YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်~မဿဲ။ 18

18
1ထို အ ချိန် နာ ရီ၌ တ ပည့် တော် တို့ သည် ယေ ရှု ထံ ချဉ်း ကပ်၍၊ ကောင်း ကင် နိုင် ငံ တော် တွင် မည် သူ သည် အ ကြီး မြတ် ဆုံး ဖြစ် ပါ သ နည်း ဟု မေး လျှောက် ကြ သော်၊ 2ကိုယ် တော် သည် သူ ငယ် တစ် ယောက် ကို ခေါ်၍ တ ပည့် တော် တို့ အ လယ် တွင် ထား ပြီး နောက် 3သင် တို့ သည် စိတ် ပြောင်း လဲ လျက် သူ ငယ် များ ကဲ့ သို့ မ ဖြစ် လျှင် ကောင်း ကင် နိုင် ငံ တော် သို့ အ လျှင်း ဝင် ရ မည် မ ဟုတ် ဟု ငါ အ မှန် ဆို ၏။ 4မည် သူ မ ဆို ဤ သူ ငယ် ကဲ့ သို့ ကိုယ် ကို နှိမ့် ချ လျှင် ကောင်း ကင် နိုင် ငံ တော် တွင် အ ကြီး မြတ် ဆုံး ဖြစ်၏။ 5ငါ့ နာ မ ကို ထောက်၍ ဤ သို့ သော သူ ငယ် တစ် ယောက် ကို လက် ခံ လျှင် ငါ့ ကို လက် ခံ၏။ 6ငါ့ အား ယုံ ကြည် သော ဤ လူ ငယ် တစ် ယောက် ယောက် ကို တိုက် လဲ စေ သော သူ မူ ကား လည် တွင် ကြိတ် ဆုံ ကျောက် ဆွဲ လျက် ပင် လယ် နက် ရှိုင်း ရာ၌ နှစ် မြှုပ် ခံ ရ လျှင် ကောင်း၏။ 7တိုက် လဲ စေ ရန် အ ကြောင်း များ ကြောင့် ဤ လော က၌ အ မင်္ဂ လာ ရှိ၏။ ထို အ ကြောင်း များ ပေါ် လာ ရ မည် မှန် သော် လည်း ပေါ် လာ စေ သော သူ၌ အ မင်္ဂ လာ ရှိ၏။ 8ထို ကြောင့် လက် က ဖြစ် စေ၊ ခြေ က ဖြစ် စေ၊ သင့် ကို တိုက် လဲ စေ လျှင် ဖြတ် ပစ် လော။ ခြေ လက် အ စုံ အ လင် နှင့် ထာ ဝ ရ မီး ထဲ သို့ ပစ် ချ ခံ ရ သည် ထက် ခြေ လက် ချို့ တဲ့ လျက် အ သက် ရှင် ရာ သို့ ဝင် ရ သော် ကောင်း သေး ၏။ 9မျက် စိ က တိုက် လဲ စေ လျှင် ထုတ် ပစ် လော။ မျက် စိ နှစ် လုံး ပါ လျက် င ရဲ မီး ထဲ သို့ ပစ် ချ ခံ ရ သည် ထက် မျက် စိ တစ် လုံး နှင့် အ သက် ရှင် ရာ သို့ ဝင် ရ သော် ကောင်း သေး ၏။ 10ဤ သူ ငယ် တစ် ယောက် ယောက် ကို မ ထီ မဲ့ မြင် မ ပြု မိ စေ ရန် သ တိ မူ ကြ လော့။ စောင့် ထိန်း သူ ကောင်း ကင် တ မန် တို့ သည် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော်၏ မျက် နှာ တော် ကို အ စဉ် ဖူး မြင် ရ ကြ သည် ငါ ဆို၏။#18.11 လူ သား လည်း၊ ပျောက် လွင့် သူ တို့ ကို ကယ် ရန် ရောက် လာ ၏။ ဟူ သော နံ ပါတ် ၁၁ သည် ရှေး ကျမ်း ဟောင်း အချို့ ၌ ပါ ရှိ ၏။ 12မည် သို့ ထင် ကြ သ နည်း။ လူ တစ် ယောက် မှာ သိုး တစ် ရာ ရှိ၍ တစ် ကောင် လမ်း လွဲ လျှင် ကျန် ကိုး ဆယ့် ကိုး ကောင် ကို တောင် တန်း ပေါ် တွင် ထား ခဲ့ ပြီး သော် လမ်း လွဲ သော သိုး ကို ရှာ ရန် သွား မည် မ ဟုတ် လော။ 13တွေ့ မိ ခဲ့ လျှင် လမ်း မ လွဲ သော ကိုး ဆယ့် ကိုး ကောင် အ တွက် ထက် ထို တစ် ကောင် အ တွက် သာ၍ ဝမ်း မြောက် ဝမ်း သာ ရှိ သည် ဟု ငါ အ မှန် ဆို ၏။ 14ဤ သူ ငယ် တစ် ဦး တစ် ယောက် မျှ ပျက် စီး သည် ကို ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ အ လို ရှိ တော် မူ မည် မ ဟုတ်။
15၎င်း ပြင် ညီ အစ် ကို ချင်း သည် သင့် ကို ပြစ် မှား မိ လျှင် သူ့ အ ပြစ် ကို နှစ် ယောက် တည်း ဖော် ပြ ရန် သွား လော့။ သင်၏ စ ကား ကို နာ ယူ လျှင် ထို ညီ အစ် ကို ကို သင် ရ လေ ပြီ။ 16မ နာ ယူ လျှင် မူ ကား သက် သေ ခံ နှစ် ဦး သုံး ဦး ထွက် ဆို က ပြစ် မှု ရှိ သ မျှ တည် စေ ရန် တစ် ဦး နှစ် ဦး ကို ခေါ် သွား ဦး လော့။ 17ထို သူ တို့ စ ကား ကို နား မ ထောင် ရှိ နေ လျှင် အ သင်း တော် အား ကြား ပြော လော့။ အ သင်း တော်၏ စ ကား ကို ပင် နား မ ထောင် လျှင် ထို သူ့ ကို သာ သ နာ ပ အ နေ နှင့် လည်း ကောင်း၊ အ ခွန် ကောက် အ နေ နှင့် လည်း ကောင်း မှတ် ယူ လော့။ 18မြေ ကြီး ပေါ် တွင် မည် သည့် အ ရာ ကို မ ဆို သင် တို့ မြစ် တား လျှင် ကောင်း ကင် ဘုံ တွင် မြစ် တား လျက် ရှိ လိမ့် မည်။ မြေ ကြီး ပေါ် တွင် မည် သည့် အ ရာ ကို မ ဆို သင် တို့ ခွင့် ပြု လျှင် ကောင်း ကင် ဘုံ တွင် ခွင့် ပြု လျက် ရှိ လိမ့် မည် ဟု ငါ အ မှန် ဆို၏။ 19တစ် ဖန် ငါ အ မှန် ဆို သည် မှာ သင် တို့ အ နက် နှစ် ဦး နှစ် ယောက် သည် တောင်း လေ ရာ ရာ၌ စပ်၍ မြေ ကြီး ပေါ် တွင် သ ဘော ချင်း တူ ညီ လျှင် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော် သည် ထို အ ရာ ကို သ နား တော် မူ မည်။ 20ငါ့ နာ မ ကို ထောက်၍ နှစ် ဦး သုံး ဦး တို့ စည်း ဝေး လျှင် စည်း ဝေး ရာ ထို သူ တို့ အ လယ် တွင် ငါ ရှိ သည် ဟု မိန့် တော် မူ၏။
21ထို အ ခါ ပေ တ ရု သည် ချဉ်း ကပ် လျက် အ ရှင် ဘု ရား ညီ အစ် ကို ချင်း သည် တ ပည့် တော် ကို ပြစ် မှား၍ တ ပည့် တော် ဖြေ လွတ် ရ မည် မှာ ဘယ် နှစ် ကြိမ် ပါ နည်း။ ခု နစ် ကြိမ် တိုင် လော ဟု မေး လျှောက် သော်၊ 22ယေ ရှု က ခု နစ် ကြိမ် တိုင် မ ဟုတ်၊ အ ကြိမ် ခု နစ် ဆယ် ခု နစ် လီ တိုင် ဖြေ လွတ် ရ မည် ဟု ငါ ဆို၏။ 23ထို ကြောင့် ကောင်း ကင် နိုင် ငံ တော် သည် ကျေး ကျွန် သင်း ပင်း တို့ နှင့် စာ ရင်း ရှင်း လို သော ဘု ရင် မင်း တစ် ပါး နှင့် တူ၏။ 24ရှင်း မိ သော် ရွှေ ဒင်္ဂါး နှစ် သန်း ကြွေး မြီး တင် သူ တစ် ဦး ကို ရှေ့ တော် သို့ သွင်း လာ ကြ သ ဖြင့် ဆပ် ပေး ရန် မ ရှိ သော ကြောင့် 25ထို သူ မှ စ၍ သား မ ယား ဥ စ္စာ ပ စ္စည်း ရှိ သ မျှ ကို ရောင်း ချ ဆပ် ပေး စေ ဟု အမိန့် ရှိ တော် မူ သော် 26ထို ကျွန် သည် ပျပ် ဝပ် ရှိ ခိုး လျက် အ ရှင် သည်း ခံ တော် မူ ပါ။ ကုန် စင် အောင် ဆပ် ပါ မည် ဟု တင် လျှောက် သည့် ကာ လ၊ 27အ ရှင် သည် က ရု ဏာ သက် သ ဖြင့် သူ့ ကို လွှတ်၍ ကြွေး မြီ ကို လည်း ပ လပ် စေ၏။ 28ထို သူ မူ ကား ထွက် သွား လျက် ငွေ တစ် ရာ တင် သော မြီ စား ကျွန် ချင်း တစ် ယောက် ကို တွေ့ သော် ဖမ်း ဆီး၍ လည် ကို ညှစ် ပြီး လျှင် ငါ့ ငွေ ကို ဆပ် လော့ ဟု တောင်း ဆို သည့် ကာ လ၊ 29ထို ကျွန် ချင်း သည် ပျပ် ဝပ် လျက်၊ သည်း ခံ ပါ ဦး။ ကုန် စင် အောင် ဆပ် ပါ မည် ဟု တောင်း ပန် သော် လည်း 30သည်း မ ခံ ဘဲ သွား၍ မ ဆပ် မ ချင်း ထောင် ချ လေ၏။ 31အ ခြား သော ကျွန် ချင်း တို့ သည် ထို အ ချင်း အ ရာ ကို သိ မြင် သော် အ လွန် ဝမ်း နည်း၍ အ ရှင့် ထံ သွား လျက် အ လုံး စုံ သံ တော် ဦး တင် ကြ သည့် အ တိုင်း အ ရှင် သည် ထို သူ့ ကို ခေါ် ၍၊ 32အ ချင်း ကျွန် ဆိုး၊ သင် တောင်း လျှောက် သော ကြောင့် ကြွေး မြီ ရှိ သ မျှ ကို ငါ ပ လပ် စေ ပြီ။ 33ငါ သည် သင့် ကို သ နား သည့် နည်း တူ၊ ကျွန် ချင်း ဖြစ် သူ့ ကို သင် သ နား သင့် သည် မ ဟုတ် လော ဟု မိန့် ဆို လျက် 34အ မျက် တော် ထွက်၍ ကြွေး ရှိ သ မျှ ကို မ ဆပ် မ ချင်း အာ ဏာ သား တို့ ထံ အပ် ထား တော် မူ၏။ 35သင် တို့ ရှိ သ မျှ လည်း ညီ အစ် ကို ချင်း ကို စိတ် ပါ ကိုယ် ရောက် အ ပြစ် မ လွှတ် လျှင် ကောင်း ကင် ဘုံ ရှင် ငါ့ ခ မည်း တော် သည် ထို နည်း တူ စီ ရင် တော် မူ လိမ့် မည် ဟု မိန့် တော် မူ ၏။

လက်ရှိရွေးချယ်ထားမှု

ရှင်~မဿဲ။ 18: GHB

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ