YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟ~ဂ္ဂဲ~ကျမ်း။ 2

2
1တစ် ဖန် သ တ္တ မ လ နှစ် ဆယ့် တစ် ရက် တွင် ပ ရော ဖက် ဟ ဂ္ဂဲ အား ဖြင့် ရောက် လာ သော ထာ ဝ ရ ဘု ရား ၏ ဗျာဒိတ် တော် ကား၊ 2ရှာ လ သေ လ သား ယု ဒ ဘု ရင် ခံ မင်း ဇေ ရု ဗ ဗေ လ ယော ဇ ဒက် သား ပ ရော ဟိတ် မင်း ယော ရှု တို့ နှင့် လူ မျိုး တော် အ ကြွင်း အ ကျန် တို့ အား 3သင် က အ သ ရေ ဆောင် သော ဗိ မာန် တော် ဟောင်း ကို မြင် ဖူး သူ ကား သင် တို့ တွင် မည် သူ ရှိ သေး သ နည်း။ ယခု မြင် ရ သည် မှာ အ သို့ နည်း။ အ လ ဟဿ ထင် မှတ် ဖွယ် ဖြစ် သည် မ ဟုတ် လော။ 4-5သို့ ရာ တွင် အို ဇေ ရု ဗ ဗေ လ၊ အား ယူ လော့။ ယော ဇ ဒက် သား အို ပ ရော ဟိတ် မင်း ယော ရှု အား ယူ လော့။ အို ပြည် သူ ပြည် သား အ ပေါင်း တို့ အား ယူ လျက် လုပ် ဆောင် ကြ လော့ ဟူ ၍ လည်း ကောင်း၊ အိ ဂျစ် ပြည် မှ သင် တို့ ထွက် လာ ကြ သည့် ကာ လ ငါ ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် ချက် အ ရ ငါ သည် သင် တို့ နှင့် အ တူ စံ လျက် ဝိ ညာဉ် တော် လည်း တည် လျက် ရှိ သော ကြောင့် မ ကြောက် ကြ လင့် ဟူ၍ လည်း ကောင်း ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း မ ကြာ မ မြင့် မီ၊ 6ငါ သည် မိုး ကောင်း ကင် နှင့် မြေ ပ ထ ဝီ ကို လည်း ကောင်း၊ သ မု ဒ္ဒ ရာ နှင့် ကုန်း ကို လည်း ကောင်း၊ တစ် ကြိမ် တည်း လှုပ် ရှား မည်။ 7လူ အ မျိုး မျိုး တို့ ရ တ နာ မြတ် များ သည် ရောက် လာ သည့် အ တိုင်း ဤ ဗိ မာန် တော် ကို အ သ ရေ နှင့် ပြည့် စေ သည့် တိုင် အောင် ခပ် သိမ်း သော လူ မျိုး တို့ ကို လည်း လှုပ် ရှား မည် ဟု ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း 8ငွေ သည် ငါ ပိုင်၊ ရွှေ လည်း ငါ ပိုင် ဖြစ် သည် ဟူ ၍ လည်း ကောင်း၊ 9ဤ ဗိ မာန် တော့် ဆိုင် ရာ နောက် အ သ ရေ သည် အ ထက် အ သ ရေ ထက် ကြီး မြတ် လိမ့် မည် ဟူ ၍ လည်း ကောင်း၊ ဤ ဌာ န ၌ ချမ်း သာ စေ မည် ဟူ ၍ လည်း ကောင်း၊ ဗိုလ် ခြေ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို လော့ ဟူ ၍ တည်း။
10ဒါ ရိ မင်း နန်း စံ နှစ် နှစ်၊ န ဝ မ လ၊ နှစ် ဆယ့် လေး ရက် တွင် ရောက် လာ သော၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် အ တိုင်း ပ ရော ဖက် ဟ ဂ္ဂဲ က 11-12သီး သန့် ရာ အ သား ကို ခါး ပိုက် ၌ ဆောင် သွား သူ သည် ထ မင်း၊ ဟင်း၊ စ ပျစ် ရည်၊ ဆီ မှ စ သော အ စာ တစ် မျိုး မျိုး ကို ခါး ပိုက် နှင့် ထိ မိ လျှင် သန့် ရာ ရောက် မ ရောက်၊ ပ ရော ဟိတ် တို့ ထံ ဆုံး ဖြတ် နည်း ကို မေး မြန်း လော့ ဟု ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို မေး မြန်း လျှင် မ ရောက် ပါ ဟု ပ ရော ဟိတ် တို့ ပြန် ဖြေ ကြ ၏။ 13တစ် ဖန် ဟ ဂ္ဂဲ က သူ သေ အ လောင်း ကြောင့် မ သန့် ရာ ရောက် သူ သည် ဆို ခဲ့ သည့် တစ် စုံ တစ် ရာ ကို ထိ မိ လျှင် မ သန့် ရာ ရောက် မည် လော ဟု မေး သော်၊ 14ရောက် ပါ မည် ဟု ပ ရော ဟိတ် တို့ ပြန် ဖြေ ကြ ရာ၊ ဟ ဂ္ဂဲ က ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ ဤ လူ မျိုး၊ ဤ ပ ရိ သတ် သည် လုပ် ဆောင် သ မျှ ပါ မျက် မှောက် တော် တွင် ထို သို့ ဖြစ်၏။ ဤ ဌာ န၌ တင် သွင်း သ မျှ လည်း မ သန့် ရာ ရောက် လေ ပြီ။ 15ယ နေ့ မှ စ ၍ ငါ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် ၌ ကျောက် တစ် ချပ် ပေါ် တွင် တစ် ချပ် ကို မ တင် မီ ကာ လ တစ် လျှောက် အ ဖြစ် အ ပျက် များ ကို မျှော် ကြည့် ကြ လော့။ 16တင်း နှစ် ဆယ် ခန့် မှန်း သော ကောက် လှိုင်း ပုံ သို့ ရောက် သော် တစ် ဆယ် သာ ရ၏။ ခွက် ငါး ဆယ် ခန့် မှန်း သော စ ပျစ် ကျင်း သို့ ခပ် ယူ ရန် ရောက် သော် နှစ် ဆယ် သာ ရ ကြ သည် တ ကား။ 17လယ် လုပ် လေ ရာ ရာ၌ ဒ ဟ ဝါ ရော ကပ်၊ ပု လု ဝ က ကပ်၊ ပ ဇ္ဇု န္န ဖ လ ကပ် များ ကို ငါ သင့် စေ သော် လည်း 18အ ထံ တော် သို့ သင် တို့ မ ပြန် ကြ ချေ။ တစ် ဖန် န ဝ မ လ နှစ် ဆယ့် လေး ရက် ဖြစ် သော ယ နေ့ မှ စ၍ ငါ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် ကျောက် မြစ် ချ သည့် ကာ လ တစ် လျှောက် မျှော် ကြည့် ကြ ဦး။ 19ကျီ ၌ မျိုး ရှိ သ လော။ စ ပျစ်၊ သ ဖန်း၊ သ လဲ၊ သံ လွင် ပင် များ သည် အ သီး မ သီး သ လော။ ယ နေ့ က စ ၍ ငါ သည် ကောင်း ကြီး မင်္ဂ လာ ပေး မည် ဟု မိန့် တော် မူ ကြောင်း ကို ပြန် ဆို လေ ၏။
20ထို နှစ် ဆယ့် လေး ရက် တွင် ဟ ဂ္ဂဲ သို့ ရောက် ပြန် သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား၊ 21ယု ဒ ဘု ရင် ခံ ဇေ ရု ဗ ဗေ လ အား သင် က ငါ သည် မိုး ကောင်း ကင် နှင့် မြေ ပ ထ ဝီ ကို လှုပ် ရှား ခြင်း၊ 22တိုင်း နိုင် ငံ များ၌ နန်း ချ ခြင်း၊ လူ မျိုး ခြား တို့ နိုင် ငံ များ၌ အ ခိုင် အ လုံ ကို ဖျက် ဆီး ခြင်း၊ ရ ထား တပ် နှင့် ရ ထား စီး သူ ရဲ တို့ ကို ဖြို လှဲ ခြင်း၊ အ ချင်း ချင်း ဓား ခုတ် သ ဖြင့် မြင်း တပ် နှင့် မြင်း စီး သူ ရဲ တို့ ကျ စေ ခြင်း များ ကို ပြု လိမ့် မည်။ 23ရှာ လ သေ လ သား ငါ့ ကျွန် ရင်း ဖြစ် သော အို ဇေ ရု ဗ ဗေ လ၊ ငါ သည် သင့် ကို ရွေး ချယ် ခဲ့သည့် အ တိုင်း ထို နေ့ ရက်၌ ခေါ် ယူ ၍ လက် ဝတ် တံ ဆိပ် သ ဖွယ် ထား မည် ဟု ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့ ဟူ ၍ တည်း။

လက်ရှိရွေးချယ်ထားမှု

ဟ~ဂ္ဂဲ~ကျမ်း။ 2: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ