YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဇရမှတ်စာ 10

10
တစ်ပါးအမျိုးသမီးတို့ကိုစွန့်ပစ်ခြင်း
1ထိုသို့ ဧဇရ​သည် ဘုရားသခင်​၏​အိမ်​တော်​ရှေ့​တွင် မျက်ရည်ကျ​လျက် ပျပ်ဝပ်​၍ အပြစ်​ဝန်ချ​တောင်းပန်​နေစဉ် ယောက်ျား​၊ မိန်းမ​၊ ကလေးသူငယ်​များ​ပါမကျန် အစ္စရေး​လူအုပ်​ကြီး​သည် သူ့​ထံ​လာ​၍ အော်ဟစ်ငိုကြွေး​ကြ​လေ​၏​။ 2ထိုအခါ ဧလံ​သားမြေး​ဖြစ်​သော ယေဟေလ​၏​သား​ရှေခနိ​က ဧဇရ​အား “​အကျွန်ုပ်​တို့​သည် ဤ​ပြည်​ရှိ​တစ်ပါးအမျိုးသား မိန်းမပျို​တို့​နှင့်​စုံဖက်​ခြင်း​ဖြင့် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ကို ပြစ်မှား​ကြ​ပါ​ပြီ​။ သို့သော်လည်း အစ္စရေး​လူမျိုး​တို့​အဖို့ မျှော်လင့်စရာ​ရှိ​ပါ​သေး​၏​။ 3ယခု အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​နှင့် ပဋိညာဉ်​ပြု​ကြ​ကုန်​စို့​။ အကျွန်ုပ်​၏​အရှင်သခင်​နှင့် အကျွန်ုပ်​တို့​ဘုရားသခင်​၏​ပညတ်တော်​ကို ရိုသေခန့်ညား​သော​သူ​တို့​၏​အကြံပေးချက်​အတိုင်း အကျွန်ုပ်​တို့​သည် ထို​မိန်းမ​များ​နှင့်တကွ သူ​တို့​နှင့်​ရ​သော​ကလေး​များ​ကို စွန့်​၍ ပညတ်တရားတော်​နှင့်အညီ ပြုကျင့်​ကြ​ပါ​မည်​။ 4သို့ဖြစ်၍ ထ​ပါ​။ ဤ​အမှု​ကို ဦးဆောင်​ပါ​။ အကျွန်ုပ်​တို့​သည် သင်​နှင့်အတူ ပါရှိ​မည်​ဖြစ်​၍ ရဲရင့်​စွာ​လုပ်ဆောင်​ပါ​”​ဟု ဆို​ကြ​သဖြင့်
5ဧဇရ​သည် ထ​၍ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​၊ လေဝိ​လူ​များ​နှင့် အစ္စရေး​လူအုပ်​တို့​အား ထို​စကား​အတိုင်း​ပြု​ရန် ကျိန်ဆို​စေ​သောအခါ သူ​တို့​လည်း ကျိန်ဆို​ကြ​၏​။ 6ထို့နောက် ဧဇရ​သည် ဘုရားသခင်​၏​အိမ်​တော်​ရှေ့​မှ ဧလျာရှိပ်​၏​သား​ယေဟောဟနန်​အခန်း​သို့ ထ​သွား​၍ ထို​နေရာ​တွင် ဖမ်းခေါ်​သွား​ခြင်း​ခံရ​ရာ​မှ​ပြန်လာ​သော​သူ​တို့​၏​ဖောက်ပြန်မှားယွင်းမှု​ကြောင့် ငိုကြွေးမြည်တမ်း​လျက် အစာ​မ​စား​၊ ရေ​မ​သောက်​ဘဲ​နေ​၏​။
7ထို့နောက် သုံ့ပန်း​သားမြေး​အားလုံး ဂျေရုဆလင်​မြို့​၌​စုဝေး​ရ​မည်​၊ 8သုံး​ရက်​အတွင်း မ​ရောက်လာ​သော​သူ​အား အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​၏​အကြံပေးချက်​အတိုင်း သူ​၏​ဥစ္စာ​ရှိသမျှ​ကို သိမ်းယူ​ပြီး သုံ့ပန်း​သားမြေး​အဖွဲ့​ထဲမှ ခွဲထုတ်​ခံရ​မည်​ဟု ဂျေရုဆလင်​မြို့​မှစ၍ ယုဒ​ပြည်​တစ်ပြည်လုံး​သို့ လိုက်လံကြေညာ​၏​။
9ယုဒ​နှင့် ဗင်္ယာမိန်​အမျိုး ယောက်ျား​အပေါင်း​တို့​သည်​လည်း သုံး​ရက်​အတွင်း ဂျေရုဆလင်​မြို့​သို့ စုရုံး​ရောက်ရှိ​လာ​ကြ​၏​။ နဝမ​လ​၊ နှစ်ဆယ်​ရက်​နေ့​တွင် လူ​အပေါင်း​တို့​သည် ဤ​အမှု​များ​ကြောင့်​လည်းကောင်း မိုး​လည်း သည်းထန်​စွာ​ရွာ​နေ​သောကြောင့်​လည်းကောင်း ဘုရားသခင်​၏​အိမ်​တော်​ကွင်းပြင်​တွင် တုန်ရီ​စွာ​ဖြင့် ထိုင်​နေ​ကြ​၏​။ 10ထိုအခါ ယဇ်ပုရောဟိတ်​ဧဇရ​က ထ​၍ သူ​တို့​အား “​သင်​တို့​သည် သစ္စာမဲ့​ကြ​ပြီ​။ တစ်ပါးအမျိုးသား​မိန်းမပျို​တို့​နှင့် စုံဖက်​ပြီး အစ္စရေး​လူမျိုး​တွင် အပြစ်​များသည်ထက်များ​အောင် ပြု​ကြ​ပြီ​။ 11ယခုမှာ သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ဝန်ချတောင်းပန်​၍ အလို​တော်​ကို ဆောင်​ကြ​လော့​။ ဤ​ပြည်သူပြည်သား​တို့​နှင့်​လည်းကောင်း​၊ တစ်ပါးအမျိုးသား​မိန်းမ​တို့​နှင့်​လည်းကောင်း ခွဲ​နေ​ကြ​လော့​”​ဟု ဆို​၏​။
12လူထု​တစ်ရပ်လုံး​က​လည်း ကျယ်လောင်​သော​အသံ​ဖြင့် “​မှန်​ပါ​၏​။ အကျွန်ုပ်​တို့​သည် အရှင့်​စကား​အတိုင်း ပြု​ပါ​မည်​။ 13သို့သော် လူ​များ​၍ မိုးရာသီ​လည်း​ဖြစ်​သောကြောင့် ကွင်းပြင်​တွင် ရပ်​နိုင်​မည်​မ​ဟုတ်​ပါ​။ ဤ​အပြစ်​ကို​ကျူးလွန်​သူ များ​သောကြောင့် ဤ​အမှု​သည် တစ်​ရက်​နှစ်​ရက်​နှင့် မ​ပြီး​နိုင်​ပါ​။ 14သို့ဖြစ်၍ အကျွန်ုပ်​တို့​၏​အကြီးအကဲ​များ​သည် လူထု​တစ်ရပ်လုံး​အတွက် တာဝန်ယူ​ပါစေ​။ တစ်ပါးအမျိုးသား​မိန်းမပျို​တို့​နှင့်​စုံဖက်​သော​သူ​အားလုံး ကိုယ့်​မြို့​ကိုယ့်​ရွာ​ရှိ​သက်ကြီးဝါကြီး​များ​၊ တရားသူကြီး​များ​နှင့်အတူ သတ်မှတ်​ထား​သော​အချိန်​တွင် လာ​၍ ဤ​ကိစ္စ​နှင့်ပတ်သက်​ပြီး အကျွန်ုပ်​တို့​၏​ဘုရားသခင် အမျက်​တော်​ပြေ​သည့်​တိုင်အောင် အစစ်ဆေး​ခံ​ပါစေ​”​ဟု ပြန်ပြော​ကြ​၏​။ 15ဤ​အစီအစဉ်​ကို အာသဟေလ​၏​သား​ယောနသန်​နှင့် တိကဝ​၏​သား​ယဟာဇိ​တို့​သာ ကန့်ကွက်​ကြ​၍ လေဝိ​အမျိုး မေရှုလံ​နှင့် ရှဗ္ဗေသဲ​တို့​က သူ​တို့​ကို ထောက်ခံ​ကြ​၏​။
16သုံ့ပန်း​သားမြေး​တို့​မူကား ဝန်ခံ​ကြ​၏​။ ယဇ်ပုရောဟိတ်​ဧဇရ​သည်​လည်း အိမ်ထောင်စု​အကြီးအမှူး​တို့​ကို ဘိုးဘေး​တို့​မျိုးနွယ်​အလိုက် အားလုံး​ကို​နာမည်​နှင့်တကွ သီးခြားခွဲထား​ပြီးလျှင် ဒသမ​လ​၊ တစ်​ရက်​နေ့​၌ အမှု​ကို​စစ်ဆေး​ရန် စုဝေး​ကြ​၏​။ 17ပထမ​လ​၊ တစ်​ရက်​နေ့​တွင် တစ်ပါးအမျိုးသား​မိန်းမ​တို့​နှင့်​စုံဖက်​သော​သူ​အားလုံး​၏​အမှု​ကို စီရင်​ပြီးစီး​၏​။
တစ်ပါးအမျိုးသားမိန်းမတို့နှင့် စုံဖက်သောသူများ
18ယဇ်ပုရောဟိတ်​သားမြေး​တို့​တွင် ယောဇဒက်​၏​သား​ဖြစ်​သော ယေရွှာ​၏​သား​များ​နှင့် ယေရွှာ​၏​ညီအစ်ကို​များ​ဖြစ်​သော မာသေယ​၊ ဧလျေဇာ​၊ ယာရိပ်​၊ ဂေဒလိ​တို့​သည် တစ်ပါးအမျိုးသား​မိန်းမ​တို့​နှင့်​စုံဖက်​ကြ​သည်​ကို တွေ့ရှိ​ရ​၏​။ 19သူ​တို့​က​လည်း မိမိ​တို့​မယား​များ​ကို ကွာ​မည်​ဟု ဝန်ခံ#10:19 တိုက်ရိုက်ပြန်ဆိုလျှင် “လက်ကိုပေး”။​ကြ​ပြီး ကိုယ့်​အပြစ်​အတွက် သိုးအုပ်​ထဲမှ​သိုးထီး​တစ်​ကောင်​ကို ယဇ်ပူဇော်​ကြ​၏​။
20ထို့ပြင် ဣမေရ​သားမြေး​တွင် ဟာနနိ​၊ ဇေဗဒိ​၊
21ဟာရိမ်​သားမြေး​တွင် မာသေယ​၊ ဧလိယ​၊ ရှေမာယ​၊ ယေဟေလ​၊ ဩဇိ​၊
22ပါရှုရ​သားမြေး​တွင် ဧလိဩနဲ​၊ မာသေယ​၊ ဣရှမေလ​၊ နာသနေလ​၊ ယောဇဗဒ်​၊ ဧလာသ​၊
23လေဝိ​အမျိုး​တွင် ယောဇဗဒ်​၊ ရှိမိ​၊ ကေလာယ ခေါ် ကေလိတ​၊ ပေသဟိ​၊ ယုဒ​၊ ဧလျေဇာ​၊
24သီချင်းသည်​များ​ထဲတွင် ဧလျာရှိပ်​၊ တံခါးစောင့်​များ​ထဲတွင် ရှလ္လုံ​၊ တေလင်​၊ ဥရိ​၊
25အစ္စရေး​လူထု​ထဲတွင် ပါရုတ်​သားမြေး​မှ ရာမိ​၊ ယေဇိ​၊ မာလခိယ​၊ မိယာမိန်​၊ ဧလာဇာ​၊ မာလခိယ​၊ ဗေနာယ​၊
26ဧလံ​သားမြေး​တွင် မတ္တနိ​၊ ဇာခရိ​၊ ယေဟေလ​၊ အာဗဒိ​၊ ယေရမုတ်​၊ ဧလိယ​၊
27ဇတ္တု​သားမြေး​တွင် ဧလိဩနဲ​၊ ဧလျာရှိပ်​၊ မတ္တနိ​၊ ယေရမုတ်​၊ ဇာဗဒ်​၊ အာဇိဇ​၊
28ဗေဗဲ​သားမြေး​တွင် ယေဟောဟနန်​၊ ဟာနနိယ​၊ ဇဗ္ဗဲ​၊ အာသလဲ​၊
29ဗာနိ​သားမြေး​တွင် မေရှုလံ​၊ မလ္လုတ်​၊ အဒါယ​၊ ယာရှုပ်​၊ ရှာအာလ​၊ ယေရမုတ်​၊
30ပါဟတ်မောဘ​သားမြေး​တွင် အာဒန​၊ ခေလာလ​၊ ဗေနာယ​၊ မာသေယ​၊ မတ္တနိ​၊ ဗေဇလေလ​၊ ဗိနွိ​၊ မနာရှေ​၊
31ဟာရိမ်​သားမြေး​တွင် ဧလျေဇာ​၊ ဣရှိယ​၊ မာလခိယ​၊ ရှေမာယ​၊ ရှိမောင်​၊
32ဗင်္ယာမိန်​၊ မလ္လုတ်​၊ ရှေမရိ​၊
33ဟာရှုံ​သားမြေး​တွင် မတ္တနဲ​၊ မတ္တသ​၊ ဇာဗဒ်​၊ ဧလိဖလက်​၊ ယေရမဲ​၊ မနာရှေ​၊ ရှိမိ​၊
34ဗာနိ​သားမြေး​တွင် မာဒဲ​၊ အာမရံ​၊ ဝေလ​၊
35ဗေနာယ​၊ ဗေဒိ​၊ ခေလု​၊
36ဝါနိ​၊ မေရမုတ်​၊ ဧလျာရှိပ်​၊
37မတ္တနိ​၊ မတ္တနဲ​၊ ယာသော​၊
38ဗာနိ​၊ ဗိနွိ​၊ ရှိမိ​၊
39ရှေလမိ​၊ နာသန်​၊ အဒါယ​၊
40မာခနဒေဗဲ​၊ ရှာရှဲ​၊ ရှာရဲ​၊
41အာဇရေလ​၊ ရှေလမိ​၊ ရှေမရိ​၊
42ရှလ္လုံ​၊ အာမရိ​၊ ယောသပ်​၊
43နေဗော​သားမြေး​တွင် ယေယေလ​၊ မတ္တိသိ​၊ ဇာဗဒ်​၊ ဇေဗိန​၊ ယာဒေါ​၊ ယောလ​၊ ဗေနာယ​တို့ ပါ​ကြ​၏​။
44ထို​သူ​အပေါင်း​တို့​သည် တစ်ပါးအမျိုးသား​မိန်းမ​တို့​နှင့်​စုံဖက်​ကြ​သူ​များ​ဖြစ်​ပြီး ထို​မိန်းမ​များ​နှင့် သားသမီး​များ​ပင် ရရှိ​ကြ​ပြီ​။

လက်ရှိရွေးချယ်ထားမှု

ဧဇရမှတ်စာ 10: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ