YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 17

17
စောင့်ရှောက်ပေးတော်မူရန် ဆုတောင်းခြင်း
ဒါဝိဒ်​၏​ဆုတောင်းချက်
1အို ထာဝရဘုရား​၊ ဖြောင့်မတ်​သော​လျှောက်လဲချက်​ကို​နားညောင်း​၍
အကျွန်ုပ်​၏​ဟစ်ကြော်သံ​ကို အာရုံစိုက်​နားထောင်​တော်မူ​ပါ​။
လိမ်လည်လှည့်ဖြား​ခြင်း​မ​ရှိ​သော အကျွန်ုပ်​၏​နှုတ်​မှ​ဆုတောင်းချက်​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။
2အကျွန်ုပ်​အတွက်​တရားစီရင်​ခြင်း​သည် ကိုယ်တော့်​ထံမှ​လာ​ပါစေသော​။
ကိုယ်တော်​၏​မျက်စိ​သည် သမာသမတ်​ရှိ​ခြင်း​ကို​မြင်​ပါစေသော​။
3ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို​စစ်ဆေး​တော်မူ​၏​။ ညအချိန်​၌ အကျွန်ုပ်​ကို စစ်ကြော​တော်မူ​၏​။
အကျွန်ုပ်​ကို​စစ်ကြော​လျှင်​လည်း အကျွန်ုပ်​၌​မည်သည့်​အရာ​မျှ​တွေ့​ရ​မည်​မ​ဟုတ်​ပါ​။
အကျွန်ုပ်​၏​နှုတ်​သည် အပြစ်​မ​ကျူးလွန်​မိ​စေရန် အကျွန်ုပ်​စိတ်ပိုင်းဖြတ်​ထား​ပါ​၏​။
4လူ​တို့​၏​လုပ်ဆောင်မှု​များ​နှင့်​ပတ်သက်၍​မူကား ကြမ်းကြုတ်​သော​လမ်း​များ​ကို
ကိုယ်တော်​၏​နှုတ်​တော်​ထွက်​စကား​အားဖြင့် အကျွန်ုပ်​ရှောင်ကြဉ်​ခဲ့​ပါ​၏​။
5အကျွန်ုပ်​၏​ခြေလှမ်း​များ​သည် ကိုယ်တော်​၏​လမ်း​တော်​၌​ရှိ​ပါ​၏​။
အကျွန်ုပ်​သည် ခြေ​ချော်​ခြင်း​မ​ရှိ​ပါ​။
6အို ဘုရားသခင်​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ထူး​တော်မူ​မည်​ဖြစ်၍ ကိုယ်တော်​ကို​အကျွန်ုပ်​ခေါ်​ပါ​၏​။
အကျွန်ုပ်​ကို​ဂရုစိုက်​နားထောင်​လျက် အကျွန်ုပ်​၏​စကား​ကို​နားညောင်း​တော်မူ​ပါ​။
7လက်ယာ​လက်​တော်​၌​ခိုလှုံ​သော​သူ​တို့​ကို သူ​တို့​တစ်ဖက်​၌​ထကြွ​သော​သူ​များ​လက်​မှ ကယ်တင်​တော်မူ​သော​ဘုရား​၊
ကိုယ်တော်​၏​မေတ္တာကရုဏာ​များ​ကို အံ့ဩဖွယ်​ပြသ​တော်မူ​ပါ​။
8-9အကျွန်ုပ်​ကို​နိုင်ထက်စီးနင်း​ပြု​သည့် ဆိုးယုတ်​သော​သူ​တို့​၏​ရှေ့​မှ​လည်းကောင်း​၊
အကျွန်ုပ်​ကို​ဝိုင်းရံ​ထား​လျက် အကျွန်ုပ်​ကို​သတ်​လို​သော​ရန်သူ​တို့​ရှေ့​မှ​လည်းကောင်း
အကျွန်ုပ်​ကို ကိုယ်တော်​၏​မျက်စိ​သူငယ်အိမ်​ကဲ့သို့ စောင့်ရှောက်​တော်မူ​ပါ​။
ကိုယ်တော်​၏​အတောင်​တော်​အရိပ်​အောက်​၌ အကျွန်ုပ်​ကို​ဖုံးကွယ်​ထား​တော်မူ​ပါ​။
10သူ​တို့​သည် အကြင်နာစိတ်​ကင်းမဲ့​၍ သူ​တို့​နှုတ်​သည်
မောက်မာ​စွာ​ပြောဆို​ပါ​၏​။
11သူ​တို့​သည် အကျွန်ုပ်​တို့​ကို​ခြေရာခံ​၍ ယခု အကျွန်ုပ်​တို့​ကို​ဝိုင်းရံ​ထား​ကြ​ပြီး
အကျွန်ုပ်​တို့​ကို​မြေကြီး​ပေါ်​လှဲချ​ရန် စောင့်ကြည့်​နေ​ကြ​ပါ​၏​။
12သူ​တို့​သည် ကိုက်ဖဲ့​လို​စိတ်​ပြင်းထန်​သော ခြင်္သေ့​ကဲ့သို့​လည်းကောင်း​၊ ကွယ်​ရာ​မှ​ချောင်းမြောင်း​နေ​သော
ခြင်္သေ့ပျို​ကဲ့သို့​လည်းကောင်း ဖြစ်​ကြ​ပါ​၏​။
13အို ထာဝရဘုရား​၊ ထ​တော်မူ​ပါ​။ သူ့​ကို​ထိပ်တိုက်ရင်ဆိုင်​၍ ညွတ်တွား​စေ​တော်မူ​ပါ​။
ကိုယ်တော်​၏​ဓား​ဖြင့် ဆိုးယုတ်​သော​သူ​၏​လက်​မှ အကျွန်ုပ်​၏​အသက်​ကို ကယ်တင်​တော်မူ​ပါ​။
14အို ထာဝရဘုရား​၊ ဤ​လောက​၏​အမွေ​ကို​သာ ခံစား​ကြ​ရ​သော လောကီသား​တို့​၏​လက်​မှ
ကိုယ်တော်​၏​လက်​တော်​ဖြင့် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​ပါ​။
ကိုယ်တော်​သည် သူ​တို့​၏​ဝမ်း​ကို ကိုယ်တော်​၏​ဘဏ္ဍာ​တော်​နှင့်​ပြည့်​စေ​တော်မူ​၏​။
သူ​တို့​သည် သားသမီး​အများအပြား​ထွန်းကား​၍ သူ​တို့​၏​ကလေး​များ​အတွက်​လည်း
သူ​တို့​၏​စည်းစိမ်ဥစ္စာ​ကို ချန်ထား​တတ်​ကြ​ပါ​၏​။
15အကျွန်ုပ်​မူကား ဖြောင့်မတ်​ခြင်း​ကြောင့် ကိုယ်တော်​၏​မျက်နှာ​တော်​ကို​ဖူးမြော်​ရ​ပါ​လိမ့်မည်​။
အကျွန်ုပ်​နိုးလာ​သောအခါ ကိုယ်တော်​၏​သဏ္ဌာန်​တော်​ကို​မြင်​၍ အလိုပြည့်စုံ​ပါ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 17: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။