မိ~က္ခာ~ကျမ်း။ 4
4
1နောင် လာ လ တ္တံ့ သော ကာ လ တွင်၊ ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် တည် သော တောင် သည်၊ တောင် တ ကာ တို့ အ ထွဋ် ဖြစ် လျက်၊ ကုန်း တ ကာ တို့ ထက် ကြီး မြင့် သည့် အ တိုင်း၊ လူ အ မျိုး မျိုး တို့ တက် ကြ လိမ့် မည်။ 2များ ပြား သော လူ မျိုး တို့ လည်း သွား လျက် ပင်၊ လာ ကြ။ ထာ ဝ ရ ဘု ရား၏ တောင် တော်၊ ယော ကုပ် ဘု ရား၏ ဗိ မာန် တော် သို့ တက် ကြ ကုန် အံ့။ နိဿ ရည်း တော် များ ကို သွန် သင် တော် မူ မည်။ နည်း လမ်း တော် များ သို့ လည်း ငါ တို့ လိုက် သွား အံ့ ဟု ဆို ကြ လိမ့် မည်။ အ သို့ ဆို သော်၊ တ ရား တော် သည် ဇိ အုန် တောင် မှ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား၏ နှုတ် က ပတ် တော် သည် ယေ ရု ရှ လင် မြို့ မှ လည်း ကောင်း ထွန်း ပေါ် လျက်၊ 3ကိုယ် တော် သည် များ ပြား သော လူ မျိုး တို့ စပ် ကြား၌ စီ ရင်၍၊ ဝေး ကွာ သော လူ မျိုး ကြီး တို့ အ ပေါ် တွင် ဆုံး ဖြတ် တော် မူ သ ဖြင့်၊ သူ တို့ ဓား လက် နက် များ ကို ထွန် သွား၊ လှံ လက် နက် များ ကို တံ စဉ် ဖြစ် စေ ခြင်း ငှာ ထု လုပ်၍၊ တစ် မျိုး ကို တစ် မျိုး ထပ် မံ ဓား ခုတ် ခြင်း၊ 4စစ် လေ့ ကျင့် ခြင်း မ ရှိ ဘဲ၊ လူ အ သီး သီး တို့ သည်၊ ကိုယ့် စ ပျစ် ခြံ၊ သ ဖန်း ခြံ ရိပ် တွင်၊ ထိတ် လန့် ရာ မဲ့ နေ ထိုင် ရ ကြ လ တ္တံ့။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ထို သို့ မိန့် တော် မူ လေ ပြီ။ 5လူ မျိုး တ ကာ တို့ သည်၊ ဆိုင် ရာ ဆိုင် ရာ ဘု ရား အ မည် ကို မှီ ၍ လိုက် လျှောက် ကြ သော် လည်း၊ ငါ တို့ မှာ မူ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နာ မ တော် ကို အ မှီ ပြု၍၊ ကာ လ အ စဉ် လိုက် လျှောက် ကြ ဦး မည်။
6ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ထို ကာ လ ငါ သည်၊ ထော့ နဲ့ သွား ခဲ့ ရ သူ၊ နှင် ထုတ် ခံ ခဲ့ ရ သူ၊ ဘေး စီ ရင် တော် မူ ခြင်း ခံ ခဲ့ ရ သူ တို့ ကို၊ စု ရုံး သိမ်း ယူ ပြီး လျှင်၊ ထော့ နဲ့ သူ့ ကို အ ကြွင်း အ ကျန် အ ဖြစ်၊ 7ဝေး ကွာ စွာ နှင် ထုတ် ခံ ရ သူ့ ကို လူ မျိုး ကြီး အ ဖြစ် ထား၍၊ ဇိ အုန် တောင် ပေါ် တွင်၊ ထို သူ တို့ ကို ကာ လ အ စဉ် ငါ ထာ ဝ ရ ဘု ရား အုပ် စိုး မည်။ 8သိုး အုပ် တော့် ဆိုင် ရာ မျှော် စင် ဖြစ် သော၊ အို သ တို့ သ မီး ယေ ရု ရှ လင် ကုန်း ယ မန် ရ သော အုပ် စိုး ခွင့်၊ သ တို့ သ မီး ယေ ရု ရှ လင် ၏ အာ ဏာ ပိုင် ခွင့် သည်၊ သင့် ထံ ရောက် ပြန် လိမ့် မည်။ 9သင် အော် ဟစ် လျက်၊ မီး ဖွား သော မိန်း မ ကဲ့ သို့ ဝေ ဒ နာ ခံ စား လျက် နေ သည် မှာ၊ ဘု ရင် သုန်း၊ မင်း တိုင် ပင် တုံး သော ကြောင့် လော။ 10အို သ တို့ သ မီး ဇိ အုန်၊ သင် သည် ယ ခု ပင် မြို့ မှ ထွက်၍ ကျေး တော၌ နား ပြီး လျှင်၊ ဗာ ဗု လုန် မြို့ သို့ သွား ရ သော ကြောင့်၊ မီး ဖွား သော မိန်း မ ကဲ့ သို့ နာ ကျင် လျက် ဝေ ဒ နာ ခံ စား လော့။ ထို မြို့၌ ပင်၊ ငါ ထာ ဝ ရ ဘု ရား သည် ရန် သူ တို့ လက် တွင်း မှ၊ သင့် ကို ကယ် ဆယ် ရွေး နုတ် မည်။ 11ဇိ အုန် မြို့ ကို စိန်း စိန်း ကြည့် လျက် ရှုတ် ချ ကြ ကုန် အံ့ ဟု ဆို သော၊ လူ မျိုး ခြား အ မြောက် အ မြား တို့ သည်၊ ယ ခု ပင် သင့် ကို ဝိုင်း ထား စု ရုံး လျက် နေ ကြ သော် လည်း၊ 12ကောက် နယ် တ လင်း သို့ ကောက် လှိုင်း သ ဖွယ်၊ ထို သူ တို့ ကို သိမ်း သွား သော ငါ ထာ ဝ ရ ဘု ရား ကြံ စည် သော ပြ ဋ္ဌာန်း ချက် ကို မ သိ ကြ ချေ။ 13အို သ တို့ သ မီး ဇိ အုန်၊ ငါ သည် သင့် ဦး ချို ကို သံ၊ သင့် ခွာ ကို ကြေး သ ဖွယ် ဖြစ် စေ မည့် အ လျောက်၊ ထ၍ နင်း နယ် လော့။ သင် သည် လူ မျိုး ခြား အ မြောက် အ မြား ကို ချေ မွှ ပြီး လျှင်၊ ငါ ထာ ဝ ရ ဘု ရား အား သူ တို့ စီး ပွား ကို လည်း ကောင်း၊ မြေ တစ် ပြင် လုံး ပိုင် ရှင် ငါ ဘု ရား အား စည်း စိမ် ကို လည်း ကောင်း၊ လှူ ဒါန်း ရ လိမ့် မည် ဟု မိန့် တော် မူ ၏။
လက်ရှိရွေးချယ်ထားမှု
မိ~က္ခာ~ကျမ်း။ 4: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.