YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 39

39
ဟေဇကိမင်းကြီး၏ဆင်ခြင်ဉာဏ်ကင်းမဲ့မှု
1ထိုအခါ ဟေဇကိ​မင်းကြီး ဖျားနာ​ရာ​မှ ပြန်လည်​ကျန်းမာ​လာ​ပြီ​ဖြစ်ကြောင်း ဗာလဒန်​၏​သား ဘေဘီလုံ​ဘုရင်​မေရောဒဗာလဒန်​မင်းကြီး ကြားသိ​သောအခါ ဟေဇကိ​မင်းကြီး​ထံသို့ စာလွှာ​နှင့်​လက်ဆောင်​တို့​ကို ပေးပို့​၏​။ 2ဟေဇကိ​မင်းကြီး​သည် သူ​တို့​ကို ဝမ်းမြောက်ဝမ်းသာ​ကြိုဆို​၍ မိမိ​ဘဏ္ဍာတိုက်​ထဲမှ ရွှေ​ငွေ​၊ အမွှေးနံ့သာ​၊ အဖိုးတန်​ဆီ​မှစ၍ လက်နက်​တိုက်​အားလုံး​နှင့် တွေ့​သမျှ​အဖိုးတန်ရတနာ​တို့​ကို သူ​တို့​အား ပြ​လေ​၏​။ နန်းတွင်း​နှင့် နိုင်ငံ​တစ်ဝန်းလုံး​တွင် ထို​သူ​တို့​အား ဟေဇကိ​မင်းကြီး မ​ပြပေး​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​။
3ထိုအခါ ပရောဖက်​ဟေရှာယ​သည် ဟေဇကိ​မင်းကြီး​ထံသို့​လာ​ပြီး “​ထို​သူ​တို့​သည် မည်သည့်​အကြောင်း​ကို ပြောဆို​ကြ​သနည်း​။ မည်သည့်​အရပ်​မှ လာ​ကြ​သနည်း​”​ဟု မေး​လျှင် ဟေဇကိ​မင်းကြီး​က “​သူ​တို့​သည် ဝေးလံ​သော​အရပ် ဘေဘီလုံ​မြို့​မှ လာ​ကြ​ပါ​၏​”​ဟု ဆို​လေ​၏​။
4ဟေရှာယ​က “​နန်းတော်​တွင် မည်သည့်​အရာ​ကို မြင်​ကြ​ပြီနည်း​”​ဟု မေး​လျှင် ဟေဇကိ​မင်းကြီး​က “​နန်းတော်​၌​ရှိသမျှ​တို့​ကို သူ​တို့​မြင်​ကြ​ပြီ​။ ဥစ္စာဘဏ္ဍာ​များ​ထဲမှ သူ​တို့​အား ငါ​မ​ပြ​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​”​ဟု ပြန်ဖြေ​၏​။
5ထိုအခါ ဟေရှာယ​က ဟေဇကိ​မင်းကြီး​အား “​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​ကို နားထောင်​လော့​။ 6‘ကြည့်ရှု​လော့​။ သင်​၏​နန်းတော်​ထဲ​ရှိ​အရာ​အားလုံး​၊ သင်​၏​ဘိုးဘေး​တို့​စုဆောင်း​ထား​၍ ယနေ့​တိုင်အောင်​ရှိ​နေ​သည့်​အရာ​အားလုံး​တို့​ကို ဘေဘီလုံ​မြို့​သို့ ယူဆောင်​သွား​မည့်​နေ့ ရောက်လာ​လိမ့်မည်​။ တစ်စုံတစ်ခု​မျှ​ကြွင်းကျန်​လိမ့်မည်​မ​ဟုတ်’​ဟု ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။ 7သင်​မှ​ဆင်းသက်​၍ သင်​ရ​သော​သားသမီး​အချို့​တို့​ကို​လည်း ဖမ်းဆီး​သွား​လိမ့်မည်​။ သူ​တို့​သည် ဘေဘီလုံ​ဘုရင်​၏​နန်းတော်​၌ မိန်းမစိုး​များ​ဖြစ်​ရ​ကြ​လိမ့်မည်​”​ဟု ဆင့်ဆို​လေ​၏​။
8ဟေဇကိ​မင်းကြီး​က “​အကယ်စင်စစ် ငါ့​လက်ထက်​၌ ငြိမ်းချမ်း​လုံခြုံ​မည်​ဆို​လျှင် ရ​ပါ​ပြီ​”​ဟု တွေး​၍ ဟေရှာယ​အား “​သင်​ဆင့်ဆို​သော ထာဝရဘုရား​၏​စကား​တော်​သည် ကောင်း​ပါ​၏​”​ဟု မိန့်ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 39: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ