မိ~က္ခာ~ကျမ်း။ 2
2
1အိပ် ရာ ပေါ် တွင်၊ ဒု စ ရိုက် ကို ကြံ စည် လျက်၊ မ ကောင်း ကို ဆင် ခြင် လျက်၊ နံ နက် မိုး သောက် သည့် ကာ လ၊ သတ္တိ ရှိ သ လောက် ပြု သော သူ၊ 2အိမ်၊ လယ် ယာ များ ကို တပ် မက် ၍ သိမ်း ယူ သ ဖြင့်၊ လင် နှင့် သား မ ယား တို့ အား၊ ပိုင် ရာ ပ စ္စည်း ပါ၊ ညှဉ်း ပန်း သူ တို့ သည်၊ အ မင်္ဂ လာ ရှိ ကြ ၏။ 3သို့ ဖြစ်၍ ထာ ဝ ရ ဘု ရား က၊ ဆိုး သွမ်း ရာ ကာ လ ဖြစ် သော ကြောင့်၊ မတ် တတ် ရပ် ခွင့်၊ လည် ကုတ် ဆုတ် ခွင့် မ ရှိ သည့် တိုင် အောင်၊ ဤ လူ မျိုး နှင့် စပ် လျဉ်း သော မ ကောင်း ဝန် ကို ငါ ကြံ စည် သည် ဟု မိန့် တော် မူ ၏။ 4ထို ကာ လ၌၊ သင် တို့ ကို ရည် သော ငို ချင်း က ဗျာ ဖွဲ့ ဆို သည့် အ တိုင်း၊ ဒု က္ခ ရောက် လေ ပြီ။ လုံး လုံး ပျက် စီး ကြ လေ ပြီ။ လူ မျိုး သား ချင်း တို့၏ ဝေ ပုံ လွှဲ ပြောင်း၍၊ ငါ တို့ လက် မှတ် သိမ်း ယူ ကြ လေ ပြီ။ ဖောက် ပြန် သူ တို့ အား၊ ငါ တို့ လယ် ယာ များ ကို ဝေ ဖန် ကြ လေ စွ ဟု မြည် တမ်း သီ ဆို ကြ လ တ္တံ့။ 5သို့ နှင့် အ ညီ၊ ထာ ဝ ရ ဘု ရား၏ ပ ရိ သတ်၌၊ သင့် ဝေ ပုံ ကို ကြိုး ဖြင့် တိုင်း တာ သူ ရှိ တော့ မည် မ ဟုတ်။
6မ ဟော ကြ လင့်။ ထို အ ခြင်း အ ရာ များ ကို ဟော ပြော သူ မ ရှိ စေ လင့်။ အ ပြစ် တင် စ ကား ပြတ် စဲ ရ မည် မ ဟုတ် လော။ 7ယာ ကုပ် အ မျိုး သား တို့ အား၊ အို ဆင့် ဆို လျက် နေ သူ၊ ထာ ဝ ရ ဘု ရား သည် စိတ် တို တော် မူ သ လော။ ထို အ တိုင်း စီ ရင် တော် မူ သ လော ဟု ပြန် ဟော ကြ ရာ၌၊ ဖြောင့် မှန် စွာ လိုက် လျှောက် သူ တို့ အ ဖို့၊ ငါ့ ဗျာ ဒိတ် တော် အ ကျိုး ပေး သည် မှန် သော် လည်း၊ 8ငါ့ လူ မျိုး ဖြစ် သော သင် တို့ သည်၊ ယ ခု က ပင် ရန် သူ သ ဖွယ် ထ ကြွ၍၊ ခိုက် ရန် မ ပြု ဘဲ စိတ် ချ စွာ ခ ရီး သွား သူ တို့ မှ၊ အ ပေါ် ရုံ ကို ချွတ် ယူ ခြင်း။ 9သာ ယာ အိမ် များ မှ၊ လူ မျိုး တော် မိန်း မ တို့ ကို နှင် ထုတ် ခြင်း၊ သူ ငယ် တို့ မှ၊ ငါ့ ဘုန်း ဂုဏ် ကို ရုပ် သိမ်း ခြင်း ပြု ကြ လေ စွ။ 10ထ သွား ကြ လော့။ ကု သ၍ မ ရ သော ပျက် ယွင်း နာ ကို ဖြစ် စေ သည့် ညစ် ညူး ခြင်း ကြောင့်၊ ဤ ပြည် သည် သင် တို့ နား နေ ရာ ဖြစ် တော့ မည် မ ဟုတ်။ 11အ ကြင် သူ က၊ စ ပျစ် ရည် နှင့် သေ ရည် သေ ရက် အ ကြောင်း ငါ ဟော ပြော မည် ဟု၊ လေ သက် သက်၊ မု သာ သက် သက်၌ ကျင် လည်၍ လှည့် စား အံ့။ ထို သူ သည်၊ ဤ လူ မျိုး ၏ ပ ရော ဖက် ဖြစ် ထိုက် လ တ္တံ့။
12အို ယာ ကုပ်၊ ငါ သည် သင့် အ မျိုး သား အ ပေါင်း တို့ ကို စု ရုံး လျက်၊ ဣ သ ရေ လ အ ကြွင်း အ ကျန် တို့ ကို သိမ်း ယူ လျက်၊ ခြံ၌ သိုး စု၊ စား ကျက်၌ သိုး အုပ် ကဲ့ သို့ သွင်း ထား မည့် အ လျောက်၊ လူ သံ သူ သံ ဖြစ် ပြန် လိမ့် မည်။ 13မြို့ ရိုး ကို ဖောက် သော အ ရှင် ဦး တည်၍ ကြွ တော် မူ၏။ ရှိ သ မျှ တို့ သည် မြို့ တံ ခါး ဖြင့် ပေါက် လွတ် ထွက် သွား ကြ လေ ပြီ။ သူ တို့ ဘု ရင် ထာ ဝ ရ ဘု ရား သည်၊ ဦး တည် ရှေ့ ဆောင်၍ ချီ ကြွ တော် မူ လေ ပြီ။
လက်ရှိရွေးချယ်ထားမှု
မိ~က္ခာ~ကျမ်း။ 2: GHB
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Garrad Holy Bible © Bible Society of Myanmar, 1928.