YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 127

127
ထာဝရဘုရား၏ကောင်းချီးမင်္ဂလာ
ရှောလမုန်​၏​အတက်လမ်း​သီချင်း
1ထာဝရဘုရား​သည် အိမ်​ကို ဆောက်​တော်​မ​မူ​လျှင်
အိမ်ဆောက်​သော​သူ​တို့​သည် အချည်းနှီး​ကြိုးပမ်းအားထုတ်​ကြ​၏​။
ထာဝရဘုရား​သည် မြို့​ကို​စောင့်​တော်​မ​မူ​လျှင်
စောင့်​သော​သူ​သည် အချည်းနှီး​စောင့်ကြပ်​၏​။
2စောစော​ထ​လျက်​၊ ညဥ့်နက်​မှ​အိပ်​လျက်​၊
ခက်ခဲပင်ပန်း​စွာ လုပ်ကိုင်​စားသောက်​လျက်​နေ​ခြင်း​သည် သင့်​အတွက် အချည်းနှီး​ဖြစ်​၏​။
အကြောင်းမူကား ကိုယ်တော်​သည် မိမိ​ချစ်​တော်မူ​သော​သူ​အား
အိပ်စက်​ရ​သော​အခွင့်​ကို​ပေး​တော်မူ​၏​။
3သားသမီး​တို့​သည် ထာဝရဘုရား​ပေး​တော်မူ​သော​အမွေ​ဖြစ်​ကြ​၏​။
ဖွားမြင်​သော​ရင်သွေး​သည် ဆုလာဘ်​တော်​ဖြစ်​၏​။
4ပျိုရွယ်​စဉ်​ရ​သော​သားသမီး​တို့​သည်
စစ်သူရဲ​လက်​၌​ရှိ​သော​မြား​တို့​နှင့်​တူ​ကြ​၏​။
5မိမိ​၏​မြားကျည်တောက်​ကို ထို​မြား​တို့​နှင့်​ပြည့်​စေ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။
သူ​သည် တံခါးဝ​၌ ရန်သူ​များ​နှင့်​ရင်ဆိုင်​ပြောဆို​သောအခါ အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 127: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ