YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 146

146
ကရုဏာနှင့်ပြည့်စုံတော်မူသောဘုရားသခင်
1ဟာလေလုယ​။
အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို​ချီးမွမ်း​လော့​။
2ငါ​သည် အသက်ရှင်​စဉ်အခါ ထာဝရဘုရား​ကို​ချီးမွမ်း​မည်​။
ငါ​ရှိ​နေ​သေး​သရွေ့ ငါ​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​မည်​။
3မင်းအရာရှိ​များ​မှစ၍ ကယ်တင်​ခြင်း​မ​ပေး​နိုင်​သော လူသား​ကို
မ​ကိုးစား​ကြ​နှင့်​။
4သူ​တို့​၏​ဝိညာဉ်​ထွက်သွား​သောအခါ မြေကြီး​သို့ ပြန်သွား​ရ​၏​။
ထို​နေ့​၌ပင် သူ​တို့​၏​အကြံအစည်​တို့​သည် ပျက်စီး​ကြ​၏​။
5ယာကုပ်​၏​ဘုရားသခင်​ကို မိမိ​၏​ကူညီမစ​သော​အရှင်​ဖြစ်စေ​သော​သူ​၊
မိမိ​၏​ဘုရားသခင်​ထာဝရဘုရား​ကို မျှော်လင့်​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။
6ထို​ဘုရားသခင်​သည် ကောင်းကင်​၊ မြေကြီး​၊ ပင်လယ်​နှင့် ၎င်း​တို့​၌​ရှိသမျှ​သော​အရာ​တို့​ကို ဖန်ဆင်း​တော်မူ​၏​။
သစ္စာ​တော်​သည် အစဉ်အမြဲ​တည်​၏​။
7နှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​အတွက် တရားမျှတမှု​ကို​ဆောင်ကြဉ်း​ပေး​၍
ဆာလောင်မွတ်သိပ်​သော​သူ​တို့​အား အစားအစာ​ကို​ပေး​တော်မူ​၏​။
ထာဝရဘုရား​သည် ချုပ်ထား​ခြင်း​ခံရ​သော​သူ​တို့​ကို လွှတ်ပေး​တော်မူ​၏​။
8ထာဝရဘုရား​သည် မျက်မမြင်​တို့​ကို မြင်​စေ​တော်မူ​၏​။
ထာဝရဘုရား​သည် ကိုင်းညွတ်​နိမ့်ကျ​နေ​သော​သူ​တို့​ကို ထူမ​တော်မူ​၏​။
ထာဝရဘုရား​သည် ဖြောင့်မတ်​သော​သူ​တို့​ကို ချစ်​တော်မူ​၏​။
9ထာဝရဘုရား​သည် တိုင်းတစ်ပါးသား​တို့​ကို စောင့်ရှောက်​၍
ဖတဆိုး​နှင့်​မုဆိုးမ​ကို ကူညီစောင်မ​တော်မူ​၏​။
ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​ကို​ကား ကွေ့ကောက်​စေ​တော်မူ​၏​။
10ထာဝရဘုရား​သည် အစဉ်အမြဲ​စိုးစံ​တော်မူ​လိမ့်မည်​။
အို ဇိအုန်​၊ သင်​၏​ဘုရားသခင်​သည် ခေတ်ကာလ​အစဉ်အဆက် စိုးစံ​တော်မူ​လိမ့်မည်​။
ဟာလေလုယ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 146: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ