ဇာ~ခ~ရိ~ကျမ်း။ 1
1
1ဒါ ရိ မင်း နန်း စံ နှစ် နှစ်၊ အ ဋ္ဌ မ လ တွင်၊ ဣ ဒေါ မြေး၊ ဗာ ရ ခိ သား ပ ရော ဖက် ဇာ ခ ရိ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊ 2ငါ ထာ ဝ ရ ဘု ရား သည်၊ သင် တို့ ဘိုး ဘေး များ အ ပေါ် သို့၊ ပြင်း ထန် သော အ မျက် တော် ထား ရ ၏။ 3သို့ ဖြစ်၍၊ သင် သည် ငါ့ ထံ သို့ ပြန် လာ ကြ လော့ ဟူ ၍ လည်း ကောင်း၊ ငါ လည်း သင် တို့ ထံ ပြန် ကြွ မည် ဟူ၍ လည်း ကောင်း၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ 4သင် တို့ ဆိုး သွမ်း သော အ လေ့ အ လာ အ ပြု အ မူ များ မှ ပြောင်း လဲ ကြ လော့ ဟူ ၍၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟု အ ထက် ပ ရော ဖက် တို့ ဟစ် ကြော် သော် လည်း၊ ငါ၏ ဗျာ ဒိတ် တော် ကို နား ထောင် နာ ခံ ခြင်း မ ပြု သော ဘိုး ဘေး တို့ အ လိုက် မ ပြု ကြ နှင့် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဘိုး ဘေး တို့ သည် အ ဘယ် မှာ နည်း။ 5ပ ရော ဖက် တို့ လည်း ကာ လ အ စဉ် အ သက် ရှင် ကြ သ လော။ 6ကျွန် တော် ရင်း ဖြစ် သော ထို ပ ရော ဖက် တို့ အား ငါ မိန့် မှာ ခဲ့ သော ဗျာ ဒိတ် ချက်၊ ထုံး ဖွဲ့ ချက် များ မှာ မူ၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ငါ တို့ အ လေ့ အ လာ အ ပြု အ မူ အ လိုက် စီ ရင် ရန် ပြ ဋ္ဌာန်း ချက် အ ရ၊ စီ ရင် တော် မူ ခဲ့ ပြီ တ ကား ဟု ဝန် ခံ၍ ပြောင်း လဲ ရ သည့် တိုင် အောင်၊ ထို ဘိုး ဘေး တို့ ကို ထက် ကြပ် လိုက် ခဲ့ သည် မ ဟုတ် လော ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို လော့ ဟူ၍ တည်း။
7ဒါ ရိ မင်း နန်း စံ နှစ် နှစ်၊ ရှေ ဗတ် ခေါ် ဧ ကာ ဒ သ မ လ နှစ် ဆယ့် လေး ရက် တွင်၊ ဣ ဒေါ မြေး၊ ဗာ ခ ရိ သား ပရော ဖက် ဖြစ် သူ ငါ ဇာ ခ ရိ သို့၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် ရူ ပါ ရုံ တော် ရောက် လာ သည့် အ တိုင်း၊ 8ညဉ့် အ ခါ၌ ငါ ရှု ကြည့် ရာ၊ ချိုင့် ရှိ ကျောက် ပန်း မြိုင် တွင် ရပ် တန့် လျက် မြင်း နီ စီး သူ တစ် ဦး နှင့် တ ကွ၊ နောက် ပါ မြင်း နီ၊ မြင်း ရွှေ၊ မြင်း ဖြူ များ ကို မြင် ရ သော်၊ 9အို အ ရှင် ဘု ရား၊ ဤ သူ တို့ ကား မည် သူ ပါ နည်း ဟု မေး လျှင်၊ ငါ နှင့် မြွက် ဆို သော စေ တ မန် တော် က၊ ငါ ပြ မည် ဟု ပြန် ဆို လေ၏။ 10ထို အ ခါ ကျောက် ပန်း မြိုင် တွင် ရပ် တန့် သော သူ က၊ ဤ သူ တို့ သည်၊ မြေ ကြီး တစ် လျှောက် တွင် သွား လာ ရန်၊ ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သော အ မှု ထမ်း တို့ တည်း ဟု ပြန် ဆို ပြီး လျှင်၊ 11နောက် ပါ တို့ က လည်း၊ အ ကျွန်ုပ် တို့ သည်၊ မြေ တစ် လျှောက် သွား လာ ရာ၊ တစ် ပြင် လုံး ငြိမ် ငြိမ် သက် သက် နေ သည် ကို တွေ့ ကြ ပါ သည် ဟု၊ ကျောက် ပန်း မြိုင် တွင် ရပ် နေ သော၊ ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် အား ပြန် လျှောက် ကြ သော်၊ 12ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် က၊ ဗိုလ် ခြေ တို့ အ ရှင်၊ အို ထာ ဝ ရ ဘု ရား၊ နှစ် ပေါင်း ခု နစ် ဆယ် ပတ် လုံး၊ အ မျက် တော် ဒဏ် ခံ ရ သော၊ ယေ ရု ရှ လင် မြို့ နှင့် ယု ဒ ပြည် ရှိ မြို့ ရွာ များ ပေါ်၌၊ က ရု ဏာ သက် တော် မ မူ ဘဲ နေ သည် မှာ၊ မည် မျှ ကြာ ဦး မည် နည်း ဟု တောင်း လျှောက် သ ဖြင့်၊ 13ထာ ဝ ရ ဘု ရား သည်၊ ငါ နှင့် မြွက် ဆို သော စေ တ မန် တော် အား၊ နှစ် သိမ့် သာ ယာ စွာ ပြန်၍ မိန့် တော် မူ သည့် အ တိုင်း၊ 14ထို စေ တ မန် တော် က၊ ယေ ရု ရှ လင် မြို့၊ ဇိ အုန် မြို့ ကို ထောက်၍၊ အား ကြီး စွာ စိတ် ထက် သန် သော စေ တ နာ ရှိ သော ငါ သည်၊ 15အ မျက် တော် အ နည်း ငယ် သာ ထား ခဲ့ ၏။ မ ကောင်း ကျိုး အ လို့ ငှာ အား ပေး သူ၊ လျစ် လျူ စွာ နေ ထိုင် သူ လူ မျိုး ခြား တို့ အ ပေါ်၌ ကား၊ ပြင်း ထန် သော အ မျက် တော် ကို ငါ ထား လျက် နေ သည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ 16သို့ ဖြစ်၍၊ ငါ သည် ယေ ရု ရှ လင် မြို့ သို့ က ရု ဏာ တော် နှင့် ပြန် ကြွ လေ ပြီ။ ယေ ရု ရှ လင် မြို့၌ ငါ့ ဗိ မာန် တော် ကို တည် ဆောက် ရ မည့် ပြင်၊ မြို့ တည် ရင်း အ ရပ် ကို လည်း၊ ကြိုး ဆွဲ၍ တိုင်း တာ ကြ ဦး မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဟစ် ကြော် လော့။ 17တစ် ဖန် တုံ၊ ငါ့ မြို့ ရွာ များ သည်၊ စည်း စိမ် ချမ်း သာ နှင့် ပြည့် လျှံ၍၊ ငါ ထာ ဝ ရ ဘု ရား သည်၊ ဇိ အုန် မြို့ ကို နှစ် သိမ့် စေ လျက်၊ ယေ ရု ရှ လင် မြို့ ကို ရွေး ချယ် ဦး မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ကို ဟစ် ကြော် လော့ ဟူ ၍ မိန့် ဆို လေ ၏။
18ထို နောက်၊ ငါ သည် မော် ကြည့် လျက်၊ ဦး ချို လေး ချောင်း ကို မြင် ရ သော်၊ 19ငါ နှင့် မြွက် ဆို သော စေ တ မန် တော် အား၊ ဤ အ ရာ ကား၊ မည် သို့ ပါ နည်း ဟု မေး လျှင်၊ ယေ ရု ရှ လင် မြို့ မှ စ၍၊ ဣ သ ရေ လ နှင့် ယု ဒ လူ မျိုး တို့ ကို၊ ကွဲ လွင့် စေ သော ဦး ချို များ တည်း ဟု ပြန် ဆို လေ ၏။ 20တစ် ဖန်၊ ပန်း ပဲ လေး ယောက် တို့ ကို ထာ ဝ ရ ဘု ရား ပြ တော် မူ သော်၊ 21အ ဘယ် အ လုပ် ကြောင့် ရောက် လာ ကြ ပါ သ နည်း ဟု ငါ မေး လျှင်၊ ကိုယ် တော် က၊ ဤ ပန်း ပဲ များ သည်၊ ယု ဒ အ မျိုး ကို၊ မော်၍ ကြည့် ဝံ့ သူ မ ရှိ သည့် တိုင် အောင် ကွဲ လွင့် စေ သော ထို ဦး ချို များ ကို မောင်း နှင် အံ့ သော ငှာ လည်း ကောင်း၊ ယု ဒ ပြည် သူ ပြည် သား တို့ ကို ခွဲ လွှင့် မည့် အ ကြံ နှင့်၊ မြှောက် ခတ် သော လူ မျိုး ခြား တို့ ၏ ဦး ချို များ ကို ချ အံ့ သော ငှာ လည်း ကောင်း၊ ရောက် လာ ကြ သ တည်း ဟု မိန့် တော် မူ ၏။
လက်ရှိရွေးချယ်ထားမှု
ဇာ~ခ~ရိ~ကျမ်း။ 1: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.