YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~မဿဲ။ 17

17
1ထို နောက် ခြောက် ရက် လွန် သော် ယေ ရှု သည် ပေ တ ရု မှ စ၍ ညီ အစ် ကို ဖြစ် သူ ယာ ကုပ်၊ ယော ဟန် တို့ ကို မြင့် စွာ တောင် ပေါ် သို့ အ သီး အ ခြား ခေါ် သွား ပြီး လျှင် သူ တို့ ရှေ့ တွင် အ ဆင်း ပြောင်း လျက်၊ 2နေ ကဲ့ သို့ မျက် နှာ တော် တောက် ပ လျက် အ လင်း ကဲ့ သို့ အ ဝတ် တော် ဖြူ လျက် ရှိ တော် မူ၏။ 3မော ရှေ နှင့် ဧ လိ ယ တို့ လည်း ထင် ရှား ၍ ကိုယ် တော် နှင့် တိုင် ပင် ကြ ရာ၊ 4ပေ တ ရု က အ ရှင် ဘု ရား၊ ဤ တွင် နေ ထိုင် ရန် ကောင်း ပါ သည်။ အ လို တော် ရှိ လျှင် ကိုယ် တော် ဖို့ တစ် ဆောင် မော ရှေ ဖို့ တစ် ဆောင် ဧ လိ ယ ဖို့ တစ် ဆောင် တဲ သုံး ဆောင် ထိုး ပါ မည် ဟု ယေ ရှု အား လျှောက်၏။ 5ထို သို့ လျှောက် စဉ် ပင် တောက် ပ သော တိမ် တိုက် သည် လွှမ်း မိုး လျက် ဤ သူ ကား ငါ နှစ် သက် မြတ် နိုး ရာ ချစ် သား ပေ တည်း။ သူ့ အ မိန့် ကို နာ ခံ ကြ ဟု တိမ် တိုက် တဲ က ဗျာ ဒိတ် တော် သံ ရောက် လာ သည် ကို တ ပည့် တော် တို့ ကြား သော်၊ 6အ လွန် ကြောက် ရွံ့ ဝပ် လျှိုး ကြ ၏။ 7ထို အ ခါ ယေ ရှု သည် ကြွ လာ ကိုင် ဆွဲ လျက် ထ ကြ၊ မ ကြောက် ကြ နှင့် ဟု မိန့် တော် မူ သ ဖြင့် မြော် ကြည့် ကြ သော်၊ 8ယေ ရှု တစ် ပါး တည်း ပြင် မည် သူ့ ကို မျှ မ မြင် ချေ။
9တောင် ပေါ် မှ ဆင်း လာ ကြ စဉ် ယေ ရှု က သူ သေ တို့ အ ထဲ မှ လူ့ သား မ ရှင် ပြန် မ ထ မြောက် မီ ဤ ရူ ပါ ရုံ ကို မည် သူ့ မျှ အား မ ပြော ကြ နှင့် ဟု မြစ် တား တော် မူ၏။ 10တ ပည့် တော် တို့ က လည်း သို့ ဖြစ် လျှင် ဧ လိ ယ လာ နှင့် ရ မည် ဟူ၍ ကျမ်း တတ် ဆ ရာ တို့ အ ဘယ့် ကြောင့် ဆို ကြ ပါ သ နည်း ဟု မေး လျှောက် ကြ သော်၊ 11ကိုယ် တော် က ဧ လိ ယ သည် လာ၍ အ ရာ ခပ် သိမ်း ကို အ သစ် ပြု ပြင် ရ မည် မှန်၏။ 12သို့ ရာ တွင် ဧ လိ ယ ရောက် လာ ပြီ။ သူ့ ကို မ သိ၍ အ လို ရှိ ရာ ပြု ကြ လေ ပြီ။ ထို နည်း တူ လူ့ သား လည်း သူ တို့ လက် တွင် ခံ ရ မည်၊ ငါ ဆို သည် ဟု မိန့် တော် မူ၏။ 13ထို အ ခါ ဗ တ္တိ ဇံ ဆ ရာ ယော ဟန် နှင့် စပ် လျဉ်း၍ မိန့် တော် မူ သည် ကို တ ပည့် တော် တို့ နား လည် ကြ ၏။
14လူ ပ ရိ သတ် တို့ ရှိ ရာ သို့ ရောက် ကြ သော် လူ တစ် ယောက် သည် ချဉ်း ကပ် ဒူး ထောက် လျက် အ ရှင် ဘု ရား၊ 15အ ကျွန်ုပ် သား ကို သ နား တော် မူ ပါ။ သူ သည် ဝက် ရူး စွဲ၍ မီး တွင်လည်း ကောင်း၊ ရေ တွင်လည်း ကောင်း ကြိမ် ဖန် များ စွာ လဲ လျက် ဒု က္ခ ကြီး စွာ ခံ နေ ရ ပါ သည်။ 16အ ရှင့် တ ပည့် တို့ ထံ ခေါ် ခဲ့ သော် လည်း မ ကျန်း မာ စေ နိုင် ကြ ပါ ဟု လျှောက် သည့် ကာ လ 17ယေ ရှု က ယုံ ကြည် ခြင်း ကင်း၍ ကောက် ကျစ် သော အို လူ မျိုး၊ ငါ သည် သင် တို့ နှင့် မည် မျှ ကြာ ရှိ နေ ရ မည် နည်း။ သင် တို့ ကို မည် မျှ ကြာ သည်း ခံ ရ မည် နည်း။ သူ ငယ် ကို ငါ့ ထံ ယူ ခဲ့ ကြ ဟု မိန့် ဆို ပြီး လျှင် ဆုံး မ တော် မူ ရာ၊ 18နတ် ထွက် ခွာ သ ဖြင့် ထို အ ချိန် နာ ရီ က စ၍ သူ ငယ် ကျန်း မာ လေ၏။ ထို နောက် တ ပည့် တော် တို့ သည် 19ယေ ရှု ထံ အ သီး အ ခြား ချဉ်း ကပ် လျက် အ ဘယ် ကြောင့် ထို နတ် ကို တ ပည့် တော် တို့ မ နှင် ထုတ် နိုင် ပါ သ နည်း ဟု မေး လျှောက် ကြ သော်၊ 20သင် တို့ ယုံ ကြည် ခြင်း နည်း ကြ သော ကြောင့် တည်း။ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား ဤ အ ရပ် မှ ထို အ ရပ် သို့ ရွှေ့ လော့ ဟု ဆို သော် ရွေ့ လိမ့် မည်။ သင် တို့ မ တတ် စွမ်း နိုင် သော အ ရာ မည် သည် မျှ ရှိ မည် မ ဟုတ်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။#17.21 သို့ သော် လည်း။ ပ ဌ နာ ပြု ခြင်း၊ အ စာ ရှောင် ခြင်း များ အား ဖြင့် မှ တစ် ပါး၊ ထို နတ် မျိုး ကို မ ထွက် စေ နိုင် ဟူ သော နံ ပါတ် ၂၁ သည် ရှေး ကျမ်း ဟောင်း အ ချို့ ၌ ပါ ရှိ ၏။
22ဂါ လိ လဲ နယ် တွင် စု ရုံး သော တ ပည် တော် တို့ အား ယေ ရှု က လူ့ သား သည် လူ တို့ လက် သို့ ပို့ အပ် ခံ ရ၍ အ သေ သတ် ခြင်း ခံ ရ လိမ့် မည်။ 23သုံး ရက် လည် သော နေ့ တွင် ရှင် ပြန် ထ မြောက် ရ လိမ့် မည် ဟု မိန့် တော် မူ သ ဖြင့် အ လွန် ဝမ်း နည်း ကြ၏။
24က ပေ ရ နောင် မြို့ သို့ ရောက် ကြ သော် အ လှူ ငွေ ခံ သူ တို့ သည် ပေ တ ရု အား သင့် ဆ ရာ သည် အ လှူ ငွေ ပေး သည် မ ဟုတ် လော ဟု မေး လာ သည့် ကာ လ ပေ တ ရု က ပေး သည် ဟု ပြန် ဆို၏။ 25ထို နောက် ပေ တ ရု သည် အိမ် သို့ ဝင် လာ သော အ ခါ ယေ ရှု က အို ရှိ မုန်၊ မည် သို့ ထင် သ နည်း။ ပြည့် ရှင် မင်း တို့ သည် အ ခွန် အ ကောက် များ ကို မည် သူ့ ထံ မှ ကောက် ခံ ကြ သ နည်း။ သား ရင်း တို့ ထံ မှ လော။ သူ တစ် ထူး တို့ ထံ မှ လော ဟု ကြို တင် မေး တော် မူ ရာ၊ 26ပေ တ ရု က သူ တစ် ထူး တို့ ထံ မှ ခံ ပါ သည် ဟု ဖြေ ဆို သည့် ကာ လ ယေ ရှု က သို့ ဖြစ် လျှင် သား ဖြစ် သူ တို့ မှာ လွတ် ရ သည်။ 27သို့ ရာ တွင် ငါ တို့ သည် ထို သူ တို့၌ တိုက် လဲ ရန် အ ကြောင်း မ ဖြစ် စေ ခြင်း ငှာ သွား ၍ အိုင်၌ ငါး မျှား ချ လော့၊ အ ဦး မိ သည့် ငါး ၏ ခံ တွင်း ကို ဖွင့် လျှင် ငွေ တစ် ကျပ် တွေ့ လိမ့် မည်။ ထို ငွေ ကို ယူ၍ ငါ နှင့် သင့် အ တွက် ပေး လော့ ဟု မိန့် တော် မူ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်~မဿဲ။ 17: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

ရှင်~မဿဲ။ 17 အကြောင်း ဗီဒီယိုများ