YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာ~ခ~ရိ~ကျမ်း။ 2

2
1တစ် ဖန် ငါ သည် မော် ကြည့် လျက် တာ ကြိုး ကိုင် ဆွဲ သူ တစ် ဦး ကို မြင် ရ သော်၊ 2အ ဘယ် သို့ သွား မည် နည်း ဟု မေး လျှင်၊ ယေ ရု ရှ လင် မြို့ ရာ အ နံ အ လျား ကို၊ တိုင်း တာ သိ မှတ် ရန် သွား မည် ဟု ပြန် ဆို သည့် ကာ လ၊ 3ငါ နှင့် မြွက် ဆို သော စေ တ မန် တော် သည် ထွက် သွား၍၊ ကြို ဆို ရန် ရောက် လာ သော စေ တ မန် တော် တစ် ပါး အား မိန့် ဆို သည် မှာ၊ ယေ ရု ရှ လင် မြို့ သည်၊ 4-5လူ သူ တိ ရ စ္ဆာန် မြောက် မြား သည့် အ တွက်၊ စည် ကား သော နိ ဂုံး ဖြစ် မည့် အ လျောက်၊ ငါ သည် ပတ် လည် တွင် မီး မြို့ ရိုး၊ အ လယ် တွင် ကြက် သ ရေ ဖြစ် လိမ့် မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ထို လု လင် အား၊ အ သော့ သွား၍ ဆင့် ဆို လော့ ဟု မိန့် မှာ လေ၏။
6အ ရပ် လေး မျက် နှာ လေ ကဲ့ သို့ ငါ ကွဲ လွင့် စေ ခဲ့ သော၊ အို သင် တို့၊ မြောက် ပိုင်း ပြည် မှ ထွက် ကြ လော့။ 7သ တို့ သ မီး ဗာ ဗု လုန် နှင့် နေ ထိုင် သော၊ အို ဇိ အုန် မြို့ သူ တို့၊ ပြေး ကြ လော့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။ 8သင် တို့ ကို ထိ ခိုက် သူ သည်၊ စ က္ခု တော့် သူ ငယ် အိမ် ကို ထိ ခိုက် ရာ ရောက် သော ကြောင့်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ အ သ ရေ ပေး ရန် အ ကြံ အ ရွယ် တော် နှင့်၊ ငါ့ ကို စေ လွှတ်၍၊ သင် တို့ ကို လု ယက် ခဲ့ သော လူ မျိုး ခြား တို့ အား မိန့် တော် မူ သည် မှာ၊ 9ငါ သည်၊ သင် တို့ အ ပေါ် တွင် လက် တော် ကို ဆန့် ယမ်း လျက်၊ အ မှု ထမ်း ခဲ့ ရ သူ တို့ လု ယူ ရာ ဖြစ် စေ မည် ဟူ၍ တည်း။ ငါ့ ကို ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ ကြောင်း၊ သင် တို့ သိ ရ ကြ လ တ္တံ့။ 10ထာ ဝ ရ ဘု ရား က လည်း၊ အို သ တို့ သ မီး ဇိ အုန်၊ ရွှင် လန်း စွာ ကြွေး ကြော် လော့။ ငါ သည် ကြွ လာ လျက်၊ သင့် အ လယ် တွင် စံ နေ မည်။ 11ထို သို့ စံ နေ သည့် အ တိုင်း၊ မြောက် မြား သော လူ မျိုး တို့ သည်၊ ငါ ထာ ဝ ရ ဘု ရား ထံ၊ ထို ကာ လ မှီ ဝဲ လျက်၊ ငါ့ လူ မျိုး တော် ဖြစ် ကြ လိမ့် မည် ဟု မိန့် တော် မူ၏။ ငါ့ ကို ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ ကြောင်း၊ သင် သိ ရ လ တ္တံ့။ 12သန့် ရှင်း သော ပြည် တွင် ထာ ဝ ရ ဘု ရား သည်၊ ယု ဒ နယ် ကို ဝေ ပုံ တော် အ ဖြစ် အ ပိုင် ယူ လျက် ယေ ရု ရှ လင် မြို့ ကို ရွေး ချယ် တော် မူ ဦး မည်။ 13အို လူ သ တ္တ ဝါ အ ပေါင်း တို့၊ သန့် ရှင်း သော စံ ရာ တော် မှ၊ ကြွ တော် မူ သော ထာ ဝ ရ ဘု ရား ရှေ့ တော် တွင်၊ ဆိတ် ဆိတ် နေ ကြ လော့။

လက်ရှိရွေးချယ်ထားမှု

ဇာ~ခ~ရိ~ကျမ်း။ 2: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ