YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 38

38
ဟေဇကိမင်းကြီးနာမကျန်းဖြစ်ခြင်းနှင့်ပြန်လည်ကျန်းမာလာခြင်း
1ထို​ကာလ​၌ ဟေဇကိ​မင်းကြီး​သည် သေလုနီးပါး​နာမကျန်း​ဖြစ်​လေ​၏​။ အာမုတ်​၏​သား ပရောဖက်​ဟေရှာယ​သည် သူ့​ထံသို့​လာ​၍ “​သင်​သေ​ရ​မည်​။ သင်​အသက်ရှင်​ရ​တော့​မည်#38:1 သို့မဟုတ် “သင်အသက်ရှင်မည်”။​မ​ဟုတ်​သောကြောင့် သင့်​နန်းတွင်းရေး​ရာ​တို့​ကို စီမံ​ခဲ့​လော့​ဟူ၍ ထာဝရဘုရား မိန့်​တော်မူ​သည်​”​ဟု လျှောက်​လေ​၏​။
2ထိုအခါ ဟေဇကိ​မင်းကြီး​သည် နံရံ​ဘက်​သို့ မျက်နှာ​လှည့်​၍ 3“​အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့ သစ္စာရှိရှိ​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည်​ကို​လည်းကောင်း​၊ ရှေ့​တော်​၌ ကောင်း​သော​အမှု ပြု​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ ဆုတောင်း​ပြီး အော်ဟစ်ငိုကြွေး​လေ​၏​။
4တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဟေရှာယ​ထံသို့​ရောက်လာ​သည်​မှာ 5“​သင်​သည် ဟေဇကိ​မင်းကြီး​ထံသို့​သွား​၍ သင့်​ဘိုးဘေး​ဒါဝိဒ်​မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​က ‘​သင်​၏​ဆုတောင်း​သံ​ကို ငါ​ကြား​ပြီ​။ သင်​၏​မျက်ရည်​ကို​လည်း ငါ​မြင်​ပြီ​။ ကြည့်ရှု​လော့​။ ငါ​သည် သင့်​အား တစ်ဆယ့်​ငါး​နှစ် ထပ်၍​အသက်ရှင်​စေ​မည်​။ 6သင်​နှင့်​ဤ​မြို့​ကို အဆီးရီးယား​ဘုရင်​လက်​မှ ငါ​ကယ်တင်​မည်​။ ဤ​မြို့​ကို ငါ​ကာကွယ်​မည်​။ 7ထာဝရဘုရား​သည် မိန့်​တော်မူ​သည့်​အတိုင်း ပြု​မည်​ဖြစ်ကြောင်း သင့်​အား ထာဝရဘုရား​ပေး​တော်မူ​သော​နိမိတ်လက္ခဏာ​ကား ဤသို့​ဖြစ်​၏​။ 8ကြည့်ရှု​လော့​။ နေ​ရွေ့​သည်​နှင့်အမျှ​လိုက်​ရွေ့သွား​သော အာခတ်​မင်းကြီး​၏​လှေကားထစ်​များ​ပေါ်မှ အချိန်တိုင်း​အရိပ်​ကို အနောက်​သို့​ဆယ်​ထစ် ငါ​ပြန်ဆုတ်​စေ​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ပြောကြား​လော့​။ ထို့ကြောင့် လှေကားထစ်​ပေါ်မှ ရွေ့သွား​ပြီး​သည့်​နေ​၏​အရိပ်​သည် နောက်သို့​ဆယ်​ထစ်​ပြန်ဆုတ်​လေ​၏​။
9ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​သည် နာမကျန်း​ဖြစ်​ပြီးမှ ပြန်လည်​ကျန်းမာ​လာ​သောအခါ သူ​ရေး​ထား​သည့်​စာ​ဟူမူကား 10“​ငါ​သည် အရွယ်ကောင်း​ချိန်#38:10 သို့မဟုတ် “တိတ်ဆိတ်ငြိမ်သက်ချိန်”။​တွင်ပင် မရဏာနိုင်ငံ​တံခါး​ရှိ​ရာ​သို့ သွား​ရ​တော့​မည်​။ ကြွင်းကျန်​သော ငါ​၏​နှစ်လ​များ​ကို ငါ​ဆုံးရှုံး​လိုက်​ရ​လေ​ပြီ​။ 11သက်ရှိ​ကမ္ဘာမြေ​၌ ထာဝရဘုရားရှင်​ကို ငါ​ဖူးမြင်​ရ​တော့​မည်​မ​ဟုတ်​။ ကမ္ဘာလောက​၌​နေထိုင်​သော လူသား​တို့​ကို တွေ့မြင်​ရ​တော့​မည်​မ​ဟုတ်​။ 12ငါ့​အိမ်​ကို သိုးထိန်း​တဲ​ကဲ့သို့ ဆွဲထုတ်​၍ ငါ့​ထံမှ​ဖယ်ရှား​လေ​ပြီ​။ ရက်ကန်း​သည် အဝတ်​လိပ်​သကဲ့သို့ ငါ့​အသက်​ကို ငါ​လိပ်​ရ​လေ​ပြီ​။ ရက်ကန်းစင်​မှ​ချည်​ကို​ဖြတ်​သကဲ့သို့ ကိုယ်တော်​သည် ငါ့​ကို ဖြတ်​တော်မူ​ပြီ​။ နေ့ချင်းညချင်း ငါ့​ကို အဆုံးသတ်​တော်မူ​ပြီ​။ 13ငါ့​အရိုး​ရှိသမျှ​တို့​ကို ခြင်္သေ့​ကဲ့သို့​ချိုး​တော်မူ​သည်​ဖြစ်၍ နံနက်​တိုင်အောင် ငါ​အော်ဟစ်​ရ​ပြီ​။ ကိုယ်တော်​သည် နေ့ချင်းညချင်း ငါ့​ကို​အဆုံးသတ်​တော်မူ​ပြီ​။ 14ကြိုးကြာ​ကဲ့သို့​၊ ပျံလွှား​ကဲ့သို့ ငါ​အော်မြည်​ရ​၏​။ ချိုးငှက်​ကဲ့သို့ ငါ​ညည်းတွား​ရ​၏​။ အထက်ကောင်းကင်​သို့ မျှော်ကြည့်​ရ​သဖြင့် ငါ့​မျက်စိ​သည် အားနည်း​ပါ​ပြီ​။ အို ဘုရားရှင်​၊ အကျွန်ုပ်​သည် ဝေဒနာ​ခံစား​ရ​သဖြင့် အကျွန်ုပ်​ကို ကယ်မ​တော်မူ​ပါ​။ 15ငါ​ဘာများ​ပြောဆို​နိုင်​မည်နည်း​။ ကိုယ်တော်​သည် ငါ့​ကို​မိန့်​တော်မူ​သည့်​အတိုင်း ပြု​တော်မူ​ပြီ​။ စိတ်​ဒုက္ခဝေဒနာ​ကို ငါ​ခံစား​ခဲ့​ရ​သည်​ဖြစ်၍ ငါ့​အသက်တာ​တစ်လျှောက်လုံး သတိရှိရှိ​လျှောက်လှမ်း​ပါ​မည်​။ 16အို ဘုရားရှင်​၊ ထိုသို့​သော​အားဖြင့် လူ​တို့​အသက်ရှင်​ကြ​ပါ​၏​။ အကျွန်ုပ်​၏​အသက်​ဝိညာဉ်​သည်​လည်း ထို​အရာ​အားလုံး​ထဲ၌ တည်​ပါ​၏​။ အကျွန်ုပ်​ကို​ပြန်လည်​ကျန်းမာ​စေ​၍ အသက်ရှင်​စေ​တော်မူ​ပါ​ပြီ​။ 17ကြည့်ရှု​လော့​။ အကျွန်ုပ်​ခံစား​ရ​သော​ဒုက္ခဝေဒနာ​သည် အကျွန်ုပ်​ကောင်း​ဖို့​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ပျက်စီး​ခြင်း​တွင်း​ထဲမှ နုတ်ယူ​တော်မူ​ပြီ​။ အကျွန်ုပ်​၏​အပြစ်​ရှိသမျှ​တို့​ကို နောက်​တော်​သို့ ပစ်လိုက်​တော်မူ​ပြီ​။ 18မရဏာနိုင်ငံ​သည် ကိုယ်တော်​၏​ကျေးဇူး​တော်​ကို မ​ချီးမွမ်း​နိုင်​ပါ​။ သေ​ခြင်း​သည် ကိုယ်တော်​၏​ဂုဏ်တော်​ကို မ​ချီးမွမ်း​နိုင်​ပါ​။ တွင်း​ထဲသို့​ဆင်းသွား​သော​သူ​တို့​သည် ကိုယ်တော်​၏​သစ္စာ​တော်​ကို မ​မျှော်လင့်​နိုင်​ကြ​ပါ​။ 19ယနေ့ ကိုယ်တော်​၏​ကျေးဇူး​တော်​ကို အကျွန်ုပ်​ချီးမွမ်း​သကဲ့သို့ အသက်ရှင်​သော​သူ​သာလျှင် ပြု​နိုင်​ပါ​၏​။ ဖခင်​သည် သားသမီး​တို့​အား ကိုယ်တော်​၏​သစ္စာ​တော်​ကို သိ​စေ​ပါ​၏​။ 20ထာဝရဘုရား​သည် ငါ့​ကို​ကယ်တင်​တော်မူ​မည်​။ ငါ​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​၏​အိမ်​တော်​တွင် ကြိုးတပ်​တူရိယာ​များ​ကို​တီးခတ်​ကြ​ပါ​မည်​ဟု ငါ​ဆို​၏​”​ဟူ၍ ဖြစ်​၏​။
21ဟေရှာယ​က​လည်း “​သဖန်းပျဉ်​ကို​ယူ​၍ အနာစိမ်း​ကို​အုံပေး​ကြ​ပါ​။ မင်းကြီး ပြန်ကောင်း​လာ​လိမ့်မည်​”​ဟု ဆို​၏​။ 22ဟေဇကိ​မင်းကြီး​က​လည်း “​ထာဝရဘုရား​၏​အိမ်​တော်​သို့ အကျွန်ုပ်​တက်သွား​ရ​မည့် နိမိတ်လက္ခဏာ​ကား အဘယ်နည်း​”​ဟု မေး​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 38: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ