ဇေ~ဖ~နိ~ကျမ်း။ 3
3
1ပုန် ကန်၍ ညစ် ညူး သော မြို့၊ ညှဉ်း ပန်း လေ့ ရှိ သော မြို့ တော် သည်၊ အ မင်္ဂ လာ ရှိ၏။ 2ဗျာ ဒိတ် တော် ကို နား ထောင် ခြင်း၊ အ ဆုံး အ မ တော် ကို နာ ယူ ခြင်း၊ ထာ ဝ ရ ဘု ရား ကို အား ကိုး ခြင်း၊ ကိုယ့် ဘု ရား သ ခင့် ထံ ချဉ်း ကပ် ခြင်း များ ကို၊ မ ပြု သည့် အ လျောက်၊ 3ရှိ နေ သော မှူး မတ် တို့ သည် ဟိန်း ဟောက် သော ခြင်္သေ့ များ၊ တ ရား သူ ကြီး တို့ သည် နံ နက် တိုင် မ ခြွင်း မ ချန်၊ ညဉ့် ယံ တွင် စား မျို သော ဝံ ပု လွေ များ၊ 4ပ ရော ဖက် တို့ သည် ဝါ ကြွား၍၊ သ စ္စာ ဖျက် သော သူ များ၊ ပ ရော ဟိတ် တို့ သည် သီး သန့် ရာများ ကို မ သန့် ရာ ရောက် စေ လျက်၊ ပ ညတ် တ ရား တော် ကို ရက် စက် စွာ လွှဲ သော လူ များ ဖြစ် ကြ လေ စွ။ 5ထို မြို့ တွင် စံ နေ တော် မူ သော ထာ ဝ ရ ဘု ရား မှာ မူ၊ တစ် သ မတ် တည်း ဖြောင့် မတ် လျက်၊ နံ နက် တိုင်း အ စဉ် ဆုံး ဖြတ် တော် မူ ချက် များ ကို၊ အ ထင် အ ရှား ထုတ် ဖော် တော် မူ၏။ သို့ ရာ တွင်၊ မ တ ရား သူ တို့ သည်၊ ရှက် ကြောက် ခြင်း ကင်း လျက် နေ ကြ သည် တ ကား။
6ခံ တပ် များ၌ ဆိတ် ညံ ရာ ရောက် အောင်၊ လူ မျိုး တို့ ကို ပယ် ရှား ခြင်း၊ လျှောက် သွား သူ ကင်း သည့် တိုင် အောင်၊ လမ်း များ ကို ဖုန်း ဆိုး ကုန်း ထား ခြင်း၊ နေ ထိုင် သူ မဲ့ သည့် တိုင် အောင်၊ မြို့ ရွာ များ ကို ဖျက် ဆီး ခြင်း ပြု ခဲ့ ရာ တွင်၊ 7ငါ က၊ သင် သည် ငါ စီ ရင် ခဲ့ သ မျှ အ တိုင်း မြို့ တည် ရင်း မ ပျက် အံ့ သော ငှာ၊ အ ဆုံး အ မ တော် ကို နာ ယူ လျက်၊ ငါ့ အား ခန့် ညား လိမ့် မည် ဟု မျှော် လင့် သော် လည်း၊ ချင်း တို့ သည် ပျက် ယွင်း ခြင်း အ ပြု အ မူ ကို သာ ဝိ ရိ ယ စိုက် ကြ၏။ 8သို့ ဖြစ်၍ မြေ တစ် ပြင် လုံး သည်၊ ရှု စိတ် တော် မ မူ ခြင်း အ ရှိန် ကြောင့် ကျွမ်း လောင် ခံ ရ မည့် အ လျောက်၊ လူ မျိုး များ၊ တိုင်း နိုင် ငံ များ အ ပေါ် တွင်၊ အ မျက် ဒဏ် နှင့် ဒေါ သ အ ဟုန် ကို သွန်း လောင်း ရ အံ့ သော ငှာ၊ ထို သူ တို့ ကို ငါ ခေါ် ငင် စု ရုံး မည် ဟု ပြ ဋ္ဌာန်း ပြီး ဖြစ် သည့် အ ရာ၊ အ လိုက် အ ဖမ်း မ ထွက် မ ချင်း ဆိုင်း လင့် ကြ ဦး။ 9ထို ကာ လ၊ လူ အ မျိုး မျိုး တို့ သည်၊ တစ် သ ဘော တည်း ဝတ် ပြု လျက်၊ ငါ ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ပ ဌ နာ ပြု စေ ခြင်း ငှာ၊ နှုတ် များ ကို ငါ စင် ကြယ် စေ မည့် အ လျောက်၊ 10ကု ရှ ပြည် မြစ် များ တစ် ဘက် နေ ထိုင် သူ တို့ သည်၊ ကွဲ လွင့် သော တ ပည့် ဖြစ် သူ ငါ့ လူ မျိုး ကို၊ အ လှူ ဝ တ္ထု အ ဖြစ် ပို့ ဆက် ကြ လိမ့် မည်။ 11ထို နေ့ ရက်၊ သန့် ရှင်း သော ငါ့ တောင် တော် ပေါ်၌၊ သင် ဆက် လက် မ ထောင် မ လွှား ရ အောင်၊ ရွှင် လန်း မောက် မာ သော သူ တို့ ကို၊ သင့် အ လယ် မှ ငါ ရုပ် သိမ်း မည် နှင့် အ ညီ၊ ငါ့ အား ပြု ဘူး သော လွန် ကျူး မှု များ အတွက်၊ ရှက် ကြောက် ခြင်း ရှိ ရ တော့ မည် မ ဟုတ်။ 12ငါ ထာ ဝ ရ ဘု ရား၏၊ နာ မ တော် အား ကိုး စား မည့် ဆင်း ရဲ နွမ်း ပါး သူ တို့ ကို သာ၊ ငါ ထား ခဲ့ မည်။ 13ဣ သ ရေ လ လူ မျိုး အ ကြွင်း အ ကျန် တို့ သည်၊ အ ဓ မ္မ ကျင့် ခြင်း၊ မု သာ သုံး ခြင်း မ ပြု။ နှုတ် တွင် လှည့် စား ခြင်း ရှိ တော့ မည် မ ဟုတ်။ ထိတ် လန့် ရာ မဲ့ ကျက် စား အိပ် ဝပ် လျက် နေ ရ ကြ လ တ္တံ့ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။
14အို သ တို့ သ မီး ဇိ အုန်၊ ကြွေး ကြော် လော့။ အို ဣ သ ရေ လ လူ မျိုး၊ ကျူး ဧ လော့။ အို သ တို့ သ မီး ယေ ရု ရှ လင်၊ စိတ် ပါ ကိုယ် ရောက် အား ရ ရွှင် လန်း လော့။ 15ထာ ဝ ရ ဘု ရား သည်၊ သင်၌ စီ ရင် ဒဏ် ပ လပ် စေ၍၊ ရန် သူ့ ကို လည်း ဆုတ် ခွာ စေ တော် မူ ပြီ။ ဣ သ ရေ လ လူ မျိုး၏ ဘု ရင် ထာ ဝ ရ ဘု ရား သည်၊ သင့် အ လယ် တွင် စံ နေ တော် မူ သော ကြောင့်၊ ဒု က္ခ တွေ့ ရ တော့ မည် မ ဟုတ်။ 16ထို နေ့ ရက်၌ ယေ ရု ရှ လင် မြို့ အား၊ အို ဇိ အုန် မြို့၊ ကြောက် ရွံ့ ခြင်း၊ လက် လျော့ ခြင်း မ ရှိ လင့်။ 17သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ ကယ် ဆယ် မည့် ရဲ မက် သ ဖွယ်၊ သင့် အ လယ် တွင် စံ နေ တော် မူ၍၊ သင့် အ တွက် ကြောင့် အား ရ ရွှင် လန်း ခြင်း၊ မေ တ္တာ သက်၍ ဆိတ် ဆိတ် နေ ခြင်း၊ ကျူး ဧ လျက် ကြွေး ကြော် ခြင်း ကို ပြု တော် မူ လိမ့် မည် ဟု ဆို ရ ကြ လ တ္တံ့။
18ကဲ့ ရဲ့ ခြင်း ဝန် ကို ထမ်း ဆောင် ရ သော သင် နှင့် ကွေ ကွင်း၍၊ ပြု မြဲ ပွဲ အ တွက် လွမ်း ဆွတ် သူ တို့ ကို၊ ငါ စု သိမ်း မည်။ ထို ကာ လ၌၊ 19ငါ သည် သင့် ကို ညှဉ်း ပမ်း သော လူ အ မျိုး မျိုး တို့ အား စီ ရင် လျက်၊ ထော့ နဲ့ သွား ခဲ့ ရ သူ၊ နှင် ထုတ် ခံ ခဲ့ ရ သူ တို့ ကို၊ ကယ် ဆယ် စု သိမ်း ၍၊ မြေ တစ် ပြင် လုံး တွင်အ ရှက် ကွဲ ရ သော ထို သူ တို့ ကို၊ ချီး မွမ်း ရာ၊ ကျော် စော ရာ လူ မျိုး ဖြစ် စေ မည်။ 20ထို ကာ လ၌၊ ငါ သည် သင် တို့ ကို စု သိမ်း ၍ ပြန် ပို့ မည်။ သုံ့ ဘမ်း ခံ ရ သော လူ မျိုး ချင်း တို့ ကို၊ သင် တို့ မျက် မှောက် ထင် ထင် ငါ ပြန် ပို့ မည့် ကာ လ၊ သင် တို့ ကို မြေ တစ် ပြင် လုံး ရှိ လူ အ မျိုး မျိုး တို့ တွင်၊ ကျော် စော ရာ၊ ချီး မွမ်း ရာ လူ မျိုး ဖြစ် စေ မည် ဟု၊ ထာ ဝ ရ ဘုရား မိန့် တော် မူ၏။
လက်ရှိရွေးချယ်ထားမှု
ဇေ~ဖ~နိ~ကျမ်း။ 3: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.