YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဇာခရိအနာဂတ္တိကျမ်း 13

13
ဘုရားသခင်၏လူမျိုးတော်ကိုစင်ကြယ်စေခြင်း
1ထို​နေ့ရက်​တွင် ဒါဝိဒ်​အမျိုးအနွယ်​မှစ၍ ဂျေရုဆလင်​မြို့သူမြို့သား​တို့ အပြစ်​နှင့်​မစင်ကြယ်မှု​များ​ကို ဆေးကြော​ရန် စမ်းရေတွင်း​တစ်​ခု ပေါ်လာ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ 2ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ထို​နေ့ရက်​တွင် ထို​ပြည်​မှ ရုပ်တု​တို့​၏​အမည်​များ​ကို ပြန်လည်​အမှတ်ရ​ခြင်း မ​ရှိ​လေ​အောင် ငါ ပယ်ဖျက်​ပစ်​မည်​။ ထိုနည်းတူ ထို​ပြည်​မှ ပရောဖက်​များ​နှင့် ဝိညာဉ်ဆိုး​များ​ကို​လည်း ဖယ်ရှား​ပစ်​မည်​။ 3တစ်စုံတစ်ဦး​သည် ပရောဖက်ပြု​ဟောပြော​နေ​သေး​လျှင် သူ့​ကို​ဖြစ်ပွား​စေ​သော သူ့​မိဘ​တို့​က ‘သင်​သည် ထာဝရဘုရား​၏​နာမ​တော်​ကို အမှီပြု​၍ မဟုတ်မမှန်​ဟောပြော​သောကြောင့် အသက်ချမ်းသာ​ရာ​ရ​မည်​မ​ဟုတ်’​ဟု ဆို​၍ သူ့​ကို​ဖြစ်ပွား​စေ​သော​မိဘ​ကိုယ်တိုင်​က ထို​သူ​ပရောဖက်ပြု​ဟောပြော​သောအခါ သူ့​ကို ထိုးသတ်​လိမ့်မည်​။ 4ထို​နေ့ရက်​တွင် ပရောဖက်​တို့​သည် ပရောဖက်ပြု​ဟောပြော​သောအခါ မြင်​ရ​သော​စိတ်အာရုံ​ကြောင့် အရှက်ရ​လိမ့်မည်​။ လူ​တို့​ကို လှည့်စား​ရန် သားမွေးဝတ်လုံ​ကို ဝတ်​ခွင့်​ရှိ​တော့​မည်​မ​ဟုတ်​။ 5သူ​က ‘ငါ​သည် ပရောဖက်​မ​ဟုတ်​၊ လယ်သမား ဖြစ်​၏​။ ငယ်စဉ်​ကပင် ကျွန်​အဖြစ် ရောင်းစား​ခံ​ခဲ့​ရ​ပါ​၏’​ဟု ဆို​လိမ့်မည်​။ 6တစ်စုံတစ်ယောက်​က သူ့​အား ‘သင့်​လက်​နှစ်​ဖက်​မှ ဒဏ်ရာ​များ​ကား မည်သို့နည်း’​ဟု မေး​လျှင် သူ​က ‘ငါ့​မိတ်ဆွေ​အိမ်​မှ​ရ​သော​ဒဏ်ရာ​ဖြစ်​၏’​ဟု ဆို​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။ 7ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အို ဓား​၊ ထ​လော့​။ ငါ​၏​သိုးထိန်း​ကို တိုက်ခိုက်​လော့​။ ငါ​၏​အိမ်နီးချင်း​ကို တိုက်ခိုက်​လော့​။ သိုးထိန်း​ကို​ရိုက်နှက်​လော့​။ ထိုအခါ သိုး​တို့ ကွဲလွင့်​သွား​ကြ​လိမ့်မည်​။ ငါ​သည်​လည်း သိုးငယ်​များ​ကို လက်​ဖြင့်​ရွယ်​၍ တိုက်ခိုက်​မည်”​ဟု မိန့်​တော်မူ​၏​။ 8ထာဝရဘုရား​က “တိုင်းပြည်​တစ်ပြည်လုံး​၏​သုံးပုံ​နှစ်ပုံ ဖျက်ဆီး​ခံရ​၍ လူ​တို့​သေ​ကြ​လိမ့်မည်​။ သုံးပုံတစ်ပုံ​သာလျှင်​ကျန်​လိမ့်မည်​။ 9ငါ​သည် ထို​သုံးပုံတစ်ပုံ​ကို မီး​ထဲသို့​ထည့်​၍ ငွေ​ကို​သန့်စင်​သကဲ့သို့ သန့်စင်​မည်​။ ရွှေ​ကို​စစ်​သကဲ့သို့ စစ်​မည်​။ သူ​တို့​သည် ငါ့​နာမ​ကို​ခေါ်​သောအခါ ငါ​ထူး​မည်​။ ‘သူ​တို့​သည် ငါ့​လူမျိုး​တော်​ဖြစ်​ကြ​၏’​ဟု ငါ​ဆို​မည်​။ သူ​တို့​က​လည်း ‘ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏’​ဟူ၍ လျှောက်ဆို​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဇာခရိအနာဂတ္တိကျမ်း 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ