YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိ~က္ခာ~ကျမ်း။ 3

3
1-3ငါ ဆင့် ဆို သည် မှာ၊ အို ယာ ကုပ် အ မျိုး အ အုပ် အ ချုပ်၊ ဣ သ ရေ လ အ မျိုး သား မှူး မတ် တို့၊ နာ ခံ ကြ လော့။ သု စ ရိုက် ကို မုန်း ထား လျက်၊ ဒု စ ရိုက် ကို နှစ် သက် သူ၊ ငါ့ လူ မျိုး ချင်း တို့ မှ အ ရေ ခွာ ခြင်း၊ အ ရိုး မှ အ သား ခြစ်၍ စား ခြင်း ပြု သူ၊ အ ရေ ခွာ ပြီး လျှင် အ ရိုး ချိုး လျက်၊ အိုး တွင် ချက် ပြုတ် သော အ သား ကဲ့ သို့ စဉ်း တတ် သူ၊ သင် တို့ သည်၊ တ ရား သ ဖြင့် စီ ရင် ခြင်း နှင့် ကျွမ်း ဝင် အပ် ကြ သည် မ ဟုတ် လော။ 4ထို ကာ လ၊ ထာ ဝ ရ ဘု ရား ထံ ထို သူ တို့ ဟစ် ကြ သော် လည်း၊ ဆိုး သွမ်း မှု ပြု ကျင့် လေ့ ရှိ ကြ သော ကြောင့်၊ ထူး တော် မ မူ ဘဲ မျက် နှာ တော် လွှဲ လိမ့် မည်။
5ဆွမ်း ကျွေး သူ တို့ အား၊ ချမ်း သာ စေ ဟု ဆို လျက်၊ မ ကျွေး သူ တို့ အား ရန် မူ လျက်၊ ငါ့ လူ မျိုး သား ချင်း တို့ ကို လမ်း လွှဲ စေ သော ပ ရော ဖက် တို့ နှင့် စပ် လျဉ်း၍ ထာ ဝ ရ ဘု ရား က၊ 6သင် တို့၌ ရူ ပါ ရုံ မြင် ခွင့် မ ရ သော ညဉ့် အ ချိန်၊ ဗေ ဒင် ဟော ခွင့် မ ရ သော မှောင် မိုက် အ ချိန် ဖြစ် မည့် အ လျောက်၊ ပ ရော ဖက် တို့ အ ထက် နေ ဝင်၍၊ နေ့ လည်း မိုက် လျက်၊ 7အ မြော် အ မြင် ဆ ရာ တို့ ရှက် ကွဲ လျက်၊ ဗေ ဒင် တတ် တို့ ကျိုး ယုတ် လျက်၊ ငါ ဘု ရား သ ခင် ဗျာ ဒိတ် မ ပေး သည့် အ တွက်၊ ရှိ သ မျှ တို့ နှုတ် ကို ဖုံး ထား ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ၏။ 8ငါ မှာ မူ၊ ယာ ကုပ် အ မျိုး အား ကိုယ့် လွန် ကျူး မှု၊ ဣ သ ရေ လ အ မျိုး အား ကိုယ့် ပြစ် မှု ကို ဖော် ပြ အံ့ သော ငှာ၊ ထာ ဝ ရ ဘု ရား၏ ဝိညာဉ် တော် ကြောင့်၊ အ စွမ်း သ တ္တိ၊ #3.8  ပါ ဠိ။ - အ စီ အ ရင်။ဉာဏ် သ တ္တိ၊ နှုတ် သ တ္တိ နှင့် ပြည့် စုံ လေ ပြီ။ 9-10တ ရား သ ဖြင့် စီ ရင် ခြင်း ကို ရွံ့ ရှာ လျက် တ ရား လွှဲ သူ၊ ဇိ အုန် မြို့ ကို သွေး သွန်း မှု နှင့် လည်း ကောင်း၊ ယေ ရု ရှ လင် မြို့ ကို ဒု စ ရိုက် မှု နှင့် လည်း ကောင်း၊ တည် ဆောက် သူ၊ အို ယာ ကုပ် အ မျိုး သား အ အုပ် အ ချုပ်၊ ဣ သ ရေ လ အ မျိုး သား မှူး မတ် တို့၊ နာ ခံ ကြ လော့။ 11အ အုပ် အ ချုပ် တို့ သည် တံ စိုး စား ၍ တ ရား စီ ရင် ခြင်း၊ ပ ရော ဟိတ် တို့ သည် အ ခ ယူ ၍ သွန် သင် ခြင်း၊ ပရော ဖက် တို့ သည် လာဘ် ခံ၍ ဗေ ဒင် ဟော ခြင်း များ ကို ပြု လျက် ပင်၊ ထာ ဝ ရ ဘု ရား သည် ငါ တို့ တွင် စံ နေ တော် မူ သည် မ ဟုတ် လော။ ဘေး သင့် မည် မ ဟုတ် ဟု ဆို၍ ထာ ဝ ရ ဘု ရား ကို အ မှီ တံ ကဲ ပြု ကြ သည် တ ကား။ 12ထို ကြောင့်၊ သင် တို့ ပြစ် မှု အ တွက်၊ ဇိ အုန် မြို့ သည် လယ် အ ဖြစ် ထွန် ခြင်း၊ ယေ ရု ရှ လင် မြို့ သည် ဖုန်း ဆိုး ကုန်း ဖြစ် ခြင်း၊ ဗိ မာန် ရှိ တောင် တော် လည်း တော ကုန်း ဖြစ် ခြင်း များ ကို ခံ ရ မည် ဟူ၍ တည်း။

လက်ရှိရွေးချယ်ထားမှု

မိ~က္ခာ~ကျမ်း။ 3: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ