YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 7

7
အစ္စရေးထဲမှ တံဆိပ်ခတ်ခြင်းခံရသူများ
1ထို့နောက် ကောင်းကင်​တမန်​လေး​ပါး​သည် ကမ္ဘာ​မြေကြီး​၏​ထောင့်​လေး​ထောင့်​တွင်​ရပ်​လျက် မြေကြီး​ပေါ်သို့​လည်းကောင်း၊ ပင်လယ်​ပေါ်သို့​လည်းကောင်း၊ သစ်ပင်​ရှိသမျှ​အပေါ်သို့​လည်းကောင်း လေ​မ​တိုက်​စေရန် မြေကြီး​လေး​မျက်နှာ​၏​လေ​တို့​အား ထိန်းချုပ်​ထား​သည်​ကို ငါ​မြင်​ရ​၏။ 2တစ်ဖန် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​တံဆိပ်​တော်​ကို ကိုင်ဆောင်​လျက် နေ​ထွက်​ရာ​အရပ်​မှ​တက်​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ကောင်းကင်​တမန်​သည် မြေကြီး​နှင့်​ပင်လယ်​တို့​ကို ဘေးသင့်​စေ​နိုင်​သော​အခွင့်​ရရှိ​ထား​သည့် ကောင်းကင်​တမန်​လေး​ပါး​တို့​အား 3“ငါ​တို့​ဘုရားသခင်​၏​အစေအပါး​တို့​၏​နဖူး​ပေါ်တွင် တံဆိပ်​ခတ်နှိပ်​မ​ပြီး​မချင်း မြေကြီး၊ ပင်လယ်​နှင့် သစ်ပင်​တို့​ကို ဘေး​မ​သင့်​စေ​နှင့်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​၏။ 4ထို့နောက် တံဆိပ်​ခတ်နှိပ်​ခြင်း​ခံရ​သော​သူ​တို့​၏​အရေအတွက်​ကို ငါ​ကြား​ရ​၏။ အစ္စရေး​အမျိုးသား​တို့​၏​မျိုးနွယ်စု​အားလုံး​ထဲမှ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​သည် တံဆိပ်​ခတ်နှိပ်​ခြင်း​ခံရ​ကြ​၏။#ဗျာ 14:1။ 5ယုဒ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်​တို့​သည် တံဆိပ်​ခတ်နှိပ်​ခြင်း​ခံရ​၍ ရုဗင်​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ ဂဒ်​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ 6အာရှာ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ နဿလိ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ မနာရှေ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ 7ရှိမောင်​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ လေဝိ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ ဣသခါ​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ 8ဇာဗုလုန်​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ ယောသပ်​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်၊ ဗင်္ယာမိန်​အနွယ်​ထဲမှ တစ်သောင်း​နှစ်ထောင်​တို့​သည် တံဆိပ်​ခတ်နှိပ်​ခြင်း​ခံရ​ကြ​၏။
ကြီးစွာသောဒုက္ခဆင်းရဲခြင်းထဲမှထွက်လာသောလူထုကြီး
9ထို့နောက် ငါ​ကြည့်​လိုက်​ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုး​နှင့် ဘာသာ​စကား​အသီးသီး​တို့​မှ မည်သူမျှ​မ​ရေတွက်​နိုင်​သည့်​များစွာ​သော​လူ​အစုအဝေး​သည် ဖြူ​သော​ဝတ်လုံ​ကို​ဝတ်ဆင်​ထား​လျက် သူ​တို့​လက်​၌ စွန်ပလွံ​ခက်​များ​ကိုင်ဆောင်​ကာ ပလ္လင်​တော်​နှင့်​သိုးသငယ်​တော်​ရှေ့​တွင် ရပ်​နေ​ကြ​၏။ 10သူ​တို့​က “ကယ်တင်​ခြင်း​သည် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော ငါ​တို့​၏​ဘုရားသခင်​နှင့် သိုးသငယ်​တော်​၌​ရှိ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ကြ​၏။ 11ကောင်းကင်​တမန်​အပေါင်း​တို့​သည် ပလ္လင်​တော်၊ သက်ကြီးဝါကြီး​တို့​နှင့် သတ္တဝါ​လေး​ပါး​တို့​၏​ပတ်လည်​၌ ရပ်​နေ​ကြ​၏။ သူတို့​သည်​လည်း ပလ္လင်​တော်​ရှေ့​၌​ပျပ်ဝပ်​လျက် ဘုရားသခင်​ကို​ရှိခိုး​ကာ 12“အာမင်။ ကောင်းချီး​မင်္ဂလာ၊ ဘုန်း​အသရေ၊ ဉာဏ်ပညာ၊ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း၊ ဂုဏ်သရေ၊ တန်ခိုး​နှင့် အစွမ်းသတ္တိ​တို့​သည် ငါ​တို့​ဘုရားသခင်​၌ ကမ္ဘာ​အဆက်ဆက်​ရှိ​ပါစေသော။ အာမင်”​ဟု မြွက်ဆို​ကြ​၏။
13ထို့နောက် သက်ကြီးဝါကြီး​တို့​ထဲမှ​တစ်​ပါး​က “ဖြူ​သော​ဝတ်လုံ​ကို​ဝတ်ဆင်​ထား​သော​ဤ​သူ​တို့​သည် မည်သူ​တို့​နည်း။ မည်သည့်​အရပ်​မှ​လာ​ကြ​သနည်း”​ဟု ငါ့​အား​မေး​၏။ 14ငါ​က​လည်း “သခင်၊ ကိုယ်တော်​သိ​ပါ​၏”​ဟု ပြန်လျှောက်​လျှင် ထို​သူ​က “ဤ​သူ​တို့​သည် ကြီးစွာ​သော​ဆင်းရဲ​ဒုက္ခ​ထဲမှ ထွက်လာ​သော​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် မိမိ​တို့​၏​ဝတ်လုံ​များ​ကို သိုးသငယ်​တော်​၏​သွေး​တော်​အားဖြင့် လျှော်ဖွပ်​လျက် ဖြူဖွေး​စေ​ကြ​၏။ 15ထို့ကြောင့် သူ​တို့​သည် ဘုရားသခင်​၏​ပလ္လင်​တော်​ရှေ့​၌​နေ​၍ ကိုယ်တော်​၏​ဗိမာန်​တော်​တွင် နေ့​ရော​ည​ပါ ကိုယ်တော်​ကို​ဝတ်ပြု​ရ​ကြ​၏။ ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​သည်​လည်း သူ​တို့​နှင့်အတူ​စံမြန်း​တော်မူ​လိမ့်မည်။ 16သူ​တို့​သည် နောက်တစ်ဖန် ဆာလောင်​ခြင်း၊ ရေငတ်​ခြင်း ရှိ​တော့​မည်​မ​ဟုတ်။ နေ​၊ သို့မဟုတ် အခြား​မည်သည့်​အပူရှိန်​မျှ သူ​တို့​အပေါ်​ကျရောက်​မည်​မဟုတ်။ 17အကြောင်းမူကား ပလ္လင်​တော်​အလယ်​တွင်​ရှိ​သော​သိုးသငယ်​တော်​သည် သူ​တို့​ကို​အုပ်ထိန်း​၍ အသက်​ရေ​ထွက်​ရာ​စမ်းရေ​တွင်း​သို့ သူ​တို့​ကို​လမ်းပြ​ပို့ဆောင်​တော်မူ​လိမ့်မည်။ ဘုရားသခင်​သည်​လည်း သူ​တို့​၏​မျက်စိ​မှ မျက်ရည်​ရှိသမျှ​တို့​ကို သုတ်​ပေး​တော်မူ​လိမ့်မည်”#ဗျာ 21:4၊ ဟေရှာ 25:8။​ဟု ဆို​၏။

လက်ရှိရွေးချယ်ထားမှု

ဗျာဒိတ်ကျမ်း 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ