YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 113

113
ထာဝရဘုရား၏နာမတော်ကိုချီးမွမ်းခြင်း
1ဟာလေလုယ​။ ထာဝရဘုရား​၏​အစေအပါး​တို့​၊ ချီးမွမ်း​ကြ​လော့​။
ထာဝရဘုရား​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​လော့​။
2ထာဝရဘုရား​၏​နာမ​တော်​သည် ယခု​မှစ၍
ကာလ​အစဉ်အဆက်​မင်္ဂလာရှိ​ပါစေသော​။
3နေထွက်​ရာ​အရပ်​မှ နေ​ဝင်ရာအရပ်​တိုင်အောင်
ထာဝရဘုရား​၏​နာမ​တော်​သည် ချီးမွမ်းဖွယ်​ဖြစ်​၏​။
4ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့ အထက်၌​လည်းကောင်း​၊
ကိုယ်တော်​၏​ဘုန်းအသရေ​သည် ကောင်းကင်​အထက်​၌​လည်းကောင်း ချီးမြှောက်​ခြင်း​ရှိ​၏​။
5မည်သူ​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် တူ​သနည်း​။
ကိုယ်တော်​သည် မြင့်မြတ်​သော​အရပ်​၌ စိုးစံ​တော်မူ​၏​။
6မည်သူ​သည် မိမိကိုယ်ကို​ကိုင်းညွတ်​လျက်
ကောင်းကင်​နှင့်​မြေကြီး​ကို ကြည့်ရှု​သနည်း​။
7ကိုယ်တော်​သည် ဆင်းရဲ​သော​သူ​ကို မြေမှုန့်​ထဲမှ​ထ​စေ​၍
နွမ်းပါး​သော​သူ​ကို ပြာပုံ​ထဲမှ​ချီးမြှောက်​ကာ
8သူ​တို့​ကို မင်းအရာရှိ​များ​နှင့်အတူ​၊
မိမိ​လူမျိုး​တော်​၏​မင်းအရာရှိ​များ​နှင့်အတူ ထိုင်​စေ​တော်မူ​၏​။
9ကိုယ်တော်​သည် မြုံ​သော​မိန်းမ​အား မိသားစု​ကို​ပေး​၍
သားသမီး​ရှိ​သဖြင့် ဝမ်းမြောက်​သော​မိခင်​ဖြစ်စေ​တော်မူ​၏​။
ဟာလေလုယ​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 113: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ