YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 114

114
အစ္စရေးလူမျိုးကို လွတ်မြောက်စေတော်မူသောဘုရားသခင်
1အစ္စရေး​လူမျိုး​သည် အီဂျစ်​ပြည်​မှ​၊ ယာကုပ်​၏​အမျိုးအနွယ်​သည်
တိုင်းတစ်ပါး​ဘာသာ​စကား​ပြောဆို​သော​လူမျိုး​ထံမှ ထွက်လာ​သောအခါ
2ယုဒ​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၊
အစ္စရေး​သည် ကိုယ်တော်​အုပ်စိုး​သော နိုင်ငံ​တော်​ဖြစ်လာ​၏​။
3ပင်လယ်​သည် မြင်​၍​ထွက်ပြေး​လေ​၏​။
ဂျော်ဒန်​မြစ်​သည် နောက်​သို့​ပြန်လှည့်​လေ​၏​။
4တောင်​တို့​သည် သိုးထီး​ကဲ့သို့​လည်းကောင်း​၊
တောင်ကုန်း​တို့​သည် သိုးသငယ်​ကဲ့သို့​လည်းကောင်း ခုန်ပေါက်​ကြ​၏​။
5အချင်း​ပင်လယ်​၊ သင်​သည် အဘယ်ကြောင့်​ထွက်ပြေး​ရ​သနည်း​။
အချင်း​ဂျော်ဒန်​မြစ်​၊ သင်​သည် အဘယ်ကြောင့် နောက်​သို့​ပြန်လှည့်​ရ​သနည်း​။
6အချင်း​တောင်​တို့​၊ သင်​တို့​သည် အဘယ်ကြောင့် သိုးထီး​ကဲ့သို့​လည်းကောင်း​၊
အချင်း​တောင်ကုန်း​တို့​၊ သင်​တို့​သည် အဘယ်ကြောင့် သိုးသငယ်​ကဲ့သို့​လည်းကောင်း ခုန်ပေါက်​ကြ​သနည်း​။
7အချင်း​မြေကြီး​၊ အရှင်​၏​ရှေ့​တော်​တည်းဟူသော
ယာကုပ်​၏​ဘုရားသခင့်​ရှေ့​တော်​၌ တုန်လှုပ်​လျက်​နေ​လော့​။
8ကိုယ်တော်​သည် ကျောက်ဆောင်​ကို ရေအိုင်​အဖြစ်​သို့​လည်းကောင်း​၊
မာကျော​သော​ကျောက်​ကို စမ်းရေတွင်း​အဖြစ်​သို့​လည်းကောင်း ပြောင်းလဲ​စေ​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 114: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ