YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေအနာဂတ္တိကျမ်း 5

5
1ယဇ်ပုရောဟိတ်​တို့​၊ နားထောင်​ကြ​။ အစ္စရေး​အမျိုးအနွယ်​တို့​၊ အာရုံစိုက်​ကြ​။ နန်းတွင်းသား​တို့​၊ စူးစိုက်​နားထောင်​ကြ​။ သင်​တို့​သည် တရားစီရင်​ခြင်း​ကို​ခံရ​ကြ​မည်​။ သင်​တို့​သည် မိဇပါ​မြို့​မှ ထောင်ချောက်​၊ တာဗော်​တောင်​ပေါ်မှ ဖြန့်​ထား​သော​ပိုက်ကွန် ဖြစ်​၏​။ 2ဖောက်ပြန်​လမ်းလွဲ​သော​သူ​တို့​သည် အကြီးအကျယ်​သတ်ဖြတ်​နေ​ကြ​၏​။ ငါ​သည် ထို​သူ​အားလုံး​ကို အပြစ်ဒဏ်​ပေး​မည်​။ 3ဧဖရိမ်​ကို ငါ​သိ​၏​။ အစ္စရေး​သည်​လည်း ငါ့​ကို​ပုန်းရှောင်​၍ မ​ရ​။ အို ဧဖရိမ်​၊ သင်​သည် ဖောက်ပြန်မှားယွင်း​လေ​ပြီ​။ အစ္စရေး​သည် ညစ်ညူး​လေ​ပြီ​။ 4သူ​တို့​၏​လုပ်ရပ်​များ​က သူ​တို့​အား ဘုရားသခင်​ထံသို့ ပြန်လာ​ရန် အခွင့်​မ​ပေး​။ သူ​တို့​၌ ပြည့်တန်ဆာ​လုပ်​လို​စိတ်​ရှိ​သောကြောင့် ထာဝရဘုရား​ကို​လည်း မ​သိ​ကြ​တော့​ပေ​။ 5အစ္စရေး​၏​မာန​သည် သူ​တို့​မည်သို့​သော​သူ​ဖြစ်ကြောင်း​ကို သက်သေပြ​လေ​ပြီ​။ အစ္စရေး​နှင့် ဧဖရိမ်​တို့​သည် ဒုစရိုက်​ခလုတ်တိုက်​၍ လဲကျ​ကြ​လိမ့်မည်​။ ယုဒ​သည်​လည်း သူ​တို့​နှင့်အတူ ခလုတ်တိုက်​လဲကျ​လိမ့်မည်​။ 6ထာဝရဘုရား​သည် သူ​တို့​ကို စွန့်ခွာ​တော်မူ​ပြီ​ဖြစ်၍ သိုးအုပ်​၊ နွားအုပ်​တို့​ဖြင့် ထာဝရဘုရား​ကို သွား​၍​ရှာဖွေ​ကြ​သော်လည်း သူ​တို့ တွေ့​ကြ​ရ​မည်​မ​ဟုတ်​။ 7သူ​တို့​သည် ထာဝရဘုရား​အပေါ် သစ္စာမဲ့​၍ တရားမဝင်​သားသမီး​များ​ကို မွေး​ကြ​ပြီ​။ ထို့ကြောင့် လဆန်း​နေ့​တွင် သူ​တို့​နှင့်အတူ သူ​တို့​၏​အမွေမြေ​သည်​လည်း ဝါးမျို​ခြင်း​ခံရ​လိမ့်မည်​။ 8ဂိဗာ​မြို့​၌ သိုးချို​မှုတ်​ကြ​လော့​။ ရာမ​မြို့​၌ တံပိုးခရာ​မှုတ်​ကြ​လော့​။ ဗေသဝင်​မြို့​၌ တပ်လှန့်​အချက်ပေး​ကြ​လော့​။ ‘အို ဗင်္ယာမိန်​၊ အနောက်​သို့​လှည့်ကြည့်​လော့​။’ 9ပြစ်ဒဏ်​ခံရ​သော​နေ့​တွင် ဧဖရိမ်​သည် ပျက်စီး​ခြင်း​သို့ ရောက်​လိမ့်မည်​။ အစ္စရေး​အမျိုးအနွယ်​ထဲတွင် အမှန်​ဖြစ်လာ​မည့်​အရာ​ကို ငါ​ဖော်ပြ​၏​။ 10ယုဒ​အကြီးအကဲ​တို့​သည် နယ်နိမိတ်​မှတ်တိုင်​ကို​ရွှေ့ပစ်​သူ​များ​နှင့်​တူ​၏​။ ထို့ကြောင့် ရေ​ကို​သွန်ချ​သကဲ့သို့ သူ​တို့​အပေါ်​ငါ့​အမျက်​ကို သွန်ချ​မည်​။ 11ဧဖရိမ်​သည် ရုပ်တု#5:11 သို့မဟုတ် “အချည်းနှီး” သို့မဟုတ် “နွားချီး” သို့မဟုတ် “လူ၏ပညတ်ချက်”။​နောက်သို့ ကောက်ကောက်​ပါ​အောင်​လိုက်​သောကြောင့် နှိပ်စက်​ခြင်း​ကို​ခံရ​၍ တရားစီရင်​ခြင်း​ကြောင့် ကျိုးပဲ့ကြေမွ​လေ​ပြီ​။ 12ငါ​သည် ဧဖရိမ်​အတွက် ပိုးကောင်​ကဲ့သို့​၊ ယုဒ​အမျိုးအနွယ်​အတွက် ဆွေးမြည့်​စေ​သော​အရာ​ကဲ့သို့ ဖြစ်​၏​။ 13ဧဖရိမ်​သည် မိမိ​ရောဂါ​ကို မြင်​၍ ယုဒ​သည်​လည်း မိမိ​ဒဏ်ရာ​ကို မြင်​သောအခါ ဧဖရိမ်​သည် အဆီးရီးယား​သို့ သွား​၏​။ ယာရက်​မင်းကြီး​ထံသို့ လူ​လွှတ်​၏​။ သို့သော် ထို​ဘုရင်​သည် သင်​တို့​ကို မ​ကျန်းမာ​စေ​နိုင်​၊ မ​ကုသ​ပေး​နိုင်​။ 14ငါ​သည် ဧဖရိမ်​အဖို့ ခြင်္သေ့​ကြီး​ကဲ့သို့​လည်းကောင်း​၊ ယုဒ​အမျိုးအနွယ်​အဖို့ ခြင်္သေ့ပျို​ကဲ့သို့​လည်းကောင်း ဖြစ်​၏​။ ငါ​ကိုယ်တော်တိုင် သူ​တို့​ကို ကိုက်ဖြဲ​ပြီး ချီယူ​သွား​မည်​။ သူ​တို့​ကို မည်သူ​မျှ ကယ်တင်​နိုင်​မည်​မ​ဟုတ်​။ 15သူ​တို့​သည် ကိုယ့်​အပြစ်​ကို​မ​ဝန်ခံ​မ​ချင်း​၊ ငါ့​မျက်နှာ​ကို​မ​ရှာ​မ​ချင်း စံမြန်း​ရာ​သို့ ငါ​ပြန်သွား​နေ​မည်​။ သူ​တို့​သည် ဆင်းရဲဒုက္ခ​ရောက်​သောအခါ ငါ့​ကို ကြိုးစားရှာ​ကြ​လိမ့်မည်​။”

လက်ရှိရွေးချယ်ထားမှု

ဟောရှေအနာဂတ္တိကျမ်း 5: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။