YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 148

148
ဖန်ဆင်းခံလောကတစ်ခုလုံးထာဝရဘုရားကိုချီးမွမ်းခြင်း
1ဟာလေလုယ​။
ထာဝရဘုရား​ကို ကောင်းကင်​ပေါ်မှ ချီးမွမ်း​ကြ​လော့​။
ကိုယ်တော်​ကို မြင့်မြတ်သောအရပ်​၌ ချီးမွမ်း​ကြ​လော့​။
2ကိုယ်တော်​၏​ကောင်းကင်တမန်​အပေါင်း​တို့​၊ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။
ကိုယ်တော်​၏​ကောင်းကင်​ဗိုလ်ခြေ​အပေါင်း​တို့​၊ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။
3နေ​နှင့်​လ​တို့​၊ ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။
တောက်ပ​သော​ကြယ်​အပေါင်း​တို့​၊ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့​။
4အမြင့်ဆုံးသောကောင်းကင်​နှင့် ကောင်းကင်​အထက်​မှ​ရေ​များ​တို့​၊
ကိုယ်တော်​ကို ချီးမွမ်း​ကြ​လော့​။
5၎င်း​တို့​သည် ထာဝရဘုရား​၏​အမိန့်​တော်​ဖြင့် ဖန်ဆင်း​ခြင်း​ခံရ​ကြ​သည်​ဖြစ်၍
ကိုယ်တော်​၏​နာမ​တော်​ကို​ချီးမွမ်း​ကြ​ပါစေ​။
6ကိုယ်တော်​သည် ၎င်း​တို့​ကို ကာလ​အစဉ်အဆက်​တည်​စေ​၍
မ​ပျောက်ပျက်​နိုင်​သော​ပြဋ္ဌာန်းချက်​ကို ပေး​တော်မူ​၏​။
7ရေသတ္တဝါကြီး​များ​နှင့်
နက်ရှိုင်း​ရာ​အရပ်​ရှိသမျှ​၊
8မီး​နှင့်​မိုးသီး​၊ နှင်းပွင့်​နှင့်​မြူခိုး​၊
ကိုယ်တော်​၏​အမိန့်​တော်​အတိုင်း​လုပ်ဆောင်​သော လေ​မုန်တိုင်း​၊
9တောင်​များ​နှင့် တောင်ကုန်း​ရှိသမျှ​၊
သီးစားပင်​နှင့်​သစ်ကတိုးပင်​ရှိသမျှ​၊
10တောရိုင်းတိရစ္ဆာန်​နှင့် ယဉ်ပါးသောတိရစ္ဆာန်​ရှိသမျှ​၊
တွားသွားသောတိရစ္ဆာန်​များ​နှင့် ပျံသန်း​တတ်​သော​ငှက်​၊
11ကမ္ဘာမြေကြီး​ပေါ်ရှိ ရှင်ဘုရင်​များ​နှင့် လူမျိုး​ရှိသမျှ​၊
အကြီးအကဲ​များ​နှင့် ကမ္ဘာမြေကြီး​ပေါ်ရှိ​စီရင်အုပ်ချုပ်​သူ​ရှိသမျှ​၊
12လူပျို​များ​နှင့်​အပျို​များ​၊ အသက်ကြီး​သော​သူ​များ​နှင့်​ကလေးသူငယ်​များ​တို့​၊
ထာဝရဘုရား​ကို ကမ္ဘာမြေကြီး​ပေါ်မှ ချီးမွမ်း​ကြ​လော့​။
13ကိုယ်တော်​၏​နာမ​တော်​တစ်ပါးတည်း​သာ ချီးမြှောက်​ခြင်း​ခံရ​၍
ကိုယ်တော်​၏​ဘုန်းကျက်သရေ​သည် မြေကြီး​နှင့် ကောင်းကင်​အထက်၌​ရှိ​တော်မူ​သောကြောင့်
သူ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​ပါစေ​။
14ကိုယ်တော်​သည် မိမိ​၏​လူမျိုး​တော်​အတွက် ဦးချို​ကို​ချီးမြှောက်​တော်မူ​၏​။
၎င်း​သည် မိမိ​၏​သန့်ရှင်း​သူ​အားလုံး​အတွက်​၊
မိမိ​အနီး​တွင်​ရှိ​သည့်​လူမျိုး​တည်းဟူသော အစ္စရေး​အမျိုးသား​တို့​အတွက် ချီးမွမ်း​ရာ​ဖြစ်​၏​။
ဟာလေလုယ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 148: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။