YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 62

62
ဇိအုန်မြို့ပြန်လည်ထူထောင်ခြင်း
1ငါ​သည် ဇိအုန်​မြို့​အတွက် တိတ်တိတ်နေ​မည်​မ​ဟုတ်​။ ဂျေရုဆလင်​မြို့​၏​ဖြောင့်မတ်​ခြင်း​သည် တောက်ပ​သော​အလင်း​ကဲ့သို့​၊ ကယ်တင်​ခြင်း​သည် ထွန်းတောက်​သော​မီးရှူးတိုင်​ကဲ့သို့ မ​ထွက်ပေါ်​မ​ချင်း ငါ​သည် ငြိမ်​နေ​မည်​မ​ဟုတ်​။ 2လူမျိုးတကာ​တို့​သည် သင်​၏​ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း​၊ ရှင်ဘုရင်​အပေါင်း​တို့​သည် သင်​၏​ဘုန်းအသရေ​ကို​လည်းကောင်း မြင်​ရ​ကြ​လိမ့်မည်​။ ထာဝရဘုရား​၏​နှုတ်​တော်​ထွက်​နာမည်​သစ်​ဖြင့် သင့်​ကို​ခေါ်​ကြ​လိမ့်မည်​။ 3သင်​သည် ထာဝရဘုရား​လက်​တော်​မှ တင့်တယ်​သော​သရဖူ​၊ သင်​၏​ဘုရားသခင်​လက်​တော်​မှ တော်ဝင်​သရဖူ​ဖြစ်​လိမ့်မည်​။ 4သင့်​ကို “​စွန့်ပစ်​ခံရ​သူ​”​ဟု ခေါ်​တော့​မည်​မ​ဟုတ်​။ သင်​၏​မြေ​ကို​လည်း “​လူသူကင်းမဲ့​ရာ​အရပ်​”​ဟု ခေါ်​တော့​မည်​မ​ဟုတ်​။ သင့်​ကို “​ငါ​နှစ်သက်မြတ်နိုးသူ​”​ဟူ၍​လည်းကောင်း​၊ သင်​၏​မြေ​ကို “​လက်ထပ်​ပြီး​သူ​”​ဟူ၍​လည်းကောင်း ခေါ်ဝေါ်​ကြ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင့်​ကို​နှစ်သက်မြတ်နိုး​တော်မူ​၏​။ သင်​၏​မြေ​သည်​လည်း လက်ထပ်​ခွင့်​ရ​လိမ့်မည်​။ 5လူပျို​သည် အပျိုကညာ​နှင့်​လက်ထပ်​သကဲ့သို့ သင်​၏​သား​တို့​သည် သင်​နှင့်​လက်ထပ်​လိမ့်မည်​။ သတို့သား​သည် သတို့သမီး​ကြောင့် ဝမ်းမြောက်ပျော်ရွှင်​ရ​သကဲ့သို့ သင်​၏​ဘုရားသခင်​သည် သင့်​ကြောင့် ဝမ်းမြောက်ပျော်ရွှင်​တော်မူ​လိမ့်မည်​။ 6အို ဂျေရုဆလင်​မြို့​၊ ကင်းစောင့်​တို့​ကို သင်​၏​မြို့ရိုး​များ​ပေါ်တွင် ငါ​ချထား​ပြီ​။ သူ​တို့​သည် နေ့နေ့​ညည တိတ်တိတ်နေ​မည်​မ​ဟုတ်​။ ထာဝရဘုရား​ကို အောက်မေ့​စေ​သော​သူ​တို့​၊ နှုတ်ဆိတ်​မ​နေ​ကြ​နှင့်​။ 7ဂျေရုဆလင်​မြို့​ကို​တည်တံ့​စေ​၍ မြေကြီး​ပေါ်တွင် ချီးမွမ်းစရာ​ဖြစ်စေ​တော်​မ​မူ​မ​ချင်း ကိုယ်တော်​ကို ငြိမ်ငြိမ်​မ​နေ​စေ​နှင့်​။ 8ထာဝရဘုရား​က “​သင်​၏​ကောက်ပဲသီးနှံ​ကို သင်​၏​ရန်သူ​တို့​အား စား​ခွင့်​ပေး​တော့​မည်​မ​ဟုတ်​။ သင်​ကြိုးစား​အားထုတ်​၍​ရရှိ​သော စပျစ်ဝိုင်​အသစ်​ကို​လည်း တိုင်းတစ်ပါးသား​များ သောက်​ရ​တော့​မည်​မ​ဟုတ်​။ 9ရိတ်သိမ်း​သူ​တို့​ကသာ​စား​ရ​၍ ထာဝရဘုရား​ကို​ချီးမွမ်း​ကြ​လိမ့်မည်​။ စုသိမ်း​သူ​တို့​ကသာ စပျစ်ဝိုင်​အသစ်​ကို သန့်ရှင်း​သော​ငါ့​တံတိုင်း#62:9 သို့မဟုတ် “ငါ၏သန့်ရှင်းရာဌာနတော်တံတိုင်း”။​အတွင်း​၌ သောက်​ရ​ကြ​လိမ့်မည်​”​ဟု လက်ယာ​လက်​တော်​၊ တန်ခိုးကြီး​သော​လက်ရုံး​တော်​ဖြင့် ကျိန်ဆို​တော်မူ​ပြီ​။ 10ဖြတ်သွား​ကြ​။ မြို့​တံခါး​ကို ဖြတ်သွား​ကြ​။ လူမျိုးတကာ​တို့​သွား​ရာ​လမ်း​ကို​ပြင်​ကြ​။ ဖို့​ကြ​။ လမ်းမကြီး​ကို​ဖို့​ကြ​။ ကျောက်ခဲ​ကို​ဖယ်​ကြ​။ လူမျိုးတကာ​တို့​အတွက် အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။ 11ထာဝရဘုရား​သည် မြေကြီး​စွန်း​တိုင်အောင် ကြားသိ​စေ​တော်မူ​ပြီ​။ ဇိအုန်​သမီးပျို​အား “​ကြည့်ရှု​လော့​။ သင့်​ကို​ကယ်တင်​သော​အရှင် လာ​နေ​ပြီ​။ ဆုလာဘ်​သည် ကိုယ်တော်​နှင့်အတူ​ရှိ​၏​။ အဖိုးအခ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌​ရှိ​၏​”#ဟေရှာ 40:10၊ ဗျာ 22:12။​ဟု ပြောကြား​လော့​။ 12သူ​တို့​ကို “​ထာဝရဘုရား​ရွေးနုတ်​တော်မူ​သည့် သန့်ရှင်း​သော​လူမျိုး​”​ဟု ခေါ်​ကြ​လိမ့်မည်​။ သင့်​ကို “​စွန့်ပစ်​မ​ခံရ​ဘဲ ပြန်ရှာ​ထား​သော​မြို့​”​ဟု ခေါ်​ကြ​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 62: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ