YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 126

126
ဇိအုန်ကို ပြန်လည်ကောင်းစားစေတော်မူခြင်း
အတက်လမ်း​သီချင်း
1ထာဝရဘုရား​သည် ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော
ဇိအုန်​သား​တို့​ကို ပြန်လာ​စေ​တော်မူ​သောအခါ#126:1 သို့မဟုတ် “ဇိအုန်သားတို့ကို ပြန်လည်ကောင်းစားစေတော်မူသောအခါ”။
ငါ​တို့​သည် အိပ်မက်မက်​နေ​သူ​ကဲ့သို့​ဖြစ်​ကြ​၏​။
2ထိုအခါ ငါ​တို့​နှုတ်​သည် ရယ်မော​ခြင်း​နှင့်​လည်းကောင်း​၊
ငါ​တို့​လျှာ​သည် ရွှင်လန်း​စွာ ကြွေးကြော်​ခြင်း​နှင့်​လည်းကောင်း ပြည့်ဝ​၏​။
လူ​တို့​က​လည်း “​ထာဝရဘုရား​သည် သူ​တို့​အတွက် ကြီးမြတ်​သော​အမှု​ကို ပြု​တော်မူ​ပြီ​”​ဟု
တိုင်းနိုင်ငံ​တို့​အလယ်​တွင်​ပြောဆို​ကြ​၏​။
3ထာဝရဘုရား​သည် ငါ​တို့​အတွက် ကြီးမြတ်​သော​အမှု​ကို​ပြု​တော်မူ​ပြီ​။
ငါ​တို့​သည် ဝမ်းမြောက်​ကြ​၏​။
4အို ထာဝရဘုရား​၊ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​အကျွန်ုပ်​တို့​ကို
နေဂေ့​အရပ်​မှ​ချောင်းရေ​များ​ကဲ့သို့ ပြန်လာ​စေ​တော်မူ​ပါ#126:4 သို့မဟုတ် “နေဂေ့အရပ်မှချောင်းရေများကဲ့သို့ အကျွန်ုပ်တို့ကိုပြန်လည်ကောင်းစားစေတော်မူပါ”။​။
5မျက်ရည်​ဖြင့် မျိုးစေ့ကြဲ​သော​သူ​တို့​သည်
ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် ရိတ်သိမ်း​ရ​ကြ​လိမ့်မည်​။
6မျက်ရည်ကျ​လျက် ကြဲစရာ​မျိုးစေ့​ကို​သယ်ဆောင်​၍ ထွက်သွား​သော​သူ​သည်
မိမိ​၏​ကောက်လှိုင်း​များ​ကို​သယ်ဆောင်​၍ ရွှင်လန်း​စွာ​ကြွေးကြော်​ခြင်း​ဖြင့် မုချ​ပြန်လာ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 126: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ