ဆာလံကျမ်း 112
112
ဖြောင့်မတ်သောသူ၏စရိုက်လက္ခဏာ
1ဟာလေလုယ။ ထာဝရဘုရားကို ကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကို
အလွန်နှစ်သက်သောသူသည် မင်္ဂလာရှိ၏။
2သူ၏သားမြေးစဉ်ဆက်တို့သည် ကမ္ဘာမြေကြီးပေါ်တွင်ခွန်အားကြီးသောသူဖြစ်ကြလိမ့်မည်။
ဖြောင့်မှန်သောသူ၏မျိုးဆက်သည် ကောင်းချီးမင်္ဂလာကိုခံစားရလိမ့်မည်။
3သူ၏အိမ်၌ စည်းစိမ်ဥစ္စာရှိ၏။
သူ၏ဖြောင့်မတ်ခြင်းသည်လည်း ထာဝရတည်လိမ့်မည်။
4ဖြောင့်မှန်သောသူအတွက် အမှောင်ထဲတွင် အလင်းပေါ်ထွန်းတတ်၏။
သူသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘော၊
ဖြောင့်မတ်သောသဘောရှိ၏။
5သနားတတ်သောသူ၊ ချေးငှားပေးတတ်သောသူနှင့်
မိမိ၏အမှုကိစ္စတို့ကို တရားမျှတစွာ စီမံခန့်ခွဲတတ်သောသူသည်
ကောင်းကျိုးချမ်းသာကိုခံစားရ၏။
6အကယ်စင်စစ် ထိုသို့သောသူသည် မည်သည့်အခါမျှတုန်လှုပ်ရလိမ့်မည်မဟုတ်။
ဖြောင့်မတ်သောသူသည် အစဉ်အမြဲ အောက်မေ့စရာဖြစ်လိမ့်မည်။
7သူသည် သတင်းဆိုးကိုကြောက်ရလိမ့်မည်မဟုတ်။
သူ၏စိတ်နှလုံးသည် တည်ကြည်လျက် ထာဝရဘုရားကို ယုံကြည်ကိုးစား၏။
8သူ၏စိတ်နှလုံးသည် တည်ငြိမ်သည်ဖြစ်၍ သူသည် မိမိ၏ရန်သူတို့ကို
အပေါ်စီးမှကြည့်မြင်ရသည်အထိ ကြောက်ရွံ့ခြင်းရှိလိမ့်မည်မဟုတ်။
9သူသည်စွန့်ကြဲ၍ နွမ်းပါးသောသူတို့အား ပေးကမ်း၏။
သူ၏ဖြောင့်မတ်ခြင်းသည် ထာဝရတည်၏။#၂ကော 9:9။
သူ၏ဦးချိုသည် ဘုန်းအသရေရှိစွာ ချီးမြှောက်ခြင်းကိုခံရလိမ့်မည်။
10ဆိုးယုတ်သောသူသည် ထိုအမှုအရာကိုမြင်သောအခါ အမျက်ထွက်၍
အံကြိတ်ကာ ချုံးချုံးကျသွားလိမ့်မည်။
ဆိုးယုတ်သောသူတို့၏အလိုဆန္ဒသည် ပျက်စီးသွားလိမ့်မည်။
လက်ရှိရွေးချယ်ထားမှု
ဆာလံကျမ်း 112: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative