YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိမှတ်စာ 1

1
1ဟာခလိ​၏​သား​နေဟမိ​၏​စကား​များ​ကား ဤသို့​တည်း​။
ဂျေရုဆလင်မြို့သတင်း
အာတဇေရဇ်​မင်းကြီး​နန်းစံ​အနှစ်​နှစ်ဆယ်​မြောက်​၊ ခိသလု​လ​တွင် ငါ​သည် ရှုရှန်​နန်းတော်​၌ ရှိ​နေစဉ် 2ငါ့​ညီ​တစ်​ဦး​ဖြစ်​သော​ဟာနနိ​နှင့် ယုဒ​လူ​တို့ ရောက်လာ​သဖြင့် သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍ ကြွင်းကျန်​သော​ဂျူး​လူမျိုး​များ​အကြောင်း​၊ ဂျေရုဆလင်​မြို့​အကြောင်း​တို့​ကို မေးမြန်း​ကြည့်​ရာ 3သူ​တို့​က “​သုံ့ပန်းဘဝ​မှ​လွတ်မြောက်​ကြွင်းကျန်​သူ​တို့​သည် နေရင်းပြည်​တွင် ဆင်းရဲဒုက္ခ​ကြီးစွာ​ရောက်​ပြီး ကဲ့ရဲ့ရှုတ်ချ​ခြင်း​ကို ခံ​နေ​ရ​ပါ​၏​။ ဂျေရုဆလင်​မြို့ရိုး​လည်း ဖြိုဖျက်​ခြင်း​ခံရ​ပါ​ပြီ​၊ မြို့​တံခါး​များ​လည်း မီး​လောင်ကျွမ်း​သွား​ပါ​ပြီ​”​ဟု ပြောပြ​ကြ​၏​။
နေဟမိ၏ဆုတောင်းချက်
4ထို​စကား​ကို ငါ​ကြား​လျှင် ရက်​ပေါင်း​များစွာ​ထိုင်​၍​ငိုကြွေး​မြည်တမ်း​လျက်​၊ အစာရှောင်​လျက် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ ဆုတောင်း​လျက်​နေ​လေ​၏​။ 5ထိုအခါ ငါ​က “အို ကောင်းကင်ဘုံရှင်​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမြတ်​၍ ကြောက်ရွံ့ရိုသေ​ဖွယ် ဖြစ်​ပါ​၏​။ ကိုယ်တော်​ကို ချစ်​၍ ပညတ်တော်​ကို စောင့်ထိန်း​သော​သူ​တို့​နှင့် ဖွဲ့​ခဲ့​သော​ပဋိညာဉ်​တော်​ကို တည်​စေ​သော​ဘုရား​၊ မေတ္တာကရုဏာ​ကို ပြ​တော်မူ​သော​ဘုရား ဖြစ်​ပါ​၏​။ 6မျက်စိ​ကို​ဖွင့်​၊ နား​ကို​စွင့်​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​အစ္စရေး​လူမျိုး​တို့​အတွက် ရှေ့​တော်​၌ နေ့ညမပြတ်​ဆုတောင်း​ပေး​သော​ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ အစ္စရေး​လူမျိုး​တို့ ကျူးလွန်​မိ​သော​အပြစ်​၊ အကျွန်ုပ်​နှင့်​အကျွန်ုပ်​၏​ဘိုးဘေး​အမျိုးအနွယ်​တို့ ကျူးလွန်​မိ​သော​အပြစ်​တို့​ကို ဝန်ချတောင်းပန်​ပါ​၏​။ 7ကိုယ်တော်​၏​အစေအပါး​မောရှေ​အား မိန့်မှာ​တော်မူ​သော ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို မ​လိုက်နာ​ဘဲ ကိုယ်တော့်​ရှေ့မှောက်​တွင် ဆိုးညစ်မိုက်မဲ​သော​အမှု​ကို အကျွန်ုပ်​တို့ ပြု​ကြ​ပါ​ပြီ​။ 8ကိုယ်တော်​၏​အစေအပါး​မောရှေ​အား ‘​သင်​တို့ သစ္စာမဲ့​လျှင် သင်​တို့​ကို လူမျိုးတကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​မည်​။ 9သို့သော် သင်​တို့​သည် ငါ့​ထံ​ပြန်လာ​၍ ငါ့​ပညတ်​တို့​ကို လိုက်နာ​စောင့်ထိန်း​မည်​ဆို​လျှင် မိုးကောင်းကင်​အစွန်း​သို့ နှင်ထုတ်​ခြင်း​ခံရ​သော်လည်း ထို​အရပ်​မှ​ပြန်လည်​စုစည်း​၍ ငါ့​နာမ​တည်​စေရန် ငါ​ရွေးချယ်​ထား​သော​အရပ်​သို့ ပြန်လည်​ခေါ်ဆောင်​လာ​မည်​’​ဟု ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သည်​ကို သတိရ​တော်မူ​ပါ​။ 10သူ​တို့​သည် ကိုယ်တော်​၏​ကြီးမား​သော​တန်ခိုး​တော်​၊ အားကြီး​သော​လက်​တော်​ဖြင့် ရွေးနုတ်​တော်မူ​သော ကိုယ်တော်​၏​အစေအပါး​၊ ကိုယ်တော်​၏​လူမျိုး​တော် ဖြစ်​ပါ​၏​။ 11အို ဘုရားရှင်​၊ ကိုယ်တော့်​အစေအပါး​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ ကိုယ်တော်​၏​နာမ​တော်​အား ကြောက်ရွံ့ရိုသေ​ရ​သည်​ကို​နှစ်သက်​သော ကိုယ်တော့်​အစေအပါး​တို့​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ ယနေ့ ကိုယ်တော့်​အစေအပါး​အား အောင်မြင်​ခွင့်​ပေး​တော်မူ​ပါ​။ မင်းကြီး​ရှေ့​မှာ ဤ​လူ​မျက်နှာသာ​ရ​ပါစေသော​”​ဟု ဆုတောင်း​၏​။ ထိုစဉ်က ငါ​သည် ရှင်ဘုရင်​၏​ဖလားတော်ဝန် ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

နေဟမိမှတ်စာ 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ