မိ~က္ခာ~ကျမ်း။ 6
6
1သင် တို့ ကြား နာ ရ သော ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် ကား၊ ထ ၍ တောင် များ ရှေ့ ဘက် ပြိုင် လျက်၊ ဘက် ပြိုင် ချက် ကို ကုန်း များ ကြား ကြ စေ။ 2အို တောင် တို့၊ အို တည် မြဲ သော မြေ ပ ထ ဝီ အ ခြေ အ မြစ် တို့၊ ငါ ထာ ဝ ရ ဘု ရား ၏ ဘက် ပြိုင် ချက် ကို နာ ခံ ကြ လော့။ ငါ ထာ ဝ ရ ဘု ရား သည်၊ လူ မျိုး တော် နှင့် ဘက် ပြိုင် ရန် အ ကြောင်း ရှိ လျက်၊ ဣ သ ရေ လ လူ မျိုး နှင့် ဆင် ခြေ တက် လိမ့် မည်။ 3အို ငါ့ လူ မျိုး၊ ငါ သည် သင်၌ စီ ရင်၍ မည် သို့ ညီး ငွေ့ စေ မိ သ နည်း။ လဲ လျှောက် ပါ လော့။ 4ငါ သည် သင့် ကို ကျွန် ခံ နေ ရာ အိ ဂျစ် ပြည် မှ ရွေး နုတ် ခေါ် ဆောင် လျက်၊ မော ရှေ၊ အာ ရုန်၊ မိ ရိ အံ တို့ ကို ရှေ့ တည်၍ သွား စေ ခဲ့ ပြီ။ 5အို ငါ့ လူ မျိုး၊ ငါ ထာ ဝ ရ ဘု ရား၏ တ ရား မှု များ ကို သိ မှတ် ရ အံ့ သော ငှာ၊ မော ဘ ဘု ရင် ဗာ လက် မင်း ကြံ စည် ချက် နှင့်၊ ဗော ရ သား ဗာ လံ၏ တုံ့ ပြန် ချက် ကို လည်း ကောင်း၊ ရှိ တ္တိမ် မြို့ မှ ဂိ လ ဂါ လ မြို့ ခ ရီး အ ကြား တွင် အ ဖြစ် အ ပျက် များ ကို လည်း ကောင်း၊ သ တိ ရ လော့ ဟူ၍ တည်း။
6ငါ သည်၊ ထာ ဝ ရ ဘု ရား ထံ တိုး ဝင် လျက်၊ ကောင်း ကင် ဘ ဝဂ် စံ ဘု ရား သ ခင် ရှေ့ မည် သို့ ဦး ညွတ် ထိုက် သ နည်း။ မီး ရှို့ ရာ သက္ကာ များ ကို သော်လည်း ကောင်း၊ အ ခါ လည် သော နွား သား ငယ် များ ကို သော်လည်း ကောင်း၊ တင် သွင်း၍ တိုး ဝင် အပ် သ လော။ 7ထာ ဝ ရ ဘု ရား သည်၊ သိုး ထီး အ ထောင် ထောင်၊ ဆီ မြစ် အ သောင်း သောင်း ကို လက် ခံ တော် မူ မည် လော။ လွန် ကျူး ပြစ် အ တွက် သား ဦး၊ မနော ပြစ် အ တွက် ရင် သွေး ကို၊ ငါ ဆက် သ ရ မည် လော ဟု မေး သော်၊ 8အ ချင်း လူ၊ ပြု ထိုက် သော ကောင်း မှု ကို၊ ထာ ဝ ရ ဘု ရား ဖော် ပြ တော် မူ ခဲ့ ပြီ။ တ ရား စောင့် ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ ကိုယ့် ဘု ရား သခင် နှင့် အ တူ စိတ် နှိမ့် ချ စွာ သွား လာ ခြင်း များ မှ တစ်ပါး၊ မည် သို့ အ လို ရှိ တော် မူ သေး သ နည်း။
9နား ထောင် ကြ ဦး။ ထာ ဝ ရ ဘု ရား သည်၊ မြို့ တော် အား ခေါ် တော် မူ သည့် အ တိုင်း၊ နာ မ တော် ကို ခန့် ညား ရာ၌ ပ ညာ ရှိ သည့် အ လျောက်၊ ရိုက် ဒဏ် နှင့် စီ ရင် တော် မူ သော အ ရှင် ကို သ တိ မူ ကြ လော့။ 10မ တ ရား သ ဖြင့် ရ သော ဘ ဏ္ဍာ နှင့်၊ အ မျက် တော် တိုက် တင်း ငယ် သည်၊ လူ ဆိုး တို့ အိမ် ၌ ရှိ သေး သ လော။ 11စဉ်း လဲ သော ချိန် ခွင်၊ မ မှန် သော အ လေး အိတ် ရှိ စေ လျှင်၊ ငါ သည် သန့် ရှင်း လျက် နေ မည် လော။ 12သူ ကြွယ် တို့ သည်၊ အ ဓ မ္မ မှု နှင့် ပြည့် လျက်၊ မြို့ သူ မြို့ သား တို့ လည်း၊ လှည့် စား တတ် သော လျှာ ဖြင့် မု သာ ဆို လျက် နေ ကြ သည် တ ကား။ 13သို့ ဖြစ် ၍၊ ငါ သည် သင့် ကို အ နာ တ ရ ပြု လျက်၊ ပြစ် မှု များ အ တွက် ဆိတ် ညံ ရာ ရောက် စေ သည့် အ လျောက်၊ 14-15ချင် ရဲ မ ပြေ ဘဲ စား သောက် ၍၊ ဆာ လောင် လျက် နေ ရ ခြင်း၊ ကယ် လွှတ် မည့် သူ တို့ ကို ဓား ဘေး သို့ ငါ လွှဲ အပ် သ ဖြင့်၊ မ လွတ် မြောက် စေ ဘဲ နေ ရ ခြင်း၊ မျိုး ကြဲ သော် လည်း၊ မ ရိတ် သိမ်း ဘဲ နေ ရ ခြင်း၊ သံ လွင် စ ပျစ် သီး ကို ဖိ နင်း သော် လည်း၊ မ လိမ်း မ ကျံ၊ မ သုံး သောက် ဘဲ နေ ရ ခြင်း များ ကို သင် ခံ ရ လ တ္တံ့။ 16မြို့ တော် ကို ဆိတ် ညံ ရာ၊ မြို့ သူ မြို့ သား တို့ ကို ပြက် ရယ် ပြု ရာ၊ ပြည် သူ ပြည် သား တို့ ကို လူ မျိုး တော် ခံ ရ သော ကဲ့ ရဲ့ ရာ၊ ငါ ရောက် စေ အံ့ သော ငှာ၊ သင် တို့ သည်၊ ဩ မ ရိ မင်း ၏ အ ထုံး အ ဖွဲ့ များ၊ အာ ဟပ် မင်း မျိုး၏ အ ပြု အ မူ များ ကို လိုက် ကျင့်၍၊ ၎င်း တို့ အ ကြံ အ စည် များ အ တိုင်း လိုက် လျှောက် ကြ သည် တ ကား။
လက်ရှိရွေးချယ်ထားမှု
မိ~က္ခာ~ကျမ်း။ 6: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.