YouVersion လိုဂို
ရှာရန် အိုင်ကွန်

မိ~က္ခာ~ကျမ်း။ 1

1
1ယု ဒ ဘု ရင် ယော သံ မင်း၊ အာ ခဒ် မင်း၊ ဟေ ဇ ကိ မင်း တို့ လက် ထက်၊ ရှာ မာ ရိ မြို့၊ ယေ ရု ရှ လင် မြို့ နှင့် စပ် လျဉ်း ၍၊ ထာ ဝ ရ ဘု ရား ထံ တော် မှ ရောက် လာ သည့် အ တိုင်း၊ မော ရ ရှ မြို့ သား မိ က္ခာ မြော် မြင် ရ သော ဗျာ ဒိတ် တော် ကား။
2အို လူ မျိုး အ ပေါင်း တို့၊ နာ ခံ ကြ လော့။ အို မြေ ပ ထ ဝီ နှင့် ရှိ ရှိ သ မျှ ပါ၊ နား စိုက် ကြ လော့။ အ ရှင် ထာ ဝ ရ ဘုရား သည်၊ သန့် ရှင်း သော ဗိ မာန် တော် မှ၊ သင် တို့ တစ် ဘက်၌ သက် သေ ခံ တော် မူ လ တ္တံ့။ 3ကြည့် ကြ လော့။ ထာ ဝ ရ ဘု ရား သည်၊ စံ ရာ ဘုံ မှ ထွက် ကြွ ဆင်း သက် ပြီး လျှင်၊ မြေ ပ ထ ဝီ ရှိ မြင့် မြတ် ရာ များ ၌ စက် တော် ဖြန့် သ ဖြင့်၊ 4နင်း တော် မူ သော တောင် များ သည်၊ မီး ရှေ့ ဖ ယောင်း ကဲ့ သို့ အ ရည် ပျော် ၍၊ ချိုင့် များ လည်း၊ တောင် ကမ်း ပါး ယံ ၌ ရေ တံ ခွန် ဖြာ သ ကဲ့ သို့ အက် ကွဲ ရ လ တ္တံ့။
5ထို အ ခြင်း အ ရာ များ သည်၊ ယာ ကုပ် အ မျိုး၏ လွန် ကျူး မှု၊ ဣ သ ရေ လ အ မျိုး သား တို့ ပြစ် မှု များ ကြောင့် ရောက် လေ ပြီ။ ယာ ကုပ် အမျိုး ၏ လွန် ကျူး မှု ကား၊ ရှ မာ ရိ မြို့၊ ယု ဒ အ မျိုး၏ မြင့် ရာ ဌာ န များ ကား၊ ယေ ရု ရှ လင် မြို့ ဖြစ် သည် မ ဟုတ် လော။ 6သို့ ဖြစ်၍ ငါ သည်၊ ရှ မာ ရိ မြို့ ကို၊ တော ခြေ ရှိ မြို့ ပျက်၊ စ ပျစ် ခင်း သ ဖွယ် ဖြစ် စေ လျက်၊ အ ခြေ အ မြစ် ဟင်း လင်း ပေါ် အောင်၊ ကျောက် များ ကို ချိုင့် ထဲ သို့ ပစ် ချ မည့် အ လျောက်၊ 7ပြည့် တန် ဆာ အ လုပ် နှင့် ဆည်း ပူး သော ရုပ် ပွား ဆင်း တု မှ စ၍၊ လက် ဆောင် ရှိ သ မျှ သည်၊ ကျိုး ပျက် ခြင်း၊ ကျွမ်း လောင် ခြင်း၊ ဆိတ် ညံ ခြင်း ခံ ရ လျက်၊ ပြည် တန် ဆာ၏ လက် ဆောင် အ ဖြစ် ရောက် ပြန် လိမ့် တ ကား။
8-9သို့ နှင့် အ ညီ၊ ခံ ရ သော ဒဏ် ချက် များ သည်၊ ကု သ၍ မ ရ၊ ယု ဒ ပြည် သို့ ရောက် လျက်၊ အ မျိုး သား ချင်း တို့၏ ဝင် ပေါက် ဖြစ် သော ယေ ရု ရှ လင် မြို့ တိုင် အောင် ပင် ကူး ပြီး ဖြစ် သော ကြောင့်၊ ငါ သည် မြည် တမ်း အော် ဟစ် လျက်၊ ဖိ နပ် မ စီး၊ အ ဝတ် မ ဆင် ဘဲ သွား လာ လျက်၊ ခွေး အ ကဲ့ သို့ အူ ခြင်း၊ ငှက် ကု လား အုပ် ကဲ့ သို့ မြည် ခြင်း ကို ပြု ရ လိမ့် မည်။
10ဂါ သ မြို့ တွင်၊ ငို ကြွေး လျက် ထို သ တင်း ကို မ ကြော် ငြာ လင့်။ ငါ သည်။ ဗေ သော ဖ ရာ တွင်#1.10  ပါ ဠိ။ - အာ ဖရာ။ မြေ မုန့် ၌လူး လေ ပြီ။ 11အို ရှ ဖိ ရ မြို့ သူ တို့၊ အ ဝတ် အ ချည်း စည်း အ ရှက် ကွဲ လျက် ထွက် သွား ကြ လော့။ ဗေ သ ဇေ လ မြို့ သူ တို့ မြည် တမ်း ၍ အား မ ပေး နိုင် သော ကြောင့်၊ ဇာ နန် မြို့ သူ တို့ သည် မ ထွက် ဝံ့ ကြ ချေ။ 12ဘေး ဆိုး သည်၊ ထာ ဝ ရ ဘု ရား ထံ မှ ယေ ရု ရှ လင် မြို့ တံ ခါး သို့ သင့် ရောက် ပြီး ဖြစ် သော ကြောင့်၊ မာ ရုတ် မြို့ သူ တို့ သည်၊ မ ကောင်း ကို စိုး ရိမ် လျက် နေ ကြ၏။ 13အို လာ ခိ ရှ မြို့ သူ တို့၊ စစ် ရ ထား ကို မြင်း က ကြ လော့။ သင့် မြို့၌ ဣ သ ရေ လ လူ မျိုး၏ လွန် ကျူး မှု တည် ရှိ သည့် အ လျောက်၊ သ တို့ သ မီး ဇိ အုန် ၏ အ ပြစ် မူ လ ရင်း ဖြစ် သ တည်း။ 14သင် သည် ဂါ သ ခ ရိုင် မော ရ ရှက် မြို့ ကို လက် လွှတ် ရ မည်။ အာ ခ ဇိပ် မြို့ သူ မြို့ သား တို့ သည်၊ ဣ သ ရေ လ ဘု ရင် အ ဖို့ #1.14  ပါ ဠိ။ - အာ ခ ဇပ်။ချောင်း ခြောက် သ ဖွယ် ဖြစ် ၏။ 15အို မ ရေ ရှ မြို့၊ #1.15  ပါ ဠိ။ - ယ ရေ ရှ။အ ပိုင် ယူ မည့် သူ ကို၊ ငါ ရောက် စေ မည်။ ဣ သ ရေ လ လူ မျိုး ၌ အ သ ရေ ရှိ သူ တို့ သည်၊ အ ဒု လံ ဥ မင် သို့ ပြေး ကြ ရ မည်။ 16သင် နှစ် သက် သော သား သ မီး တို့ ကို သုံ့ ဘမ်း သိမ်း သွား ကြ ပြီး ဖြစ် သော ကြောင့်၊ ဦး ဆံ ပယ် ခြင်း၊ မုတ် ဆိတ် ရိတ် ခြင်း ပြု လျက်၊ လင်း ယုန် ကဲ့ သို့ ခေါင်း ပြောင် စေ လော့။

လက်ရှိရွေးချယ်ထားမှု

မိ~က္ခာ~ကျမ်း။ 1: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ