မိ~က္ခာ~ကျမ်း။ 7
7
1အ ကျိုး နည်း လေ စွ။ အ သီး ဆွတ် ပြီး သော အ ပင်၊ ကောက် သိမ်း ပြီး စ ပျစ် သ ဖွယ် ဖြစ် သော ငါ၌၊ သုံး ဆောင် ရန် စ ပျစ် ပြွတ် တစ် ခိုင်၊ တပ် မက် ရန် သ ဖန်း သီး တစ် လုံး မျှ မ ရှိ ချေ။ 2နေ ပြည် တွင် ကြည် ညို သူ တို့ သည် တုံး၍၊ လူ့ ဘောင် တွင် သူ တော် ကောင်း တို့ သည် သုန်း လေ ပြီ။ ရှိ သ မျှ တို့ သည် သွေး သွန်း ရန် ချောင်း မြောင်း လျက်၊ ညီ အစ် ကို ဖြစ် သူ တို့ ကို ပင်၊ ပိုက် ကွန် နှင့် လိုက် လျက်၊ ဆိုး သွမ်း မှု ကို လက် သုံး ပြု သည့် အ တိုင်း၊ 3မင်း သည် ပ ဏ္ဏာ တောင်း ခြင်း၊ တ ရား သူ ကြီး သည် တံ စိုး စား ခြင်း၊ အ ကြီး အ ကဲ သည် တပ် မက် ရာ ကို ဖော် ပြ ခြင်း ပြု သည် နှင့်၊ အ ဆိုး ကို လွန်း ပေါင်း တင် ကြ၏။ 4ကောင်း မြတ် သူ တို့ သည် ဆူး တပ်၊ ဖြောင့် မှန် သူ တို့ သည် ဇီး တပ် မျှ သာ ဖြစ် ကြ သည် တ ကား။ သင့် မြို့ စောင့် တို့ သ တိ ပေး ရာ ဒဏ် စီ ရင် ခြင်း နေ့ ရက်၊ ရှုတ် ထွေး ရာ ကာ လ သည်။ ယ ခု ပင် ရောက် လေ ပြီ။ 5အ ပေါင်း အ ဖော် ကို အား ကိုး ခြင်း၊ အ သိ အ ကျွမ်း ကို စိတ် ချ ခြင်း မ ပြု လင့်။ ရင် ခွင် ရှိ မ ယား ရှေ့ ပင်၊ ကိုယ့် နှုတ် တံ ခါး ကို စောင့် လော့။ 6အ သို့ ဆို သော်၊ သား သည် ဖ ခင် ကို ပြောင် လှောင်၍၊ သ မီး သည် မိ ခင် ကိုလည်း ကောင်း၊ ချွေး မ သည် ယော က္ခ မ မိန်း မ သူ့ ကိုလည်း ကောင်း၊ ရန် ဘက် ပြု ကြ သည့် အ လျောက်၊ အိမ် ထောင် သား ချင်း တို့ လည်း ရန် မူ ကြ လေ စွ တ ကား။
7ငါ မှာ မူ၊ ထာ ဝ ရ ဘု ရား ကို မျှော် ကြည့် လျက်၊ ငါ့ ကို ကယ် တင် သော ဘု ရား သ ခင် အား စောင့် မျှော် မည်။ ငါ့ ဘု ရား သ ခင် နား ညောင်း တော် မူ လိမ့် မည်။ 8အို ရန် သူ၊ ငါ့ အ ပေါ် တွင် မ ရွှင် လန်း နှင့်။ ငါ လဲ ကျ ရ သော် လည်း၊ ထ ပြန် မည်။ မှောင် မိုက်၌ နေ ထိုင် ရ သော် လည်း၊ ထာ ဝ ရ ဘု ရား သည် အ လင်း သ ဖွယ် ဖြစ် တော် မူ၏။ 9ငါ သည် ထာ ဝ ရ ဘု ရား အား ပြစ် မှား မိ သော ကြောင့်၊ ငါ့ အ မှု ကို လဲ လျှောက်၍ စီ ရင် တော် မ မူ မ ချင်း၊ အ မျက် တော် ဒဏ် ကို သည်း ခံ မည်။ အ လင်း သို့ ထုတ် ဆောင် တော် မူ မည့် အ လျောက်၊ ဖြောင့် မတ် တော် မူ ခြင်း ကို ငါ ဖူး မြင် ရ သော အ ခါ၊ 10သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဘယ် မှာ နည်း ဟူ၍ ကဲ့ ရဲ့ သော ရန် သူ သိ မြင် သည့် အ တိုင်း၊ အ ရှက် နှင့် လွှမ်း ခြုံ ရ လ တ္တံ့။ လမ်း ရွှံ့ ကဲ့ သို့ ကျော် နင်း ခံ ရ သည် ကို၊ ငါ ဒိ ဋ္ဌ မြင် ရ လိမ့် မည်။
11-13နေ ထိုင် သူ တို့ အ တွက် ကြောင့် လည်း ကောင်း၊ အ ပြု အ မူ၏ အ ကျိုး ဆက် ကြောင့်လည်း ကောင်း၊ နေ ပြည် ဆိတ် ညံ ရာ ရောက် ပြီး ဖြစ် သော် လည်း၊ သင့် မြို့ ရိုး ကို တည် ရ သော နေ့ ရက် ရောက် တော့ မည်။ ထို နေ့ ရက်၌၊ သင့် နယ် နိ မိတ် များ ကို ကျယ် စေ မည့် အ လျောက်၊ အာ ရှု ရိ ပြည် နှင့် အိ ဂျစ် မြို့ ရွာ များ၌လည်း ကောင်း၊ အိ ဂျစ် ပြည် မှ ဥ ဖ ရတ် မြစ် တိုင် အောင်လည်း ကောင်း၊ ပင် လယ် တစ် သွယ် မှ တစ် သွယ် တိုင် အောင် လည်း ကောင်း၊ တောင် တစ် လုံး မှ တစ် လုံး တိုင် အောင်လည်း ကောင်း၊ ကွဲ လွင့် သူ တို့ ပြန် ရောက် ရ ကြ လ တ္တံ့။
14အ သီး အ ခြား နေ ထိုင် လျက်၊ ပိုင် တော် မူ ရာ သိုး အုပ် တည်း ဟူ သော လူ မျိုး တော် ကို၊ တောင် ဝေး တော် နှင့် ထိန်း ကျောင်း တော် မူ ပါ။ ယ မန် ကဲ့ သို့၊ က ရ မေ လ မြိုင်၊ ဗာ ရှန် နှင့် ဂိ လဒ် နယ် များ ၌၊ ကျက် စား ကြ ပါ စေ သော။ 15အိ ဂျစ် ပြည် မှ ကြွ လာ သော နေ့ ရက် ကာ လ ကဲ့ သို့၊ အံ့ ဖွယ် ရာ များ ကို ဖော် ပြ တော် မူ ပါ။ 16လူ မျိုး ခြား တို့ သည် မြင် ရ၍၊ ကိုယ့် စွမ်း ရည် သ တ္တိ ကြောင့် ရှက် သ ဖြင့်၊ နှုတ် ကို လက် နှင့် ပိတ် ထား လျက်၊ နား ထိုင်း ရာ ရောက် သည့် ပြင်၊ 17မြွေ ကဲ့ သို့ မြေ မုန့် ကို လျက် လျက်၊ တီ ကောင် ကဲ့ သို့ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ၊ အောင်း ရာ မြေ ထဲ မှ အ လန့် တ ကြား တိုး ဝင် လျက်၊ ရှေ့ တော် တွင် ကြောက် ရွံ့ ကြ လိမ့် မည်။
18ဒု စ ရိုက် ကို ပယ် ပ တော် မူ ထ သော၊ ပိုင် တော် မူ ရာ အ ကြွင်း အ ကျန် တို့၏ လွန် ကျုး မှု များ ကို ဖြေ လွှတ် တော် မူ ထ သော၊ အ မျက် တော် ကို အ မြဲ ထား တော် မ မူ သည့် အ လျောက်၊ က ရု ဏာ သက် တော် မူ သော ကိုယ် တော် နှင့်၊ မည် သည့် ဘု ရား တူ ပါ သ နည်း။ 19ကိုယ် တော် သည်၊ ငါ တို့ အား တစ် ဖန် ညှာ တာ ခြင်း၊ ဒု စ ရိုက် များ ကို နင်း ချေ ခြင်း ပြု တော် မူ၍၊ ပြစ် မှု ရှိ သ မျှ ကို သ မု ဒ္ဒ ရာ နက် ရှိုင်း ရာ သို့ ပစ် ချ လျက်၊ 20ရှေး ကာ လ က၊ ဘိုး ဘေး တို့ အား သ စ္စာ ဆို ခဲ့ သည် အ တိုင်း၊ ယာ ကုပ် အား သ စ္စာ တော် ကို လည်း ကောင်း၊ အာ ဗြ ဟံ အား က ရု ဏာ တော် ကိုလည်း ကောင်း၊ အ တည် ပြု တော် မူ လိမ့် သ တည်း။
လက်ရှိရွေးချယ်ထားမှု
မိ~က္ခာ~ကျမ်း။ 7: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.