YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 16

16
ထာဝရဘုရားကို ကိုးစားခြင်း
ဒါဝိဒ်​၏​မိတ္တမ်#16:0 ကဗျာတိုတစ်မျိုး သို့မဟုတ် အပြစ်ပြေကြောင်းဖွဲ့ဆိုသည့်ဆာလံကို ခေါ်ဆိုသည့်ဝေါဟာရဖြစ်နိုင်သည်။​သီချင်း
1အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​စောင့်ရှောက်​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​ကို အကျွန်ုပ်​ခိုလှုံ​ပါ​၏​။
2ငါ​သည်​ထာဝရဘုရား​အား “​ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားရှင်​ဖြစ်​တော်မူ​၏​။
ကိုယ်တော်​မှတစ်ပါး အခြား​သော​ကောင်းကျိုးချမ်းသာ အကျွန်ုပ်​၌​မ​ရှိ​ပါ​”​ဟု လျှောက်​၏​။
3ကမ္ဘာမြေကြီး​ပေါ်​ရှိ သန့်ရှင်း​သော​သူ​တို့​နှင့်​ပတ်သက်၍​မူကား သူ​တို့​သည် ကြီးမြတ်​သော​သူ​ဖြစ်​ကြ​၏​။
ငါ​သည် သူ​တို့​ကို အလွန်​နှစ်သက်​၏​။
4အခြား​ဘုရား​များ​ကို ဆည်းကပ်​သော​သူ​တို့​သည် မိမိ​တို့​၏​ဝမ်းနည်းပူဆွေးမှု​ကို​တိုးပွား​စေ​ကြ​လိမ့်မည်​။
ငါ​သည် သူ​တို့​၏​သွန်းလောင်းရာပူဇော်သက္ကာ​နှင့်ဆိုင်သော​သွေး​ကို သွန်းလောင်း​မည်​မ​ဟုတ်​။
ထို​ဘုရား​တို့​၏​နာမ​ကို​လည်း ငါ့​နှုတ်​ဖြင့်​ရွတ်ဆို​မည်​မ​ဟုတ်​။
5ထာဝရဘုရား​သည် ငါ​ခွဲဝေ​ရရှိ​ထား​သော​ငါ​၏​ဝေစု​၊ ငါ​၏​ခွက်ဖလား​ဖြစ်​တော်မူ​၏​။
ကိုယ်တော်​သည် အကျွန်ုပ်​ရရှိ​မည့်​အမွေဝေစု​ကို ထိန်းသိမ်း​ပေး​ထား​တော်မူ​၏​။
6ငါ့​အတွက်​သတ်မှတ်​ထား​သော​နယ်မြေ​သည် နှစ်လို​ဖွယ်​ကောင်း​သော​အရပ်​တို့​၌ ကျ​လေ​ပြီ​။
အမှန်ပင် သာယာ​ကြည်နူး​ဖွယ်​ကောင်း​သော အမွေ​ကို ငါ​ခံရ​လေ​ပြီ​။
7ငါ့​ကို​အကြံပေး​တော်မူ​သော​ထာဝရဘုရား​ကို ငါ​ကောင်းချီးထောမနာ​ပြု​မည်​။
ညအချိန်​၌​လည်း ငါ​၏​အတွင်းသဘော​သည် ငါ့​ကို​ပဲ့ပြင်​တတ်​၏​။
8ငါ​သည် ထာဝရဘုရား​ကို​အစဉ်မပြတ် မျက်မှောက်​ပြု​၏​။
ကိုယ်တော်​သည် ငါ​၏​လက်ယာ​ဘက်​၌ ရှိ​တော်မူ​သည်​ဖြစ်၍ ငါ​သည်​တုန်လှုပ်​မည်​မ​ဟုတ်​။
9ထို့ကြောင့် ငါ​၏​စိတ်နှလုံး​သည်​ဝမ်းမြောက်​၍ ငါ​၏​ဝိညာဉ်​သည်​ရွှင်လန်း​၏​။
ငါ​၏​ကိုယ်ခန္ဓာ​သည်​လည်း ဘေးကင်းလုံခြုံ​စွာ​နေ​ရ​လိမ့်မည်​။
10အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မရဏာနိုင်ငံ​၌ စွန့်ပစ်​ထား​တော်မူ​မည်​မ​ဟုတ်​။
ကိုယ်တော်​၏​သန့်ရှင်း​သူ​အား ပုပ်ပျက်​ခြင်း​နှင့်​ကြုံတွေ့​ခွင့်​ပေး​တော်မူ​မည်​မ​ဟုတ်​။#တ 13:35။
11ကိုယ်တော်​သည် အကျွန်ုပ်​အား အသက်ရှင်​ခြင်း​လမ်း​ကို​သိ​စေ​၍
ရှေ့​တော်​၌ အကျွန်ုပ်​ကို ဝမ်းမြောက်​ခြင်း​ဖြင့် ပြည့်စုံကြွယ်ဝ​စေ​တော်မူ​လိမ့်မည်​။#တ 2:28။
နှစ်လို​ဖွယ်​ကောင်း​သော​အရာ​သည် ကိုယ်တော်​၏​လက်ယာ​ဘက်​၌ အစဉ်​ရှိ​ပါ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 16: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။