YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေအနာဂတ္တိကျမ်း 6

6
နောင်တရရန်ခေါ်ယူခြင်း
1လာ​ကြ​၊ ထာဝရဘုရား​ထံ ပြန်လှည့်​ကြ​စို့​။ ကိုယ်တော်​သည် ငါ​တို့​ကို အပိုင်းပိုင်း​ဆွဲဖဲ့​သော်လည်း ပြန်လည်​ကုသ​ပေး​တော်မူ​မည်​။ ဒဏ်ရာ​ရ​စေ​သော်လည်း အနာ​ကို​ပတ်စည်း​ပေး​တော်မူ​မည်​။ 2နှစ်​ရက်​လွန်​ပြီးနောက် ငါ​တို့​ကို ပြန်လည်​ရှင်သန်​စေ​တော်မူ​မည်​။ သုံး​ရက်​မြောက်​သော​နေ့​တွင် ငါ​တို့​ကို ပြန်လည်​ထမြောက်​စေ​တော်မူ​မည်​ဖြစ်၍ ငါ​တို့​သည်​လည်း ကိုယ်တော့်​ရှေ့​တော်​တွင် အသက်ရှင်​ခွင့်​ရ​ကြ​လိမ့်မည်​။ 3ထာဝရဘုရား​အား သိကျွမ်း​ဖို့ ကြိုးစားအားထုတ်​ကြ​ကုန်စို့​။ ကိုယ်တော်​သည် အရုဏ်ဦး​အလင်း​ကဲ့သို့ ထွက်ပေါ်​လာ​မည်​။ မြေ​ပေါ်သို့​ရွာချ​သော မိုးဦး​၊ မိုးနှောင်း​ကဲ့သို့ ရောက်လာ​မည်​။
ပထမအကြိမ် ထာဝရဘုရားမြည်တမ်းခြင်း
4“အို ဧဖရိမ်​၊ သင့်​ကို ငါ​မည်သို့​ပြု​ရ​မည်နည်း​။ အို ယုဒ​၊ သင့်​ကို ငါ​မည်သို့​ပြု​ရ​မည်နည်း​။ သင်​တို့​၏​မေတ္တာ​သည် နံနက်အချိန်​၌​ကျ​သော​မြူခိုး​ကဲ့သို့​၊ စောစော​ပြယ်လွင့်​သွား​သော​နှင်း​ကဲ့သို့ ဖြစ်​ပါ​သည်​တကား​။ 5ထို့ကြောင့် သူ​တို့​ကို ပရောဖက်​များ​အားဖြင့် ချိုင်​ပစ်​ပြီ​။ ငါ့​နှုတ်ထွက်​စကား​များ​အားဖြင့် ကွပ်မျက်​ပစ်​ပြီ​။ ငါ​၏​စီရင်ချက်​တို့​သည် နေ့​အလင်း​ကဲ့သို့ ထွန်းလင်း​တောက်ပ​၏​။ 6အကြောင်းမူကား ငါ​သည် ယဇ်ပူဇော်​ခြင်း​ထက် မေတ္တာကရုဏာ​ကို နှစ်သက်​၏​။ မီးရှို့ရာယဇ်​ထက် ဘုရားသခင်​နှင့်​သိကျွမ်း​ခြင်း​ကို နှစ်သက်​၏​။#မ 9:13၊ 12:7။ 7သို့သော် သူ​တို့​သည် အာဒံ​ကဲ့သို့ပင် ပဋိညာဉ်​ကို​ချိုးဖောက်​ပြီး ထို​အရပ်​တွင် ငါ့​ကို သစ္စာဖောက်​ကြ​ပြီ​။ 8ဂိလဒ်​မြို့​သည် ဒုစရိုက်သမား​တို့​၏​မြို့ ဖြစ်​၏​။ သွေးစွန်း​သော​ခြေရာ​များ​နှင့် ပြည့်​နေ​၏​။ 9လူ​ကို​ချောင်းမြောင်းတိုက်ခိုက်​သော​ဓားပြ​ကဲ့သို့ ယဇ်ပုရောဟိတ်​အုပ်စု​သည် ရှေခင်​မြို့​လမ်း​တွင် လူ​ကို​သတ်​၏​။ သူ​တို့​သည် ရှက်ဖွယ်​အမှု​ကို ပြု​ကြ​၏​။ 10အစ္စရေး​အမျိုးအနွယ်​၌ ကြောက်မက်​ဖွယ်​သော​အမှု​ကို ငါ​မြင်​ရ​ပြီ​။ ဧဖရိမ်​သည် ပြည့်တန်ဆာ​လုပ်​လေ​ပြီ​။ အစ္စရေး​သည် ကိုယ်​ကို​ညစ်ညူး​စေ​လေ​ပြီ​။ 11ထိုမှတစ်ပါး အို ယုဒ​၊ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ငါ့​လူမျိုး​တော်​ကို ပြန်ခေါ်​လာ​သောအခါ သင့်​အဖို့ ရိတ်သိမ်း​ချိန်​ကို သတ်မှတ်​ထား​ပြီး​ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

ဟောရှေအနာဂတ္တိကျမ်း 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ