YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟ~ဂ္ဂဲ~ကျမ်း။ 1

1
1ဒါ ရိ မင်း နန်း စံ နှစ် နှစ်၊ ဆ ဌ မ လ တစ် ရက် တွင် ရှာ လ သေ လ သား၊ ယု ဒ ဘု ရင် ခံ မင်း ဇေ ရု ဗ ဗေ လ နှင့် ယော ဇ ဒက် သား ပ ရော ဟိတ် မင်း ယော ရှု တို့ အား ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို ပ ရော ဖက် ဟ ဂ္ဂဲ ဆင့် ဆို သည် ကား။ 2ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ကို တည် ဆောက် ရန် အ ချိန် မ ရောက် သေး ကြောင်း၊ ဤ လူ မျိုး တို့ ဆို ကြ သည် ဟု ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။ 3-4ဗိ မာန် တော် သည် ဖုန်း ဆိုး ကုန်း ဖြစ် ခိုက် အ ခင်း အ ကာ စုံ လင် သော ကိုယ့် တိုက် အိမ် များ တွင် သင် တို့ နေ ထိုင် ရန် အ ချိန် ဟုတ် သ လော ဟု ပ ရော ဖက် ဖြစ် သူ ငါ ဟ ဂ္ဂဲ အား ဖြင့် ထာ ဝ ရ ဘု ရား မေး တော် မူ၏။ 5သို့ နှင့် အ ညီ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က လည်း ကိုယ့် အ လေ့ အ လာ ကို နှ လုံး သွင်း ကြ လော့။ 6သင် တို့ သည် မျိုး များ စွာ ကြဲ သော် လည်း အ နည်း ငယ် သာ စု သိမ်း ရ ကြ၏။ စား ရ သော် လည်း မ လုံ လောက်။ သောက် ရ သော် လည်း မ ဝ။ ဝတ် ရ သော် လည်း အ ချမ်း မ လုံ ပဲ နေ ရ ကြ၏။ အ ခ ရ သော သူ သည် အိတ် ပေါက် သို့ သာ ထည့် ရ သည် ဟု မိန့် တော် မူ၏။ 7-8ကိုယ့် အ လေ့ အ လာ ကို နှ လုံး သွင်း ကြ ဦး။ ခင် တန်း သို့ တက် သွား၍ သစ် သား ကို ဆောင် ခဲ့ ပြီး လျှင် ငါ သည် နှစ် မြို့ ၍ ဘုန်း တော် ထင် ပေါ် စေ ခြင်း ငှာ ဗိ မာန် တော် ကို တည် ဆောက် ကြ လော့ ဟု ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘုရား မိန့် တော် မူ ၏။ 9သင် တို့ သည် များ ပြား စွာ မျှော် လင့် သော် လည်း တလင်း သွင်း ရ သော အ နည်း ငယ် ကို ပင် ငါ လွင့် ပါး စေ ၏။ အသို့ ကြောင့် နည်း ဟူ မူ ကား လူ အ သီး သီး တို့ သည် ကိုယ့် အိမ် ကို သာ ဂ ရု စိုက် ကြ စဉ် ငါ့ ဗိ မာန် သည် ဖုန်း ဆိုး ကုန်း တည် ရှိ သော ကြောင့် တည်း။ 10ထို ကြောင့် ကောင်း ကင် သည် နှင်း ချ ခွင့်၊ မြေ သည် အ သီး အ နှံ ပေး ခွင့် မ ရ စေ ဘဲ၊ တောင် တန်း နှင့် တ ကွ၊ 11စ ပါး စ ပျစ် ရည် ဆီ များ မှ စ သော မြေ ထွက် အ မျိုး မျိုး၊ လူ တိ ရ စ္ဆာန် နှင့် ချွေး နဲ စာ အ မျိုး မျိုး ပါ နေ ပြည် ပေါ် တွင် မိုး ခေါင် ဘေး ကို ငါ သင့် စေ ပြီ ဟု ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ ၍ တည်း။
12ထို နောက် ရှာ လ သေ လ သား ဇေ ရု ဗ ဗေ လ နှင့် ယော ဇ ဒက် သား ပ ရော ဟိတ် မင်း ယော ရှု တို့ သည် လူ မျိုး တော် အ ကြွင်း အ ကျန် အ ပေါင်း တို့ ပါ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို လည်း ကောင်း၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သည့် အ တိုင်း ပ ရော ဖက် ဟဂ္ဂဲ ဆုံး မ ချက် ကို လည်း ကောင်း၊ နား ထောင် လျက် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် 13လူ ပ ရိ သတ် ကြောက် ရွံ့ လျက် နေ ကြ စဉ် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို ဆင့် ဆို သော ရာ ဇ သံ ဖြစ် သူ ဟ ဂ္ဂဲ က၊ သင် တို့ နှင့် အ တူ ငါ ရှိ သည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း လူ ပ ရိ သတ် အား ဆင့် ဆို လေ ၏။ 14-15ထို အ ခါ ထာ ဝ ရ ဘု ရား သည် ရှာ လ သေ လ သား ယု ဒ ဘု ရင် ခံ မင်း ဇေ ရု ဗ ဗေ လ သ ဘော ကို လည်း ကောင်း၊ ယော ဇ ဒက်၏ သား ပ ရော ဟိတ် မင်း ယော ရှု၏ သ ဘော ကို လည်း ကောင်း၊ လူ မျိုး တော် အ ကြွင်း အ ကျန် တို့ ၏ သ ဘော ကို လည်း ကောင်း၊ ဆော် ဩ တော် မူ သည့် အ တိုင်း ထို သူ တို့ သည် ဒါ ရိ မင်း နန်း စံ နှစ် နှစ်၊ ဆ ဌ မ လ နှစ် ဆယ့် လေး ရက် တွင် ကိုယ့် ဘု ရား သ ခင် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် ကို လာ ရောက် လုပ် ဆောင် ကြ ကုန် ၏။

လက်ရှိရွေးချယ်ထားမှု

ဟ~ဂ္ဂဲ~ကျမ်း။ 1: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ