ဇာ~ခ~ရိ~ကျမ်း။ 10
10
1မိုး နှောင်း ကာ လ၌၊ ထာ ဝ ရ ဘု ရား ထံ မိုး ကို တောင်း ကြ လော့။ လျှပ် စစ် ကို ပြု ပြင် သော ထာ ဝ ရ ဘု ရား သည်၊ မိုး ရွာ စေ လျက်၊ လူ အ သီး အ သီး တို့ ကွင်း ၌ ကောက် ပင် ပေါက် စေ တော် မူ၏။ 2တေ ရပ် ဆင်း တု များ သည် မိ စ္ဆာ ဟော ခြင်း၊ ဗေ ဒင် ဆ ရာ တို့ သည် မု သာ မျှော် မြင် ခြင်း၊ တိ တ္ထုံ ဆ ရာ တို့ သည် အ ချည်း အ နှီး ဖတ် ခြင်း များ ကို ပြု လျက်၊ အ ကျိုး မဲ့ အား ပေး ကြ သည့် အ လျောက်၊ လူ မျိုး တို့ သည် အ ထိန်း အ ကျောင်း မ ရှိ သည့် အ တွက်၊ သိုး ဆိတ် များ ကဲ့ သို့ လမ်း လွဲ လျက် ဒု က္ခ ရောက် ကြ လေ စွ။
3ငါ သည်၊ ထို အ ထိန်း အ ကျောင်း တို့ အ ပေါ် တွင် အ မျက် တော် ထား လျက်၊ ဆိတ် ထီး ကြီး တို့ ကို လည်း အ စီ အ ရင် ကြွ လာ မည်။ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား သည်၊ ယု ဒ အ မျိုး သား တည်း ဟူ သော သိုး အုပ် တော် ကို၊ အ ကြည့် အ ရှု ကြွ လာ လျက်၊ စစ် ပွဲ၌ အ သ ရေ ဆောင် မြင်း ကဲ့ သို့ ဖြစ် စေ မည်။ 4တိုက် ထောင့် ကျောက်၊ တဲ ကြက် ဆူး၊ လေး လက် နက် သ ဖွယ် ဖြစ် သူ တို့ နှင့် တ ကွ၊ အုပ် ချုပ် သော မင်း အ ပေါင်း တို့ သည်၊ ကိုယ့် အ မျိုး က ပေါ် ထွက် လျက်၊ 5စစ် ရေး တွင် ရန် သူ တို့ ကို လမ်း ရွှံ့ အ ဖြစ် နင်း၍၊ ငါ ထာ ဝ ရ ဘု ရား ပါ ရှိ သော ကြောင့်၊ သူ ရဲ ကောင်း တို့ ကဲ့ သို့ တိုက် ခိုက် သ ဖြင့်၊ ရန် ဘက် မြင်း စီး သူ ရဲ တို့ သည် ဆုံး ရှုံး ရ ကြ လ တ္တံ့။ 6ထို သို့ ငါ သည်၊ ယု ဒ အ မျိုး သား တို့ ကို ခွန် အား ပေး လျက်၊ ယော သပ် အ မျိုး သား တို့ ကို ကယ်ဆယ် လျက်၊ က ရု ဏာ သက် သည့် အ တိုင်း ပြန် လာ စေ ပြီး လျှင်၊ မ စွန့် ပစ် ခဲ့ သည့် နည်း တူ ငါ ထား ဦး အံ့။ ငါ သည် သူ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် သည့် အ လျောက်၊ နား ညောင်း မည်။ 7ဧ ဖ ရိမ့် အ မျိုး သည် သူ ရဲ ကောင်း နှင့် တူ လျက်၊ စ ပျစ် ရည် ဝ သ ကဲ့ သို့ စိတ် ရွှင် လန်း ကြ မည့် ပြင်၊ သိ မြင် ရ သော သား မြေး တို့ လည်း အား ရ လျက်၊ ငါ ထာ ဝ ရ ဘု ရား ကြောင့် စိတ် ရွှင် လန်း ကြ လိမ့် မည်။ 8ထို သူ တို့ ကို၊ ငါ ရွေး နုတ် ပြီး သည့် အ လျောက်၊ လေ ချွန်၍ ခေါ် သိမ်း သ ဖြင့်၊ အ ထက် နည်း တူ တိုး ပွား ကြ လိမ့် မည်။ 9လူ အ မျိုး မျိုး တွင် ငါ ကွဲ လွင့် စေ သော ထို သူ တို့ သည်၊ ဝေး ကွာ သော ပြည် များ၌ ငါ့ ကို သ တိ ရ လျက်၊ သား မြေး တို့ နှင့် အ တူ နေ ထိုင် ရာ မှ၊ ပြန် ရောက် ကြ ရ လ တ္တံ့။ 10ငါ သည် အိ ဂျစ် ပြည် မှ တစ် ဖန် ခေါ် ဆောင် ခြင်း၊ အာ ရှု ရိ ပြည် မှ စု သိမ်း ခြင်း ကို ပြု လျက်၊ ဂိ လဒ် နယ်၊ လေ ဗ နုန် နယ် များ တွင်၊ နေ ရာ လပ် မ ရှိ သည့် တိုင် အောင် ပြန် ပို့ ရာ၊ 11ပင် လယ် အ ကျဉ်း အ ကျပ် ကို ဖြတ် သွား လျက်၊ လှိုင်း တံ ပိုး ကို ဒဏ် ခတ် တော် မူ သ ဖြင့်၊ နိ လ မြစ် ရေ သည် ခန်း ခြောက် ခြင်း၊ အာ ရှု ရိ အ မောက် အ မာ သည် ရှုတ် ချ ခြင်း၊ အိ ဂျစ် အာ ဏာ စက် သည် ပ ပျောက် ခြင်း များ ကို ခံ ရ ကြ လ တ္တံ့။ 12ငါ ထာ ဝ ရ ဘု ရား ကြောင့် ခွန် အား ရှိ သည် နှင့်၊ ထို သူ တို့ သည် နာ မ တော် ကို အ မှီ ပြု လျက်၊ သွား လာ ခွင့် ရ ကြ လ တ္တံ့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။
လက်ရှိရွေးချယ်ထားမှု
ဇာ~ခ~ရိ~ကျမ်း။ 10: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.