ လည်း နား မ ညောင်း ဘဲ၊ 14မ သိ ဘူး သော လူ အ မျိုး မျိုး တို့ တွင်၊ လေ ပြင်း မုန် တိုင်း သ ဖွယ် တိုက် လွင့် စေ မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား တင် ရင် မိန့် ဆို သည့် အ တိုင်း၊ ဝင် သူ ထွက် သူ မဲ့ သည့် တိုင် အောင်၊ နေ ရင်း ပြည် သည် ဆိတ် ညံ ရာ ရောက်၏။ ထို သို့ ပင် သာ ယာ သော ပြည် တော် ကို ဆိတ် ညံ ရာ ရောက် စေ ကြ လေ စွ ဟူ၍ တည်း။

လက်ရှိရွေးချယ်ထားမှု

ဇာ~ခ~ရိ~ကျမ်း။ 7: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ