YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 61

61
မေရှိယ၏မင်္ဂလာနှစ်
1ဘုရားရှင်​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​တည်​တော်မူ​၏​။ အကြောင်းမူကား ဆင်းရဲသား​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရန် ထာဝရဘုရား​သည် ငါ့​ကို​ဘိသိက်ပေး​တော်မူ​ပြီ​။ စိတ်နှလုံး​ကြေကွဲ​သော​သူ​တို့​ကို ဖြေသိမ့်#61:1 တိုက်ရိုက်ပြန်ဆိုလျှင် “ပတ်စည်း”။​ပေး​ရန်​၊ ဖမ်းဆီးချုပ်နှောင်​ခံရ​သူ​တို့​အား လွတ်မြောက်​ခြင်း​တရား​ကို​ဟောပြော​ရန်​၊ အကျဉ်းချ​ခံရ​သော​သူ​တို့​အား လွတ်ငြိမ်း#61:1 တိုက်ရိုက်ပြန်ဆိုလျှင် “ထောင်တံခါးဖွင့်”။​ခြင်း​တရား​ဟောပြော​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။ 2ထာဝရဘုရား​၏​မင်္ဂလာ​နှစ်ကာလ​နှင့် ငါ​တို့​ဘုရားသခင်​၏​လက်စားချေ​ရာ​နေ့​ကို ဟောပြော​ရန်​၊ ငိုကြွေးမြည်တမ်း​သော​သူ​အပေါင်း​တို့​ကို နှစ်သိမ့်​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​၏​။ 3ငိုကြွေးမြည်တမ်း​နေ​သော ဇိအုန်​မြို့သား​တို့​အဖို့ ပြာ​အစား​ခေါင်းပေါင်း​၊ ငိုကြွေးမြည်တမ်း​ခြင်း​အစား ရွှင်မြူး​ခြင်း​ဆီ​၊ ညှိုးငယ်​သော​စိတ်​အစား ချီးမွမ်း​ခြင်း​အဝတ်​ကို စီရင်​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ​။ ဘုန်း​တော်​ထင်ရှား​စေရန် ထာဝရဘုရား​စိုက်ပျိုး​တော်မူ​သော ဖြောင့်မတ်​ခြင်း​ဝက်သစ်ချပင်​ဟု သူ​တို့​ကို ခေါ်ဝေါ်​ကြ​လိမ့်မည်​။ 4သူ​တို့​သည် ရှေး​ပြိုပျက်​ရာ​တို့​ကို ပြန်လည်​တည်ဆောက်​ကြ​လိမ့်မည်​။ ယခင်က လူသူကင်းမဲ့​သော​အရပ်​တို့​ကို ပြန်လည်ထူထောင်​ကြ​လိမ့်မည်​။ မျိုးဆက်အဆက်ဆက်​လူသူကင်းမဲ့​၍ ပြိုပျက်​နေ​သော​မြို့​တို့​ကို ပြုပြင်​ကြ​လိမ့်မည်​။ 5သူစိမ်း​တို့​သည် သင်​တို့​ကို ခစား​၍ သင်​တို့​သိုးစု​များ​ကို ထိန်းကျောင်း​ကြ​လိမ့်မည်​။ တိုင်းတစ်ပါးသား​တို့​သည် သင်​တို့​၏​လယ်လုပ်သား​များ​၊ စပျစ်ခြံလုပ်သား​များ​ဖြစ်​ကြ​လိမ့်မည်​။ 6သင်​တို့​ကို ထာဝရဘုရား​၏​ယဇ်ပုရောဟိတ်​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ ဘုရားသခင်​၏​အမှု​တော်​ဆောင်​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။ သင်​တို့​သည် လူမျိုးခြား​တို့​၏​ဥစ္စာပစ္စည်း​ကို စံစား​ရ​လိမ့်မည်​။ သူ​တို့​၏​ဂုဏ်သရေ​၌ ဝါကြွား​ကြ​လိမ့်မည်​။ 7အရှက်ကွဲ​ခြင်း​အစား ဝေစု​နှစ်ဆ​ပြန်​ရ​မည်​။ သူ​တို့​သည် အသရေပျက်​ခြင်း​အစား သူ​တို့​၏​ဝေစု​ကြောင့် ရွှင်လန်း​စွာ​သီချင်းဆို​ကြ​လိမ့်မည်​။ သူ​တို့​၏​မြေ​၌ ဝေစု​နှစ်ဆ​ပိုင်ဆိုင်​၍ ထာဝရ​ဝမ်းမြောက်​ခြင်း​ရှိ​လိမ့်မည်​။ 8ငါ​ထာဝရဘုရား​သည် တရားမျှတမှု​ကို​နှစ်သက်​၏​။ မတရား​လုယက်မှု​ကို မုန်းတီး​၏​။ ငါ​သည် သစ္စာတရား​နှင့်အညီ သူ​တို့​အား အကျိုးအပြစ်#61:8 “ဆုလာဘ်”သို့မဟုတ် “အဖိုးအခ”။​ကို​ပေး​မည်​။ သူ​တို့​နှင့်​ထာဝရ​ပဋိညာဉ်​ဖွဲ့​မည်​။ 9သူ​တို့​၏​သားစဉ်မြေးဆက်​တို့​သည် လူမျိုးခြား​တို့​တွင် ကျော်ကြား​လိမ့်မည်​။ သူ​တို့​၏​သားမြေး​တို့​သည် လူမျိုးတကာ​တို့​တွင် ကျော်ကြား​လိမ့်မည်​။ သူ​တို့​ကို​မြင်​သော​သူ​အပေါင်း​တို့​သည် ထာဝရဘုရား​ကောင်းချီး​ကို​ခံစား​ရ​သော​အမျိုးအနွယ်​ဟု အသိအမှတ်​ပြု​ကြ​လိမ့်မည်​။ 10ငါ​သည် ထာဝရဘုရား​၌ အလွန်​ဝမ်းမြောက်​မည်​။ ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားသခင်​၌ ရွှင်လန်း​မည်​။ အကြောင်းမူကား သတို့သား​သည် ခေါင်းပေါင်း​ပေါင်း​ထား​သကဲ့သို့​၊ သတို့သမီး​သည် ရတနာ​များ​ဖြင့် ကိုယ်​ကို​တန်ဆာဆင်​ထား​သကဲ့သို့ ကိုယ်တော်​သည် ငါ့​ကို ကယ်တင်​ခြင်း​အဝတ်တန်ဆာ​ဆင်ယင်​ပေး​၍ ဖြောင့်မတ်​ခြင်း​ဝတ်ရုံ​လွှမ်းခြုံ​စေ​တော်မူ​ပြီ​။ 11မြေကြီး​သည် အစို့အညှောက်​ကို​ထွက်​စေ​သကဲ့သို့​၊ ဥယျာဉ်​သည် ကြဲ​ထား​သော​မျိုးစေ့​ကို​ပေါက်​စေ​သကဲ့သို့ ဘုရားရှင်​ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့​ရှေ့​၌ ဖြောင့်မတ်​ခြင်း​၊ ချီးမွမ်း​ခြင်း​ကို ပေါက်​စေ​တော်မူ​မည်​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 61: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။