မိ~က္ခာ~ကျမ်း။ 5
5
1အို တပ် များ ပိုင် သ တို့ သ မီး၊ ထို တပ် များ ကို ယ ခု ပင် ခင်း ကျင်း လော့။ ငါ တို့ ကို ဝိုင်း ထား သော ရန် သူ သည်၊ ဣ သ ရေ လ တ ရား မင်း၏ ပါး ကို ကြိမ် နှင့် ရိုက် ပြီ တ ကား။
2အို ဧ ဖ ရတ် ခ ရိုင် ဗက် လင် မြို့၊ သင် သည် ယု ဒ တိုက် နယ် များ တွင် သိမ် ငယ် သော် လည်း၊ ရှေး မ ဆွ မူ လ ရင်း မ ပျက်၊ ဣ သ ရေ လ လူ မျိုး ကို အုပ် စိုး မည့် မင်း သည်၊ ငါ့ အ ကျိုး အ လို့ ငှာ၊ သင် မှ ပေါ် ထွန်း လိမ့် မည်။ 3သို့ ဖြစ်၍၊ သား ဖွား သော မိန်း မ သည် မ ဖွား မ ချင်း၊ ထို သူ တို့ ကို အပ် နှင်း တော် မူ သော် လည်း၊ ဆွေ တော် မျိုး တော် အ ကြွင်း အ ကျန် တို့ သည်၊ ဣ သ ရေ လ အ မျိုး သား တို့ ပါ၊ ပြန် လာ ကြ မည့် အ လျောက်၊ 4ငါ တို့ ရန် ငြိမ်း ရာ ရန် ငြိမ်း ကြောင်း ဖြစ် သော ထို မင်း သည်၊ ထာ ဝ ရ ဘု ရား၏ တန် ခိုး တော် ကို လည်း ကောင်း၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဘုန်း ကြီး သော နာ မ တော် ကိုလည်း ကောင်း အ မှီ ပြု လျက်၊ တည် နေ ထိန်း ကျောင်း၍၊ မြေ ပ ထ ဝီ အ စွန်း တိုင် အောင် ကြီး မြင့် သော ကြောင့်၊ သူ တို့ နေ ထိုင် ရ ကြ လ တ္တံ့။ ငါ တို့ ပြည် သို့ အာ ရှု ရိ မင်း ချီ ဝင်၍၊ ဘုံ ဗိ မာန် များ ကို ကျော် နင်း သော အ ခါ၊ ငါ တို့ မြှောက် တင် မည့် အ ထိန်း အ ကျောင်း အ ကြီး အ ကဲ ခု နစ် ပါး မ က ရှစ် ပါး တို့ သည် ဆီး ဆို့ လျက်၊ 5-6အာ ရှု ရိ၊ နိမ် ရော ဓ ပြည် ဝင် ပေါက် များ ကို ဓား ဖြင့် သုတ် သင် ကြ သည် နှင့်၊ ငါ တို့ ပြည် သို့ ချီ ဝင်၍ နယ် နိ မိတ် အ တွင်း ကျော် နင်း သော အာ ရှု ရိ လူ မျိုး လက် တွင်း မှ၊ ထို မင်း ကယ် ဆယ် တော် မူ လိမ့် မည်။ 7ယာ ကုပ် အ ကြွင်း အ ကျန် တို့ သည်၊ လူ တို့ အ မိန့် ကို မ ဆိုင်း၊ လူ့ သား တို့ အ မိန့် ကို မ လင့် ဘဲ၊ ထာ ဝ ရ ဘု ရား ထံ မှ ကျ သော နှင်း၊ မြက် ပင် ပေါ်၌ ရွာ သော မိုး သ ဖွယ်၊ လူ မျိုး ခြား အ မြောက် အ မြား တို့ ဘောင် တွင် ဖြစ် နေ ကြ လိမ့် မည်။ 8ယာ ကုပ် အ ကြွင်း အ ကျန် တို့ သည်၊ တော တိ ရ စ္ဆာန် များ ဘောင် တွင်၊ ကယ် လွှတ် သူ မဲ့ အောင်၊ သွား လာ ဖိ နင်း ကိုက် စား သော ခြင်္သေ့ အို သ ဖွယ်၊ သိုး အုပ် များ ဘောင် တွင် ခြင်္သေ့ ပျို သ ဖွယ်၊ နိုင် ငံ ခြား၊ လူ မျိုး ခြား အ မြောက် အ မြား ဘောင် တွင် ဖြစ် နေ ကြ လိမ့် မည်။ 9သင့် လက် ရုံး ကို ရန် သူ တို့ အ ပေါ် တွင် မြှောက် ချီ လျက်၊ ရန် ဘက် ဟူ သ မျှ ပယ် ရှား ခံ ကြ စေ သော။
10ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ထို နေ့ ရက် ကာ လ၌ ငါ သည် သင့် ဘောင် တွင် ရှိ သော မြင်း တပ် ကို ပယ် ရှား၍၊ ရ ထား တပ် ကို ဖျက် ဆီး ခြင်း၊ 11နေ ပြည် ရှိ ခံ မြို့ များ ကို ပယ် ရှား၍၊ ခံ တပ် ဟူ သ မျှ ကို ဖြို လှဲ ခြင်း၊ 12လက် ဝယ် ရှိ ယ တြာ များ ကို ပယ် ရှား၍၊ ဗေ ဒင် တတ် တို့ ကို ပ စေ ခြင်း၊ 13လက် ဖြစ် ဘု ရား ရှေ့ ရှိ မ ခိုး ရ စေ ခြင်း ငှာ၊ သင့် ဘောင် တွင် ရှိ သော ရုပ် ပွား ဆင်း တု နှင့်၊ ကျောက် တိုင် များ ကို ပယ် ရှား ခြင်း၊ 14သင့် ဘောင် တွင် ရှိ သော တံ ခွန် တိုင် များ ကို ဆွဲ နုတ်၍၊ မြို့ ရွာ များ ကို သုတ် သင် ခြင်း ပြု သည့် ပြင်၊ 15မ လိုက် မနာ သော လူ မျိုး ခြား တို့ အ ပေါ်၌ ကား၊ ဒေါ သ အ မျက် တော် ထား ၍၊ လက် စား ချေ မည် ဟု မိန့် တော် မူ ၏။
လက်ရှိရွေးချယ်ထားမှု
မိ~က္ခာ~ကျမ်း။ 5: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.