ဇာ~ခ~ရိ~ကျမ်း။ 6
6
1နောက် တစ် ဖန်၊ ငါ မော် ကြည့် သော်၊ ကြေး တောင် နှစ် လုံး ကြား မှာ ပေါ် လာ သော စစ် ရ ထား လေး စီး အ နက်၊ 2ပ ဌ မ ရ ထား ၌ မြင်း နီ များ၊ ဒု တိ ယ ရ ထား ၌ မြင်း နက် များ၊ 3တ တိ ယ ရ ထား ၌ မြင်း ဖြူ များ၊ 4စ တု တ္ထ ရ ထား ၌ မြင်း ဖောင်း ဝတ် များ က လျက် ရှိ သည် ကို မြင် ရ လျှင်၊ အို အ ရှင် ဘု ရား၊ ဤ အ ရာ များ ကား၊ မည် သို့ ပါ နည်း ဟု မေး ရာ၊ 5ငါ နှင့် မြွက် ဆို သော စေ တ မန် တော် က၊ ငါ မြေ တစ် ပြင် လုံး ပိုင် ရှင် အ ရှင့် ရှေ့ တော် တွင် ခ စား ရာ မှ ထွက် လာ ခဲ့ သော လေး မျက် နှာ လေ ပြင်း များ တည်း။ 6က ပြီး မြင်း နက် များ သည်၊ မြောက် ပိုင်း ပြည် သို့ သွား ရာ၊ မြင်း ဖြူ များ လိုက် လျက်၊ မြင်း ဖောင်း ဝတ် များ သည်၊ တောင် ပိုင်း ပြည် သို့ သွား ကြ ၏။ 7မြင်း နီ များ သည် ထွက်၍၊ မြေ ကြီး တစ် လျှောက် သွား မည် ပြု ကြ ရာ၊ ထွက် လော့။ မြေ ကြီး တစ် လျှောက် သွား လာ ကြ လော့ ဟူ သော အ မိန့် တော် အ တိုင်း၊ မြေ ကြီး တစ် လျှောက် သွား လာ ကြ၏။ 8ငါ့ အား လည်း၊ ကြည့် လော့။ မြောက် ပိုင်း ပြည် သို့ သွား ရောက် ခဲ့ သော မြင်း များ ကြောင့်၊ ထို ပြည် နှင့် စပ် လျဉ်း၍ စိတ် တော် ပြေ ပြီ ဟု ဟစ် ကြော် မိန့် မြွက် တော် မူ ကြောင်း ပြန် ဆို လေ ၏။
9တစ် ဖန်၊ ငါ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား၊ 10ဟေ လ ဒဲ၊ တော ဘိ ယ နှင့် ယေ ဒါ ယ တို့ သည်၊ သိမ်း သွား ခံ ရာ ဗာ ဗု လုန် မြို့ မှ ပြန် လာ၍၊ ဇေ ဖ နိ သား ယော ရှိ အိမ် သို့ ဝင် ရောက် သော နေ့ ရက် တွင် ပင်၊ သင့် ကိုယ် တိုင် သွား ရောက် ၍၊ 11ရွှေ ငွေ လက် ဆောင် ကို ခံ ယူ လျက်၊ တ မာ ရွက် ဗောင်း ကို လုပ် ပြီး လျှင်၊ ယော ဇ ဒက် သား ပ ရော ဟိတ် မင်း ယော ရှု၏ ဦး ခေါင်း တွင် တင်၍၊ ဆင့် ဆို ရ မည် မှာ၊ 12အ ညှောက် တော် အ မည် ရှိ သူ့ ကို ကြည့် လော့။ ထို သူ သည် နေ ရင်း အ ရပ်၌ ပင် ပေါက် လျက်၊ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် ကို တည် ဆောက် လိမ့် မည်။ 13ဗိ မာန် တော် ကို တည် ဆောက် မည့် ထို သူ သည်၊ အ သ ရေ ဆောင် လျက် ရာ ဇ ပ လ္လင် ထက် စိုး စံ စဉ်၊ ပ ရော ဟိတ် မင်း တစ် ပါး သည်၊ ပ လ္လင့် အ နီး၌ နေ ရာ တော် ရ မည့် အ လျောက်၊ နှစ် ပါး လုံး တိုင် ပင် လျက်၊ ပြည် ကျိုး ဖြစ် ထွန်း စေ ကြ လိမ့် မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို လော့။ 14ထို တ မာ ရွက် ဗောင်း ကို၊ #6.14 ပါ ဠိ - ဟေ လင်။ဟေ လ ဒဲ၊ တော ဘိ ယ၊ ယေ ဒါ ယ နှင့် ဇေ ဖ နိ သား #6.14 ပါ ဠိ - ဟင်။ယော ရှိ တို့ #6.14 ပါ ဠိ - မှတ် သား ဖွယ်။ကောင်း မှု အ ဖြစ်၊ ငါ ထာ ဝ ရ ဘု ရား ဗိမာန် တော် တွင် တည် ထား ရ မည်။ 15ဝေး ကွာ စွာ နေ သော သူ တို့ လည်း လာ ရောက် လျက်၊ ငါ ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ကို ကူ ညီ တည် ဆောက် ကြ လတ္တံ့ ဟူ ၍ တည်း။ ငါ့ ကို၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ ကြောင်း၊ သင် တို့ သိ ရ ကြ သည့် ပြင်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို၊ နား ထောင် နာ ခံ ကြ လျှင်၊ ထို သို့ ဖြစ် ထွန်း ရ လ တ္တံ့။
လက်ရှိရွေးချယ်ထားမှု
ဇာ~ခ~ရိ~ကျမ်း။ 6: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.