YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~မဿဲ။ 16

16
1ထို အ ခါ ဖာ ရိ ရှဲ တို့ နှင့် ဇ ဒ္ဒု ကဲ တို့ သည် လာ၍ ကိုယ် တော် ကို စုံ စမ်း လျက် မိုး ကောင်း ကင် က နိ မိတ် လ က္ခ ဏာ ကို ပြ တော် မူ ရန် တောင်း ပန် ကြ ရာ 2ကိုယ် တော် က ည နေ အ ချိန် တွင် တိမ် တောက် သော် မိုး လေ သာ ယာ လိမ့် မည် ဟူ၍ လည်း ကောင်း၊ 3နံ နက် အ ချိန် တွင် နီ မှောင် လျက် ရှိ သော် ယ နေ့ မိုး လေ ပြင်း ထန် လိမ့် မည် ဟူ၍ လည်း ကောင်း သင် တို့ ဆို တတ် ကြ၏။ မိုး ကောင်း ကင် မျက် နှာ ပြင် လ က္ခ ဏာ ကို ပိုင်း ခြား သိ မြင် တတ် သော သင် တို့ သည် ခေတ် ကာ လ များ နှင့် စပ် ဆိုင် သော နိ မိတ် လ က္ခ ဏာ များ ကို မ သိ မ မြင် နိုင် ကြ လော။ 4ဆိုး သွမ်း၍ မျောက် မ ထား တတ် သော ယ ခု လူ မျိုး သည် နိ မိတ် လ က္ခ ဏာ တောင်း ကြ သည် မှာ ယော န၏ နိ မိတ် လ က္ခ ဏာ မှ တစ် ပါး မည် သည့် နိ မိတ် လ က္ခ ဏာ ကို မျှ ပြ မည် မ ဟုတ် ဟု ပြန်၍ မိန့် တော် မူ ပြီး လျှင် ထို သူ တို့ ထံ မှ ထွက် ကြွ တော် မူ၏။
5တစ် ဖက် ကမ်း သို့ ကူး သော တ ပည့် တို့ သည် မုန့် ကို မေ့ လျော့၍ မ ယူ မိ ချေ။ 6ထို နောက် ယေ ရှု က ဖာ ရိ ရှဲ တို့ နှင့် ဇ ဒ္ဒု ကဲ တို့၏ တ ဆေး ကို သ တိ ပြု၍ ကြဉ် ရှောင် ကြ လော့ ဟု မိန့် တော် မူ သော်၊ 7ငါ တို့ သည် မုန့် မ ယူ ခဲ့ ကြ ဟု တ ပည့် တော် အ ချင်း ချင်း ဆွေး နွေး ကြ သည် ကို သိ တော် မူ သည့် ကာ လ၊ 8အ ချင်း ယုံ ကြည် ခြင်း နည်း ပါး သူ တို့ သင် တို့ သည် မုန့် မ ယူ ခဲ့ မိ သည့် အ ကြောင်း ကို အ ဘယ် ကြောင့် အ ချင်း ချင်း ဆွေး နွေး ကြ သ နည်း။ 9နား မ လည် ကြ သေး လော။ မုန့် ငါး လုံး နှင့် လူ ငါး ထောင် ဆိုင် ရာ စား ကြွင်း၊ ဆွဲ တောင်း ရေ မည် မျှ ကောက် ခဲ့ သည် ကို လည်း ကောင်း၊ 10မုန့် ခု နစ် လုံး နှင့် လူ လေး ထောင် ဆိုင် ရာ စား ကြွင်း တောင်း ရေ မည် မျှ ကောက် ခဲ့ သည် ကိုလည်း ကောင်း သ တိ မ ရ ကြ လော။ 11မုန့် အ ကြောင်း နှင့် စပ်၍ မ ပြော သည် ကို အ ဘယ် ကြောင့် နား မ လည် ကြ သ နည်း။ ဖာ ရိ ရှဲ တို့ နှင့် ဇ ဒ္ဒု ကဲ တို့၏ တ ဆေး ကို ကား ကြဉ် ရှောင် ကြ လော့ ဟု မိန့် တော် မူ ၏။ 12ထို အ ခါ မှ မုန့် ဆိုင် ရာ တ ဆေး ကို ကြဉ် ရှောင် ရ မည် ကိုယ် တော် မ ဆို၊ ဖာ ရိ ရှဲ တို့ နှင့် ဇ ဒ္ဒု ကဲ တို့ ဒေ သ နာ ကို ကြဉ် ရှောင် ရ မည် ဟု မိန့် ဆို တော် မူ ကြောင်း နား လည် ကြ၏။
13ကဲ သ ရိ ဖိ လိ ပ္ပိ နယ် သို့ ရောက် သော် ယေ ရှု က လူ့ သား သည် မည် သူ ဖြစ် သည် ဟု လူ တို့ ဆို ကြ သ နည်း ဟူ၍ တ ပည့် တော် တို့ အား မေး မြန်း တော် မူ သည့် ကာ လ၊ 14အ ချို့ က ဗ တ္တိ ဇံ ဆ ရာ ယော ဟန်၊ အ ချို့ က ဧ လိ ယ၊ အ ချို့ က ယေ ရ မိ မှ စ၍ ပ ရော ဖက် တစ် ပါး ပါး ဖြစ် ကြောင်း ဆို ကြ ပါ သည် ဟု တ ပည့် တော် တို့ ပြန် လျှောက် ကြ ရာ၊ 15သင် တို့ ကား ငါ သည် မည် သူ ဖြစ် သည် ဟု ဆို ကြ သ နည်း မေး မြန်း တော် မူ ပြန် သည့် ကာ လ၊ 16ရှိ မုန် ပေ တ ရု က ကိုယ် တော် သည် အ သက် ရှင် တော် မူ သော ဘု ရား သ ခင်၏ သား တော် တည်း ဟူ သော ခ ရစ် တော် ပင် ဖြစ် တော် မူ သည် ဟု ပြန် လျှောက် လေ၏။ 17ထို အ ခါ ယေ ရှု က ရှိ မုန် ဗာ ယော န၊ သင်၌ မင်္ဂ လာ ရှိ၏။ ထို အ ကြောင်း ကို အ သွေး အ သား ဖြစ် သူ တို့ ဖွင့် ပြ သည် မ ဟုတ် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော် ဖွင့် ပြ တော် မူ၏။ 18ငါ ဆို သည် ကား သင် သည် ပေ တ ရု ဖြစ် သည့် အ လျောက် ဤ ကျောက် ပေါ် တွင် ငါ့ အ သင်း တော် ကို ငါ တည် ဆောက် မည်။ မ ရ ဏာ နိုင် ငံ၏ တံ ခါး များ လည်း ထို အ သင်း တော် ကို နိုင် ရ လိမ့် မည် မ ဟုတ်။ 19ကောင်း ကင် နိုင် ငံ တော်၏ သော့ များ ကို သင့် အား ငါ ပေး သည့် ပြင် မြေ ကြီး ပေါ် တွင် မည် သည့် အ ရာ ကို မ ဆို သင် မြစ် တား လျှင် ကောင်း ကင် ဘုံ တွင် မြစ် တား လျက် ရှိ လိမ့် မည်။ မြေ ကြီး ပေါ် တွင် မည် သည့် အ ရာ ကို မ ဆို သင် ခွင့် ပြု လျှင် ကောင်း ကင် ဘုံ တွင် ခွင့် ပြု လျက် ရှိ လိမ့် မည် ဟု မိန့် တော် မူ၏။ 20ထို နောက် ခ ရစ် တော် ဖြစ် ကြောင်း ကို မည် သူ့ အား မျှ မ ကြား မ ပြော ကြ စေ ရန် တ ပည့် တော် တို့ ကို မြစ် တား တော် မူ၏။
21ထို ကာ လ က စ၍ ယေ ရှု ခ ရစ် သည် ယေ ရု ရှ လင် မြို့ သို့ သွား ရ မည့် အ ကြောင်း လူ ကြီး များ၊ ပ ရော ဟိတ် ကြီး များ နှင့် ကျမ်း တတ် ဆ ရာ များ လက် တွင် ဒု က္ခ များ စွာ ခံ ရ မည့် အ ကြောင်း အ သေ ခံ ပြီး နောက် သုံး ရက် လည် သော နေ့ တွင် ရှင် ပြန် ထ မြောက် ရ မည့် အ ကြောင်း များ ကို တ ပည့် တော် တို့ အား ဖော် ပြ တော် မူ သ ဖြင့်၊ 22ပေ တ ရု သည် ကိုယ် တော် ကို ပင့် ခေါ် လျက် အ ရှင် ဘု ရား ကိုယ် တော် နှင့် ကင်း ဝေး ပါ စေ။ ထို သို့ မ ဖြစ် ရ ဟု ဆုံး မ သော်၊ 23ကိုယ် တော် သည် လှည့်၍ အ ချင်း စာ တန်၊ ဆုတ် သွား လော့။ သင် သည် ငါ နှင့် တိုက် လဲ ရန် အ ကြောင်း ဖြစ်၏။ ဘု ရား သ ခင့် ဆိုင် ရာ များ ကို သင် ဂ ရု မ ပြု၊ လူ့ ဆိုင် ရာ များ ကို သာ ဂ ရု ပြု သည် ဟု ပေ တ ရု အား မိန့် တော် မူ၏။ 24ထို နောက် တ ပည့် တော် တို့ အား ယေ ရှု က မည် သူ မ ဆို ငါ့ နောက် လိုက် လို လျှင် ကိုယ် ကို ငြင်း ပယ်၍ ကိုယ့် ကား တိုင် ကို ထမ်း လျက် လိုက် စေ။ 25ကိုယ့် အ သက် ကို ကယ် လို သူ တိုင်း အ သက် ရှုံး လိမ့် မည်။ ငါ့ အ တွက် ကြောင့် အ သက် ရှုံး သူ တိုင်း ကား အ သက် တွေ့ လိမ့် မည်။ 26လူ သည် တစ် လော က လုံး အ ပိုင် ရ၍ အ သက် ရှုံး လျှင် မည် သည့် အ ကျိုး ရှိ မည် နည်း။ ကိုယ် အ သက် ကို မည် သည့် အ ရာ နှင့် လဲ လှယ် မည် နည်း။ 27လူ့ သား သည် ခ မည်း တော်၏ ဘုန်း တော် ကို ဆောင် လျက် စေ တ မန် တော် တို့ နှင့် တ ကွ ကြွ လာ မည့် ကာ လ လူ အ သီး အသီး တို့ အား အ ပြု အ မူ အ လျောက် ဆပ် ပေး တော် မူ လိမ့် မည်။ 28ဤ တွင် ရပ် နေ သူ အ ချို့ သည် နိုင် ငံ တော် ၌ ကြွ လာ တော် မူ သော လူ သား ကို မ မြင် မီ အ လျှင်း မ သေ ရ။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်~မဿဲ။ 16: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ