YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိမှတ်စာ 1မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

ထိုအခါ ငါ​က “အို ကောင်းကင်ဘုံရှင်​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမြတ်​၍ ကြောက်ရွံ့ရိုသေ​ဖွယ် ဖြစ်​ပါ​၏​။ ကိုယ်တော်​ကို ချစ်​၍ ပညတ်တော်​ကို စောင့်ထိန်း​သော​သူ​တို့​နှင့် ဖွဲ့​ခဲ့​သော​ပဋိညာဉ်​တော်​ကို တည်​စေ​သော​ဘုရား​၊ မေတ္တာကရုဏာ​ကို ပြ​တော်မူ​သော​ဘုရား ဖြစ်​ပါ​၏​။ မျက်စိ​ကို​ဖွင့်​၊ နား​ကို​စွင့်​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​အစ္စရေး​လူမျိုး​တို့​အတွက် ရှေ့​တော်​၌ နေ့ညမပြတ်​ဆုတောင်း​ပေး​သော​ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ အစ္စရေး​လူမျိုး​တို့ ကျူးလွန်​မိ​သော​အပြစ်​၊ အကျွန်ုပ်​နှင့်​အကျွန်ုပ်​၏​ဘိုးဘေး​အမျိုးအနွယ်​တို့ ကျူးလွန်​မိ​သော​အပြစ်​တို့​ကို ဝန်ချတောင်းပန်​ပါ​၏​။

ကိုယ်တော်​၏​အစေအပါး​မောရှေ​အား မိန့်မှာ​တော်မူ​သော ပညတ်ချက်​များ​၊ ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို မ​လိုက်နာ​ဘဲ ကိုယ်တော့်​ရှေ့မှောက်​တွင် ဆိုးညစ်မိုက်မဲ​သော​အမှု​ကို အကျွန်ုပ်​တို့ ပြု​ကြ​ပါ​ပြီ​။ ကိုယ်တော်​၏​အစေအပါး​မောရှေ​အား ‘​သင်​တို့ သစ္စာမဲ့​လျှင် သင်​တို့​ကို လူမျိုးတကာ​တို့​အလယ်​သို့ ကွဲလွင့်​စေ​မည်​။ သို့သော် သင်​တို့​သည် ငါ့​ထံ​ပြန်လာ​၍ ငါ့​ပညတ်​တို့​ကို လိုက်နာ​စောင့်ထိန်း​မည်​ဆို​လျှင် မိုးကောင်းကင်​အစွန်း​သို့ နှင်ထုတ်​ခြင်း​ခံရ​သော်လည်း ထို​အရပ်​မှ​ပြန်လည်​စုစည်း​၍ ငါ့​နာမ​တည်​စေရန် ငါ​ရွေးချယ်​ထား​သော​အရပ်​သို့ ပြန်လည်​ခေါ်ဆောင်​လာ​မည်​’​ဟု ကိုယ်တော်​မိန့်​တော်မူ​ခဲ့​သည်​ကို သတိရ​တော်မူ​ပါ​။

​နေဟမိမှတ်စာ 1 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။